2021 Acura TLX သည် Honda မှ နောက်ဆုံးပေါ်အနေဖြင့် ဖန်တီးထားသည့် ( New 3 Chamber Front Passenger Airbag) ကို ပထမဆုံး ထည့်သွင်းထားသည့် Model ဖြစ်ပြီး ၎င်းအား အကောင်းဆုံးနှင့် ပြည့်စုံမှုအရှိဆုံး Safety အဆင့်သို့ ရည်ရွယ်ကာ ဖန်တီးခြင်းဖြစ်သည်။ အဆိုပါ လေအိတ်စနစ်အား အမေရိကန် Ohio ရှိ Honda ၏ R and D Center မှ ဖန်တီးခြင်းဖြစ်ပြီး ယာဉ်တိုက်မှုကြောင့် ခံစားရသည့် ဦးခေါင်းပိုင်း ထိခိုက်မှုကို အဓိကကာကွယ်ရန် ဒီဇိုင်းထုတ်ထား ပါသည်။ ၎င်းအား Autoliv မှ Supply လုပ်ထားဖြစ်ကာ 1991 ထုတ် Acura Legend တွင် (ထောင့်မှန်ကျကျ ပွင့်ထွက်သည့် Passenger Airbag) အား ပထမဆုံး တပ်ဆင်ခဲ့သည့် Supplier လည်းဖြစ်သည်။ Honda သည် ယခု Airbag စနစ်အသစ်အပြင် အခြားအဆင့်မြင့် နည်းပညာသုံး Safety Features များစွာကိုလည်း 2021 TLX တွင်ထည့်သွင်းထားပြီး Acura Watch Suite ၊ ပေါင်းစပ်မှုတို့အပြင် ကား၏ Body Structure ကိုအလွန်ခိုင်ခန့်သည့် အနေအထားဖြင့် ဖန်တီးထား ပါသည်။ 2021 Acura TLX တွင် အင်ဂျင်အနေဖြင့် ( 2.0 L Turbo I4 Engine ) ၊ ( 272 hp ) အင်ဂျင်ကို Standard ထည့်သွင်းထားပြီး ( 3.0 L Turbo V6 Engine ) ၊ ကို Optional မှာယူနိုင် ပါသည်။ နာမည်ကျော် ( 10-Speed Autogear) ကို တွဲဖက်တပ်ဆင်ထားပါသည်။ Type S နှင့် A Spec Package များတွင် Suspension Setup စနစ်အသစ်ကို ထည့်သွင်းထားမည်ဖြစ်ကာ အဆိုပါ စနစ်သည် မည်သည့် အခြေအနေတွင်မဆို ယာဉ်၏ တည်ငြိမ်မှုကို Maintain လုပ်ပေးမည့် စနစ်ဖြစ် ပါသည်။

08 Jul 2020
0