Honda သည် နာမည်ကျော် JAZZ ၏ Successor အနေဖြင့် ဖန်တီးသည့် Sub-4m SUV ဖြစ်သည့် Honda WRV အား ADAS ကဲ့သို့ Advanced Tech များပေါင်းစပ်ပြီး New WRV Model ကို India တွင်မိတ် ဆက်လိုက်ပါသည်။ 2023 Honda WR – V SUV အား SUV RS Concept တွင်အခြေခံကာ ဖန်တီးခြင်းဖြစ်ပြီး အင်ဒိုနီးရှားတွင် ပထမဆုံး မိတ်ဆက်ခဲ့ပါသည်။ 2023 Honda  WR – V သည် India Market ရှိ Perodua Ativa ၊ Daihatsu Rocky ၊ Toyota Raize ၊ တို့နှင့် ပြိုင်ဖက် Model ဖြစ်ပါမည်။ Honda သည် WR – VSVV ၏ Design  Work အားသေချာစွာ ဖန်တီးထားသည့်အတွက် ကား၏ အပြင်ဒီဇိုင်းသည် အလွန်လှပသည့် ပုံစံရှိပါသည်။ Honda Logo ထင်ရှားစွာ ပါဝင်သည့် Chrome Studded Grille တွင် LED Reflector – Type DRL Hood light ကိုပေါင်းစပ်ထားမည် ဖြစ်သည်။

၎င်းနှင့်အတူ Aerodynamic ပုံစံရှိသည့် Body Design ၊ 18 – inch Alloy တို့နှင့်အတူ LED Taillight ပေါင်းစပ်ထားသည့် အနောက်ဖုံး Design တို့အား လိုက်ဖက်ညီစွာ တွဲဖက်ထားပါသည်။ ကား၏ အတွင်းခန်းကိုလည်း Honda ၏ ထုံးစံအတိုင်း ရှင်းလင်းပြီး သပ်ရပ်စွာ ခင်းကျင်းထားကာ ခေတ်မှီပါဝင်မှုများ အနေဖြင့် – 4.2 – inch MID Instrument ၊ Automatic Climate Control ၊ Part Leather Seat ၊ စသည့် Features များကို ထည့်သွင်း ပေးထားပါသည်။ 2023 Honda WR – V သည် Honda HR – V ထက်အရွယ်ငယ်ပါသည်။ WR – V တွင် Honda ၏နာမည်ကျော် Safety Suite ဖြစ်သည့် ADAS ကိုရရှိနိုင်မည်ဖြစ်ကာ ၎င်းတွင် – Collision Mitigation Braking Adaptive Cruise Control Lane Watch 6 Airbags စသည့် Features များစွာ ပါဝင်ပါမည်။ အင်ဂျင် အနေဖြင့် – 1.5 l Petrol Engine ၊ နှင့် CVT Gearbox တို့တွဲဖက်ထားပါသည်။

#DriveMediaMyanmar