Unicode Version…
Automotive Industry တွေဖွံ့ဖြိုးတိုးတက်နေပြီဖြစ်တဲ့ နိုင်ငံတွေမှာ နှစ်စဉ်နှစ်တိုင်း မော်တော်ယာဉ်နဲ့ပတ် သက်တဲ့ Motor Show တွေပြုလုပ်ပြီး သူတို့ရဲ့အဆင့်အတန်းကိုဖော်ထုတ်ပြသလေ့ရှိကြပါတယ်။ ဒီလိုပြု လုပ်တဲ့အခါမှာလည်း လာရောက်ကြည့်ရှုသူတွေသက်သောင့်သက်သာရှိစေပြီး ကားသစ်တွေကိုပိုပြီး Highlight လုပ်အလှဆင်ပေးနိုင်တဲ့ မိုးလုံလေလုံအဆင့်မြင့် Indoor Exhibition တွေမှာကျင်းပပြုလုပ်လေ့ရှိပါတယ်။ အတွေ့အကြုံအရဆိုရရင် အာဆီယံဒေသရဲ့အကြီးဆုံးနဲ့အကောင်းဆုံး Motor Show တစ်ခုဖြစ်တဲ့ Bangkok International Motor Show ဆိုရင်ကြီးမားတဲ့ Indoor Exhibition ထဲမှာသက်သောင့်သက်သာနဲ့ချွေး တစ်စက်မကျဘဲ ကားတွေကိုစိတ်ကြိုက်ကြည့်ရှုလေ့လာနိုင်ပါတယ်။
ဖွံ့ဖြိုးလာခါစ မြန်မာနိုင်ငံအတွက်လည်း International Motor Show တစ်ခုမဖြစ်မနေလိုအပ်လာခဲ့တာကို ၂၀၁၉ ခုနှစ်မှာ ထိုင်းနိုင်ငံ အခြေစိုက် Grand Prix International Public Company Limited (GPI Myanmar Company Limited) နဲ့ မြန်မာနိုင်ငံ အော်တိုမိုးတစ်(ဖ်)အသင်း (Automotive Association of Myanmar – AAM) တို့အတူပူးပေါင်းပြီး ဇန်နဝါရီ ၂၃ မှ ၂၇ ရက်နေ့အထိ ရန်ကုန်မြို့မှာ ပထမဆုံးအကြိမ် အပြည်ပြည်ဆိုင်ရာ မော်တော်ယာဉ်ပြပွဲ (၂၀၁၉) ကိုအကြီးကျယ်ဆုံးနဲ့ အခမ်းအနားဆုံးဖြစ်အောင် ကျင်းပပြု လုပ်သွားတော့မှာဖြစ်ပါတယ်။ ဒီပွဲမှာ Organizer အဖြစ်ပါဝင်မယ့် Grand Prix International Public Company Limited (GPI Myanmar Company Limited) ဟာဆိုရင် အရှေ့တောင်အာရှမှာ အကြီးမား ဆုံးဖြစ်တဲ့ ဘန်ကောက် အပြည်ပြည်ဆိုင်ရာ မော်တော်ယာဉ်ပြပွဲ (Bangkok International Motor Show) ကို နှစ်ပေါင်းများစွာကြာ အကောင်းဆုံးဖြစ်အောင်ကို စီစဉ်ကျင်းပပေးနေတဲ့အဖွဲ့အစည်းတစ်ခုဖြစ်ပြီး အာဆီယံ ဒေသတွင်း မော်တော်ယာဉ်ဆိုင်ရာ ပြပွဲများစွာကို စီစဉ်ကျင်းပနေတဲ့ Grand Prix International Public Company Limited (GPI) ရဲ့ ကုမ္ပဏီခွဲ တစ်ခုလည်းဖြစ်ပါတယ်။ ဒီအဖွဲ့ရဲ့နိုင်ငံတကာအတွေ့အကြုံတွေက ရန်ကုန် အပြည်ပြည်ဆိုင်ရာ မော်တော်ယာဉ်ပြပွဲကို အကောင်းဆုံးနဲ့ အခမ်းအနားဆုံးဖြစ်အောင်ပြုလုပ်နိုင် လိမ့် မယ်လို့ အလေးအနက်ယုံကြည်မိပါတယ်။
ဒီပွဲပြုလုပ်ရတဲ့ရည်ရွယ်ချက်ကလည်း မြန်မာနိုင်ငံရဲ့ ပို့ဆောင်ရေးကဏ္ဍမှာ အဓိကကျလှတဲ့ မော်တော်ယာဉ် ဈေးကွက်ဟာ နေ့စဉ်နဲ့အမျှ တိုးတက်ပြောင်းလဲလျက်ရှိနေပြီး ပြည်သူအများရဲ့ စိတ်ပါဝင်စားမှုနဲ့ ဝယ်လိုနိုင် စွမ်းအားတို့ကလည်း အိမ်နီးချင်းနိုင်ငံတွေလိုမြင့်မားလာနေခြင်းကြောင့် GPIနဲ့ AAM တို့က အခုလိုပူးပေါင်းပြီး နိုင်ငံတကာအဆင့်ပြပွဲတစ်ခုကို ပထမဆုံးအကြိမ်အဖြစ် မြန်မာနိုင်ငံမှာ ကျင်းပပြုလုပရတာဖြစ်သလို အဲဒီက နေပြီးလည်း အကျိုးကျေးဇူးတွေအများကြီးရရှိနိုင်မှာဖြစ်ပါတယ်။ ယခုပြပွဲကြီးမှာ ကမ္ဘာ့ထိပ်တန်း အော်တို မိုးတစ်(ဖ်) ကုမ္ပဏီတွေရဲ့ ဆန်းသစ်တီထွင် ထုတ်လုပ်မှုတွေကို အထူးခြားပုံစံ၊ အဆန်းသစ်ဆုံး တင်ဆက်မှု တွေနဲ့ ခင်းကျင်းပြသသွားမှာ ဖြစ်ပါတယ်။ လာရောက်လေ့လာ ကြည့်ရှုကြတဲ့ ပြည်သူတွေအနေနဲ့ ထူးခြား ဆန်း သစ်တဲ့ နိုင်ငံတကာအဆင့် အတွေ့အကြုံနဲ့ ဗဟုသုတများ ရရှိနိုင်မှာ ဖြစ်ပါတယ်လို့ ယုံကြည်နေမိပါတယ်။ ဒီပွဲကို ကျင်းပမယ့် Yangon Convention Center (YCC) ကလည်း အဆင့်မီ Indoor Exhibition တစ်ခုဖြစ်ပြီး လာရောက်သူတွေအတွက် အရမ်းသက်သောင့်သက်သာရှိရှိနဲ့ကားတွေကို သေချာလေ့လာနိုင်မှာဖြစ်ပါတယ်။ ဒီပွဲမှာ BMW, Volvo, Toyota, Suzuki, Ford, GAC, DFM, Scania တို့အပါအဝင် နိုင်ငံတကာ မော်တော်ယာဉ် ကုမ္ပဏီပေါင်း (၂၀) ကျော်မှခင်းကျင်းပြသထားမှုတွေကို လေ့လာကြည့်ရှုခြင်းနိုင်ပြီး စမ်းသပ်မောင်းနှင်ခြင်း၊ အနာဂတ်မော်တော်ယာဉ် နည်းပညာတွေကို စူးစမ်းလေ့လာခြင်း၊ ပညာပေးဆွေးနွေး ပွဲများ၊ အစီအစဉ်များကို တက်ရောက်ခြင်းတို့ ပြုလုပ်နိုင်မှာဖြစ်ပါတယ်။ပြီးတော့ မိမိစိတ်ကြိုက်မော်တော် ယာဉ်တွေကို ပြပွဲကာလအတွင်းမှာ ထူးခြားသက်သာတဲ့ ဈေးနှုန်းတွေနဲ့ တိုက်ရိုက်ဝယ်ယူနိုင်မှာဖြစ်လို့ မြန်မာ နိုင်ငံ မော်တော်ယာဉ် ဈေးကွက်အတွက် အခွင့်အလမ်းကောင်းတွေရရှိနိုင်ပါလိမ့်မယ်။ နောက်ပြီးတော့ စီးပွား ရေး ကဏ္ဍအသီးသီးမှ ကုမ္ပဏီတွေ၊ အဖွဲ့အစည်းတွေ အနေဖြင့်လည်း ပြခန်းတွေ (Standard Booth) ဖွင့် လှစ်ပြသပြီး အခွင့်အလမ်းကောင်းများ ဖန်တီးနိုင်စေနိုင်ဖို့ Accessories Zone တွေလည်းသတ်မှတ်ပေး ထားမှာဖြစ်ပါတယ်။ နိုင်ငံတကာအဆင့်မီ Motor Show အင်္ဂါရပ်နဲ့အညီ Entertainment တွေ၊ လာရောက် သူတိုင်းအတွက် Lucky Draw အစီအစဉ်တွေကိုပါထည့်သွင်းပေးထားမှာဖြစ်ပါတယ်။ ဝင်ကြေးကိုလည်း မများလှတဲ့ ပမာဏတစ်ခုဖြစ်အောင်သတ်မှတ်ပေးသွားဦးမှာဖြစ်ပါတယ်။ ကဲ…ဒါကြောင့် “Navigating the Automotive Industry of Tomorrow” ဆိုပြီး မြန်မာနိုင်ငံရဲ့ Automotive Industry ခေတ် မီဖွံ့ဖြိုးတိုးတက်လာမှုကို ပြယုဂ်အဖြစ်ဖော်ဆောင်ပေးမယ့် ပထမအကြိမ် ရန်ကုန် အပြည်ပြည်ဆိုင်ရာ မော် တော်ယာဉ်ပြပွဲ (၂၀၁၉) ကိုမကြာတော့တဲ့ ကာလမှာ ကျင်းပတော့မှာပါလို့ သတင်းကောင်းပါးလိုက်ရသလို လာရောက်ကြဖို့အတွက်လည်း နွေးထွေးစွာဖိတ်ခေါ်လိုက်ပါရစေ။ အသေးစိတ်အချက်အလက်တွေကို https://www.facebook.com/YangonMotorShow/?epa=SEARCH_BOX မှာဖော်ပြပေးမှာဖြစ်သလို Drive Magazine Myanmar ရဲ့ Channel တွေမှာလည်းကြေညာပေးသွားမှာဖြစ်ပါတယ်။
Zawgyi Version…