Hyundai Grand i10
Grand i10 ကို ဂျာမနီနိုင်ငံမှာတည်ရှိတဲ့ Hyundai ဥရောပဒီဇိုင်းစင်တာမှာ ဒီဇိုင်းထုတ်ခဲ့တာဖြစ်ပြီး Hyundai ရဲ့ Fluidic Design Theme ကိုအသုံးပြုပုံဖော်ခဲ့တာဖြစ်ပါတယ်။ ဒီကားရဲ့ကနဦးဒီဇိုင်းအဆင့်ကနေ အဆုံးသတ်ပုံဖော်ပြီးစီးတဲ့အထိ Hyundai Motor Company Namyang က R&D အင်ဂျင်နီယာတွေက ပူးပေါင်းလုပ်ဆောင်ခဲ့တာပါ။ Grand i10 ဟာ Hyundai က အထူးထုတ်လုပ်တဲ့ အရွယ်အစား သေးငယ်တဲ့ Compact ကားအမျိုးအစားအနည်းငယ်ထဲကတစ်ခုဖြစ်ပြီး Hyundai ရဲ့မဟာဗျူဟာအရ တစ်ကမ္ဘာလုံးကမော်တော်ယာဉ်ဈေးကွက်အတွက်ထုတ်လုပ်ထားတာဖြစ်ပါတယ်။ ယခုအချိန်မှာတော့ Grand i-10 ဟာနိုင်ငံတကာဈေးကွက်မှာ ထိုးဖောက်ပြီး၊ အောင်မြင်ပြီးတဲ့ကားတစ်စီးဖြစ်နေပါပြီ။
စွမ်းဆောင်ရည်နှင့် အသေးစိတ်အချက်အလက်များ
အင်ဂျင်ပါဝါ 1.25 cc Kappa
အမြင့်ဆုံးမြန်နှုန်း 157 kph
အမြင့်ဆုံးစွမ်းရည် 83 ps/ 6,000rpm
အမြင့်ဆုံးရုန်းအား 12 kg.m / 4,000rpm
0 မှ 100 kph မြန်နှုန်းရောက်ရန်ကြာချိန် 15 စက္ကန့်
လောင်စာဆီအမျိုးအစား ဓါတ်ဆီ
ဂီယာအမျိုးအစား 6-Speed အော်တိုဂီယာ
အပြင်ပိုင်း
Grand i10 ဟာ အားကစားဆန်ပြီးတောင့်တင်းတဲ့ရှေ့ရုပ်ထွက်ပါရှိတဲ့ကားဖြစ်ပြီး ဒီဇိုင်းကတော့ ကားရှေ့ဆုံးက ဆဌဂံပုံ လေ၀င်ပေါက်ကစလို့ အားလုံး ဥရောပဒီဇိုင်းဖြစ်ပါတယ်။ သြဇာရှိမှုနဲ့ခွန်အားကို ပုံဖော်နေတဲ့ဒီရှေ့လေ၀င်ပေါက်ရဲ့ထူးခြားတဲ့ ပုံစံကြောင့် Grand i10 ဟာ Hyundai မိသားစုဝင်ဖြစ်ကြောင်း သိသာစေပါတယ်။
ရှေ့မီးများတွေကို ကြည်လင်ပြီး ခိုက်မိတဲ့ဒဏ်ကိုခံနိုင်ရည်မြင့်တဲ့ ပလတ်စတစ်နဲ့ ကာထားပြီး ရောင်ပြန်တွေပါဝင်ပါတယ်။
လုံခြုံရေးအတွက်သာမကပဲ ပိုပြီးလှပစေဖို့ အချိုးအကွေ့အချက်ပြမီးတွေကို ကားဘေးနောက်ကြည့်မှန်မှာ ထည့်သွင်းတပ်ဆင်ပေး ထားပါတယ်။
အသေးစိတ်အထိလှပနေတဲ့ နောက်မီးအတွဲဟာ Grand i10 ကိုတခြားကားတွေနဲ့မတူ ကွဲပြားစေပါတယ်။
Power Control တွေတပ်ဆင်ထားတဲ့အတွက် ဘေးမှန်တွေကို လွယ်လွယ်ကူကူပဲချိန်ညှိနိုင်ပါတယ်။
အတွင်းပိုင်း
ပုံစံတူကား အမျိုးအစားတွေထဲမှာ ပထမဦးဆုံးအဖြစ် Grand i10 မှာ အနောက်ဖက် Air-con ပေါက်တွေပါဝင်လာပြီး သီချင်းတွေထည့်သွင်း သိမ်းထားနိုင်ဖို့ Internal Memory 1GB ပါရှိထားပါတယ်။
ယာဉ်မောင်းအရှေ့နားမှာ ၁၂ဗို့ ပါဝါပေါက်ပါရှိပြီး လက်ကိုင်ဖုန်းတွေကို လျှင်လျှင်မြန်မြန်အားပြန်သွင်းဖို့အသုံးပြုနိုင်ပါတယ်။
လည်ပင်းဒဏ်ရာရာတာမျိုးကို အကောင်းမွန်ဆုံးကာကွယ်ပေးနိုင်ဖို့ ယာဉ်မောင်းခုံ၊ ယာဉ်မောင်းဘေးကခုံနဲ့ နောက်ခုံတွေက ခေါင်းမှီအမြင့်ကိုပြန်လည်ချိန်ညှိနိုင်ပါတယ်။
အဆင်ပြေလွယ်ကူမှု
Grand i10 မှာ ကျယ်ဝန်းပြီးလှပကောင်းမွန်စွာဖွဲ့စည်းထားတဲ့ အတွင်းခန်းပါရှိပါတယ်။ ခေါင်းမှီပါရှိတဲ့ထိုင်ခုံတွေဟာ လိုက်ပါစီးနင်းသူ တွေ အတွက်သက်တောင့်သက်သာရှိစေပါတယ်။ Grand i10 ဟာ ဆီစားသက်သာပြီး အတွင်းခန်းဒီဇိုင်းဟာလည်း တခြားကားတွေနဲ့မတူပဲ တစ်မူထူးခြားနေပါတယ်။ ဈေးနှုန်းသက်သာပြီး ကားကိုအခုမှ စတင်မောင်းတတ်တဲ့သူတွေအတွက် အထူးသင့်တော်တဲ့ကား ဖြစ်ပါတယ်။ ယာဉ်သေးပေမယ့်ပစ္စည်းများများတင်နိုင်ဖို့ နောက်ခုံတန်းကို ခေါက်ချလို့ရပြီး နောက်ခန်းပစ္စည်းထားတဲ့နေရာကိုချဲ့ယူနိုင်ပါတယ်။
လုံခြုံရေး
Grand i10 မှာ လေအိတ် (၂) လုံးပါဝင်ပြီး တောင့်တင်းခိုင်မာတဲ့ ဘော်ဒီတည်ဆောက်ပုံနဲ့ Steering Assist Control, Electronic Stability Control တို့လည်းပါဝင်ပါတယ်။
ပါကင်ထိုးချိန်အကူအညီပေးတဲ့ ကားအနောက်က အာရုံခံကိရိယာတွေကို ကားနောက်ဘန်ပါမှာ တပ်ဆင်ပေးထားပြီး ကားနောက်ဆုတ်ချိန်မှာ ပိုပြီးစိတ်ချရအောင်ကူညီပေးပါတယ်။ ဒီအာရုံခံကိရိယာတွေက တစ်ခုခုကိုတိုက်မိတော့မယ့်အချိန်မျိုးမှာ အသံပြုအချက်ပေးပါတယ်။
Anti-lock ဘရိတ်စနစ်၊ Electronic Stability Control နဲ့ Vehicle Stability Management စတဲ့နည်းပညာမြင့် ထိန်းချုပ်စနစ်တွေပါဝင်တဲ့ ဘရိတ်စနစ်ဟာသာလွန်တဲ့စွမ်းဆောင်ရည်ရှိပြီး ယာဉ်ရပ်တဲ့အခါမှာ စိတ်ချလုံခြုံစေပါတယ်။
ရရှိနိုင်သောအရောင်များ
Grand i10 ကို Hyundai Motor Myanmar မှာ ကြက်သွေးရောင်၊ မီးခိုးပြာရောင်၊ အဖြူရောင်၊ မီးခိုးရောင် နဲ့ အနက်ရောင်ဆိုပြီး ရရှိနိုင်ပါပြီ။
ဈေးနှုန်းနှင့်ဝန်ဆောင်မှု
Hyundai Showroom မှာGrandi10ကိုတရားဝင်ရောင်းချနေတဲ့ဈေးကတော့ အမေရိကန်ဒေါ်လာ(၁၈,၆၀၀)ဖြစ်ပြီး စက်တင်ဘာလအတွင်းဝယ်ယူပါကအမေရိကန်ဒေါ်လာ(၁,၄၀၀)သက်သာစေမှာဖြစ်ပါတယ်။၃နှစ်(သို့)ကီလို၁သိန်းအာမခံပေးထားပါတယ်။လက်ငင်းဖြစ်စေ၊အရစ်ကျဖြစ်စေ၀ယ်ယူနိုင်သလို နှစ်အလိုက်လည်း ငှားရမ်းအသုံးပြုနိုင်ပါတယ်။ စိတ်ပါဝင်စားတယ်ဆိုရင် Hyundai အိမ်စီးကားတွေရဲ့ တရားဝင်တစ်ဦးတည်းကိုယ်စားလှယ်ဖြစ်တဲ့ Hyundai Showroom ကိုဆက်သွယ်စုံစမ်းနိုင်ပါတယ်။
ရန်ကုန်အရာင်းပြခန်း : အမှတ် (၂/၆)၊ ၂ ရပ်ကွက်၊ အင်းစိန်လမ်းနှင့် သမိုင်းဘူတာရုံလမ်းထောင့်၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်၊ ဖုန်း ၀၁ ၅၂၂၇၂၃၊ ၀၉ ၄၂ ၁၀၀ ၂၀၅၁
မန္ကလေးရုံးခွဲ :အမှတ်(၁၀)၊ လမ်း ၄၀၊ ၇၈ လမ်းနှင့် ၇၉ လမ်းကြား၊ မဟာအောင်မြေမြို့နယ်၊မန္တလေး၊ ဖုန်း ၀၉ ၂၅၃၁၅၁၉၇၀၊ ၀၉ ၄၅၃၉၅၅၅၆၀