အမေရိကန် ၊ ကယ်လီဖိုးနီးယားပြည်နယ် ၊ Irvine ၊ အခြေစိုက်ဖြစ်သည့် Alpha Motor Corporation မှ သေးငယ်လှပသည့် EV Coupe အမျိုးအစား – Ace Electric Coupe ကို မိတ်ဆက်လိုက်ပါသည်။ ၎င်းသည် နောက်ဘီးယက် စနစ်သုံး Model ဖြစ်ပြီး 2-Seater အနေဖြင့် အဓိက ဖန်တီးထားကာ Compact Rear Seat ကို Storage အတွက်သာ စီစဉ်ထားပါသည်။ Ace EV Coupe သည် အလေးချိန် ( ပေါင် ၃၆၀၀ ) ခန့်ရှိပြီး ( ၁၆၅ လက်မ ) အရှည်ရှိကာ Cargo Space သည် ( 14.0 Cubic Feet ) ရှိပါသည်။ Coupe Model ဖြစ်သော်လည်း အလွန်ကောင်းမွန် သည့် Electric Powertrain ပါရှိကာ ( 250 miles of Driving Range ) အထိ အသုံးပြုနိုင်ပြီး Performance အနေဖြင့် ( 0 to 60 mph ) အား ( 6.0 Seconds ) ဖြင့် အမြန်ဆုံး ရောက်နိုင် ပါသည်။ Alpha Motor သည် ယခု ( Ace ) Project အပြင် ( Icon ) အမည်ရသည့် Utility Vehicle Project လည်းရှိပြီး ( Icon ) ၏ Platform ဖြင့် ယခု Ace ကို ဖန်တီးခြင်းဖြစ်သည်။ Icon အား (EUV) အနေဖြင့် ( 2021 ) တွင် မိတ်ဆက်မည်ဟု Alpha Motor မှ ပြောကြားပါသည်။ Alpha Motor အနေဖြင့် EV Variant အသစ်အချို့အား လာမည့်လ အနည်းငယ်အတွင်း ထပ်မံ မိတ်ဆက်ရန် စီစဉ်ထားပါသည်။ ယခု မိတ်ဆက်သည့် Ace EV Coupe အား 2023 ခန့်မှသာ စတင်ရောင်းချနိုင်မည်ဖြစ်ပြီး မြို့တွင်းသုံး ကားငယ်အနေဖြင့် အဓိကရည်ရွယ်ထုတ်လုပ်ခြင်း ဖြစ်သည်။ Ace EV တွင် ရှေးဆန်သည့် Retro Style နှင့် ကျစ်လစ်သည့် အခင်းအကျင်းတို့ ပေါင်းစပ်ပါဝင်မည်။ Alpha Motor အနေဖြင့် Ace EV Coupe အား Honda E နှင့် Volkswagen EV Model တို့ကို ယှဉ်ပြိုင်နိုင်ရန် ရည်မှန်းထားပါသည်။