Unicode version…
(Sonata)သည် တောင်ကိုရီးယားအခြေစိုက် (Hyundai) ကား company မှ ထုတ်လုပ်သည့် (Midsize Luxury Sedon) အမျိုးအစားကားဖြစ်ပါသည်။ ၎င်းသည် (Hyundai Model Lineup)တွင် ထင်ရှားသည့်ကားဖြစ်ပြီး ကမ္ဘာ့အနှ့ံတွင်လည်း ကျယ်ပြန့်စွာ ရောင်းချနေသည့် (Model)တစ်မျိုးလည်း ဖြစ်ပါသည်။
(Hyundai Sonata)အား လွန်ခဲ့သည့် နှစ်ပေါင်း(၃၀)ကျော်ခန့်ဖြစ်သည့် (1985)တွင် လူလတ်တန်း အရွယ်ကားချစ်သူများအတွက် ဇိမ်ခံဆီဒင်အသစ်တစ်မျိုးအား ရောင်းချနိုင်ရန် (Hyundai) မှ စတင်ထုတ်လုပ်ခဲ့ပါသည်။ ၎င်းသည် (1985)မှ ယခု (2016)အချိန်အထိ မျိုးဆက် (၇)ဆက်တိုင် အောင်မြင်စွာ ထုတ်လုပ်နေသည့်ကားလည်း ဖြစ်ပါသည်။
(Sonata)၏ မျိုးဆက်များမှာ ပထမမျိုးဆက်သည် (1998-1987) ဒုတိယမျိ်ုးဆက်သည် (1988-1992) တတိယမျိုးဆက်သည် (1993-1997) စတုထ္ထမျိုးဆက်သည် (1998-2003) ပဥ္စမ မျိုးဆက်သည် (2004-2008) ဆဌမမျိုးဆက်သည် (2009-2014) ဟူ၍ ကာလများစွာ ဖြတ်သန်းလာခဲ့ပါသည်။ (Sonata) သည်မျိုးဆက်တိုင်းတွင် လှပဆန်းသစ်မှု၊ ယုံကြည်စိတ်ချရမှု၊ ပေါ့ပါးသွက်လက်မှု၊ စသည့်ဂုဏ်သတင်းများဖြင့် ကားချစ်များအကြားတွင် ပျံ့နေနိုင်ခဲ့ပါသည်။ ယခု (2016 Sonata) သည် ၎င်း၏သတ္တမမြောက် (သို ့) (၇) ဆက်မြောက် မျိုးဆက်ကားဖြစ်ပြီး (New LF Sonata) အား (2015) ခုနှစ်တွင် ကမ္ဘာအနှံ့သို့ကျယ်ပြန့်စွာရောင်းချခဲ့ပါသည်။ ယခုမျိုးဆက်သစ် ဖြစ်သည့် (2016 Sonata) သည် ၎င်း၏ ယခင်မျိုးဆက်ကားများနှင့် ကွဲပြားသည့် ဒီဇိုင်းအသစ်ဖြင့် ထုတ်လုပ်ထားကာ နည်းပညာသုံးပါ၀င်မှုများ စုံလင်ခြင်း၊ အထူးအဆင့်မြင့် သံမဏိစနစ်သုံး ကိုယ်ထည်ဖြင့် ဖန်တီးထားခြင်း၊ လုံခြုံမှုစနစ်များ ကောင်းမွန်ခြင်း၊ စွမ်းအားမြင့်အင်ဂျင်စနစ်များ ထည့်သွင်းထားခြင်းစသည့်အချက်များကြောင့်စတင်မိတ်ဆက်ခဲ့သည့်(2014)နှစ်ကုန်ပိုင်းမှယခုအချိန်အထိ ကမ္ဘာ့ထင်ရှားသည့် ကားမဂ္ဂဇင်းများ၊ (Online Media) များနှင့် ကမ္ဘာအရပ်ရပ်မှ ကားချစ်သူများ မှ အထူးစိတ်ဝင်စားစွာလေ့လာကြသည့် ကားတစ်စင်းအဖြစ် တွေ့မြင်ရပါမည်။
(2016 Sonata Sedan) သည်တံခါး(၄)ပေါက်ပါဇိမ်ခံကားအမျိုးအစားဖြစ်ပြီး အရွယ်ရောက်ပြီး ခရီးသည် (၅) ဦးလိုက်ပါစီးနှင်း နိုင်မည်ဖြစ်ပါသည်။ ၎င်းအား (Hyundai) မှဒီဇိုင်းနှင့် ပေါ့ပါးမှုကို အထူး ဦးစားပေးဖန်တီးထားပြီး ကျယ်ဝန်းသည့် အတွင်းခန်း ၊စုံလင်သည့် ပါ၀င်မှုများပါ ထည့်သွင်းထားပါသည်။ ယခု (2016 Sonata) အားအသက် (၃၀) မှ (၄၀) ၀န်းကျင်ရှိသည့် လုပ်ငန်းရှင်များ ၊ အားကစားသမားများ ၊ ပညာရှင်များ အတွက် အဓိက ရည်ရွယ်ကာ ထုတ်လုပ်ထားပြီး မိသားစုသုံးအနေဖြင့်လည်းလက်ခံနိုင်ရန် ဖန်တီးထားပါသည်။
Exterior Design
(2016 Sonata) ၏ အပြင်ဖက်ဒီဇိုင်းအား ခေတ်မှီလှပပြီး ခန့်ထည်သည့် ပုံစံဖြင့် တွေ့မြင်ရပါမည်။ ၎င်းသည် ယခင်မျိုးဆက် (YF Sonata) ကဲ့သို့အလွန်သွယ်လျှသည့် (Aerodynomic Design) ပုံစံမှ ခွဲထွက်ကာ ပြေပြစ်ပြီး လှပသည့် ကိုယ်ထည်ဖြင့်ဖန်တီးထားပါသည်။ ထူးခြားမှု အနေဖြင့် ခေတ်မှီပြီး အလွန်ခို်င်ခန့်မှုရှိသည့် (Advanced High-Strength Street-AHSS) အမျိုးအစား သံမဏိအား ကားကိုယ်ထည်၏ (၅၁%) ခန့်ထည့်သွင်းအသုံးပြုထား၍ ကြာရှည် ခိုင်ခန့်မှုရှိစေပြီး မြင့်မားသည့်လုံခြံုမှုအား ပေးစွမ်းနိုင်မည်ဖြစ်ပါသည်။ (2016 Sonata) ၏ အပြင်ဖက်တွင် အဓိကထည့်သွင်းပါ၀င်သည့် ပါ၀င်မှုများမှာ (New Radiator Grille)၊ (Xenon HID headlamps)၊ (နှင်းခွဲမီးများ)၊ (Puddle light)၊ (Keyless entry / ignition)၊ (Welcome light door handless)၊ (Rear LED combination Lamps)၊ (Smart Trunk System) စသည်တို့ဖြစ်ကြပါသည်။ ထို့အပြင် မောင်းနှင်မှုစနစ်အတွက် နည်းပညာ အသစ်တစ်ခုဖြစ်သည့် (Motor-driving power steering-MDPS) စနစ်အားထည့်သွင်းထား၍ ညိမ့်ငြောင်းပြီးသွက်လက်သည့် (Steering) ခံစားမှုဖြင့် မောင်းနှင်နိုင်မည်ဖြစ်ပါသည်။ အောက်ပို်င်းထိန်းစနစ်များအနေဖြင့် ကားအရှေ့ဖက်တွင် (Mc Pherson Strut Front Suspension) စနစ်နှင့် ကားအနောက်ဘက်တွင် (Multi-Link Rear Suspension) စနစ်တို ့အားတပ်ဆင်ထား၍ လမ်းအခြေအနေမျိုးစုံတွင် အဆင်ပြေစွာ အသုံးပြုနိုင်မည်ဖြစ်ပါသည်။lf_sonata_exterior_main_4_2014_1st_gen_lhd
Interior Design
(2016 Sonata) ၏အတွင်းခန်းဖွဲ့စည်းပုံသည် ၎င်း၏ယခင် (Model) များထက်သိသာခြားနားသည့် ပုံစံသစ်ဖြင့် ဖန်တီးထားပြီး ပို၍ကျယ်ဝန်းသည့် အနေအထားဖြင့်လည်း ထုတ်လုပ်ထားပါသည်။ တန်ဖိုးမြင့် သားရေများဖြင့် ချုပ်ထားသည့်ထိုင်ခုံများအား ထည့်သွင်းထားကာ အရှေ့ထိုင်ခုံများသည် လျှပ်စစ်စနစ်ဖြင့် ရွေ့လျားနိုင်မည်ဖြစ်ပါသည်။ အတွင်းခန်း၏ အဓိကနေရာဖြစ်သည့် (Dash board) နေရာအား (New T-Shaped Centre Fascia Design) ပုံစံဖြင့် ဖန်တီးထား၍ လှပခြင်းကို နှစ်သက်သည့် ကားချစ်သူများတွင် ပါ၀င်လေ့ရှိသည့် (Dual-zone air control)၊ (အပူ၊ အအေးခန်း စနစ်ပါအရှေ့ထိုင်ခုံများ) ၊ (Driver seat memory)၊ (Sunoof) စသည်တို့ကိုလည်း ယခု (2016 Sonata) တွင် စုံလင်စွာ ထည့်သွင်းထားပါသည်။ ၎င်း၏ (Centre Display) အား(3.5 inch) OLED Supervision cluster အမျိုးအစားသစ်ဖြင့် ဖန်တီးထား၍ ယဉ်မောင်းနှင်မှုဆိုင်ရာ အချက်အလက်များ အား ကြည်လင်ရှင်းလင်းစွာ တွေ့မြင်နိုင်ပါသည်။ ထို့အပြင် (Dash board) တွင် (4.3 inch color TFT-LCD) အမျိုးအစားကို တပ်ဆင်ထားပြီး ၎င်းတွင် (CD-player)၊ (Navigation System)၊ (Backup camera)၊ (Bluetooth hands-free/Streaming), (AUX/USB port) နှင့် (i-Pad bundle cable connection support) အစရှိသည့် နည်းပညာအသုံးပစ္စည်းများအား စုံလင်စွာ ထည့်သွင်း ထားပါသည်။ (Audio) အနေဖြင့်လည်း (Infinity) အမျိုးအစား (စပီကာ ၈လုံး)ပါ အသံစနစ်ကို မှာယူရနိုင်မည်ဖြစ်ပါသည်။ ၎င်း၏အတွင်းခန်းတွင် အခြားသောပါ၀င်မှုများ ဖြစ်ကြသည့် (Heated steering wheel), (Electric Parking Broke EPB), (Electric backlite curtain) တို့ကို လည်း ထည့်သွင်းထားပါသည်။ ထိုသို့စုံလင်မှုများဖြင့် ခမ်းနားစွာ ဖန်တီးထားသည့် (2016 Sonata)၏ အတွင်းခန်းသည် လိုက်ပါစီးနင်းသူများအား သက်တောင့်သက်သာရှိစေပြီး စိတ်ကျေနပ်မှုများစွာကို ပေးစွမ်းနိုင်မည်ဖြစ်ပါသည်။lf_sonata_exterior_main_3_2014_1st_gen_lhd
Engine and Safety
(2016 Sonata)တွင် အင်ဂျင်အမျိုးအစား (၃)မျိုးတပ်ဆင်ထားပါသည်။ ပထမအမျိုးအစား အင်ဂျင်မှာ (2.4L MPi Engine) (178hp), (23.3kg fm) အင်ဂျင်ဖြစ်ပါသည်။ ဒုတိယအမျိုးအစားမှာ (2.4L GDL Engine), (188 hp), (24.6kg f.m) အင်ဂျင်ဖြစ်ပါသည်။ တတိယအမျိုးအစားမှာ (2.OT- GDI Engine) (245hp), (35.7 kg f.m) အင်ဂျင်ဖြစ်ပါသည်။ (Gear Box) များအနေဖြင့် (G-Speed Monual Gear)နှင့် (6-Speed Automatic Gear) တို့အား မှာယူရနိုင်ပါသည်။
အထက်ပါ (Gear Box)စနစ်များနှင့် တွဲဖက်ကာ (Integrated Driving Mode System)အား ထည့်သွင်းထားပါသည်။ ထိုစနစ်တွင် (Normal/Sport/Ecn)ဟူ၍ (Driving Type) (၃)မျိုးခွဲခြား မောင်းနှင်နိုင်မည်ဖြစ်ပါသည်။
(2016 Sonata)တွင် လုံခြံုရေးစနစ်များအနေဖြင့် (Full airbags system), (Front / Rear parking assist system), (Backup camera), (Stability and Traction control) စသည့် လုံခြံုရေးပါ၀င်မှုများအား ထည့်သွင်းထားပါသည်။ ထို့အပြင် (Adoptive Cruise Control), (Blind-spot detection system – BSD) စသည့်အဆင့်မြင့် လုံခြံုရေးစနစ်များကိုလည်း အပိုဆောင်းပါ၀င်မှု (Optional) အနေဖြင့်မှာယူရနိုင်မည်ဖြစ်ပါသည်။
(2016 Hyundai Sonata)နှင့် စျေးကွက်ယှဉ်ပြိုင်ဖက် ဖြစ်ကြသည့် အခြားသော (Brands) များမှာ (2016 Toyota Camry) (2016 Nissan Altima), (20162016 Ford Fusion) တို့ ဖြစ်ကြပါသည်။ (Hyundai)၏ အနှစ်(၂၀)ကျော်တိုင်အောင် ထင်ရှားသည့် (Sonata Sedan)၏ သတ္တမမြောက်မျိုးဆက်ဖြစ်သည့် (New Sonata LF) အား စီစဉ်တင်ဆက်အပ်ပါသည်ခင်ဗျား။
Zawgyi version…
(Sonata)သည္ ေတာင္ကိုရီးယားအေျခစိုက္ (Hyundai) ကား company မွ ထုတ္လုပ္သည့္ (Midsize Luxury Sedon) အမ်ိဳးအစားကားျဖစ္ပါသည္။ ၎သည္ (Hyundai Model Lineup)တြင္ ထင္ရွားသည့္ကားျဖစ္ၿပီး ကမၻာ့အႏွ႔ံတြင္လည္း က်ယ္ျပန္႔စြာ ေရာင္းခ်ေနသည့္ (Model)တစ္မ်ိဳးလည္း ျဖစ္ပါသည္။
(Hyundai Sonata)အား လြန္ခဲ့သည့္ ႏွစ္ေပါင္း(၃၀)ေက်ာ္ခန္႔ျဖစ္သည့္ (1985)တြင္ လူလတ္တန္း အရြယ္ကားခ်စ္သူမ်ားအတြက္ ဇိမ္ခံဆီဒင္အသစ္တစ္မ်ိဳးအား ေရာင္းခ်ႏုိင္ရန္ (Hyundai) မွ စတင္ထုတ္လုပ္ခဲ့ပါသည္။ ၎သည္ (1985)မွ ယခု (2016)အခ်ိန္အထိ မ်ိဳးဆက္ (၇)ဆက္တိုင္ ေအာင္ျမင္စြာ ထုတ္လုပ္ေနသည့္ကားလည္း ျဖစ္ပါသည္။
(Sonata)၏ မ်ိဳးဆက္မ်ားမွာ ပထမမ်ိဳးဆက္သည္ (1998-1987) ဒုတိယမ်ိ္ဳးဆက္သည္ (1988-1992) တတိယမ်ိဳးဆက္သည္ (1993-1997) စတုထၳမ်ိဳးဆက္သည္ (1998-2003) ပဥၥမ မ်ိဳးဆက္သည္ (2004-2008) ဆဌမမ်ိဳးဆက္သည္ (2009-2014) ဟူ၍ ကာလမ်ားစြာ ျဖတ္သန္းလာခဲ့ပါသည္။ (Sonata) သည္မ်ိဳးဆက္တိုင္းတြင္ လွပဆန္းသစ္မႈ၊ ယံုၾကည္စိတ္ခ်ရမႈ၊ ေပါ့ပါးသြက္လက္မႈ၊ စသည့္ဂုဏ္သတင္းမ်ားျဖင့္ ကားခ်စ္မ်ားအၾကားတြင္ ပ်ံ႔ေနႏိုင္ခဲ့ပါသည္။ ယခု (2016 Sonata) သည္ ၎၏သတၱမေျမာက္ (သို ့) (၇) ဆက္ေျမာက္ မ်ိဳးဆက္ကားျဖစ္ျပီး (New LF Sonata) အား (2015) ခုႏွစ္တြင္ ကမာၻအႏွံ႔သို႔က်ယ္ျပန္႔စြာေရာင္းခ်ခဲ့ပါသည္။ ယခုမ်ိဳးဆက္သစ္ ျဖစ္သည့္ (2016 Sonata) သည္ ၎၏ ယခင္မ်ိဳးဆက္ကားမ်ားႏွင့္ ကြဲျပားသည့္ ဒီဇိုင္းအသစ္ျဖင့္ ထုတ္လုပ္ထားကာ နည္းပညာသံုးပါ၀င္မႈမ်ား စံုလင္ျခင္း၊ အထူးအဆင့္ျမင့္ သံမဏိစနစ္သံုး ကိုယ္ထည္ျဖင့္ ဖန္တီးထားျခင္း၊ လံုျခံဳမႈစနစ္မ်ား ေကာင္းမြန္ျခင္း၊ စြမ္းအားျမင့္အင္ဂ်င္စနစ္မ်ား ထည့္သြင္းထားျခင္းစသည့္အခ်က္မ်ားေၾကာင့္စတင္မိတ္ဆက္ခဲ့သည့္(2014)ႏွစ္ကုန္ပိုင္းမွယခုအခ်ိန္အထိ ကမာၻ႔ထင္ရွားသည့္ ကားမဂၢဇင္းမ်ား၊ (Online Media) မ်ားႏွင့္ ကမာၻအရပ္ရပ္မွ ကားခ်စ္သူမ်ား မွ အထူးစိတ္၀င္စားစြာေလ့လာၾကသည့္ ကားတစ္စင္းအျဖစ္ ေတြ႔ျမင္ရပါမည္။
(2016 Sonata Sedan) သည္တံခါး(၄)ေပါက္ပါဇိမ္ခံကားအမ်ိဳးအစားျဖစ္ျပီး အရြယ္ေရာက္ျပီး ခရီးသည္ (၅) ဦးလိုက္ပါစီးႏွင္း ႏိုင္မည္ျဖစ္ပါသည္။ ၎အား (Hyundai) မွဒီဇိုင္းႏွင့္ ေပါ့ပါးမႈကို အထူး ဦးစားေပးဖန္တီးထားျပီး က်ယ္၀န္းသည့္ အတြင္းခန္း ၊စံုလင္သည့္ ပါ၀င္မႈမ်ားပါ ထည့္သြင္းထားပါသည္။ ယခု (2016 Sonata) အားအသက္ (၃၀) မွ (၄၀) ၀န္းက်င္ရွိသည့္ လုပ္ငန္းရွင္မ်ား ၊ အားကစားသမားမ်ား ၊ ပညာရွင္မ်ား အတြက္ အဓိက ရည္ရြယ္ကာ ထုတ္လုပ္ထားျပီး မိသားစုသံုးအေနျဖင့္လည္းလက္ခံႏုိင္ရန္ ဖန္တီးထားပါသည္။
Exterior Design
(2016 Sonata) ၏ အျပင္ဖက္ဒီဇိုင္းအား ေခတ္မွီလွပျပီး ခန္႔ထည္သည့္ ပံုစံျဖင့္ ေတြ႔ျမင္ရပါမည္။ ၎သည္ ယခင္မ်ိဳးဆက္ (YF Sonata) ကဲ့သို႔အလြန္သြယ္လ်ွသည့္ (Aerodynomic Design) ပံုစံမွ ခြဲထြက္ကာ ေျပျပစ္ျပီး လွပသည့္ ကိုယ္ထည္ျဖင့္ဖန္တီးထားပါသည္။ ထူးျခားမႈ အေနျဖင့္ ေခတ္မွီျပီး အလြန္ခို္င္ခန္႔မႈရွိသည့္ (Advanced High-Strength Street-AHSS) အမ်ိဳးအစား သံမဏိအား ကားကိုယ္ထည္၏ (၅၁%) ခန္႔ထည့္သြင္းအသံုးျပဳထား၍ ၾကာရွည္ ခိုင္ခန္႔မႈရွိေစျပီး ျမင့္မားသည့္လံုျခံဳမႈအား ေပးစြမ္းႏိုင္မည္ျဖစ္ပါသည္။ (2016 Sonata) ၏ အျပင္ဖက္တြင္ အဓိကထည့္သြင္းပါ၀င္သည့္ ပါ၀င္မႈမ်ားမွာ (New Radiator Grille)၊ (Xenon HID headlamps)၊ (ႏွင္းခြဲမီးမ်ား)၊ (Puddle light)၊ (Keyless entry / ignition)၊ (Welcome light door handless)၊ (Rear LED combination Lamps)၊ (Smart Trunk System) စသည္တို႔ျဖစ္ၾကပါသည္။ ထို႔အျပင္ ေမာင္းႏွင္မႈစနစ္အတြက္ နည္းပညာ အသစ္တစ္ခုျဖစ္သည့္ (Motor-driving power steering-MDPS) စနစ္အားထည့္သြင္းထား၍ ညိမ့္ေျငာင္းျပီးသြက္လက္သည့္ (Steering) ခံစားမႈျဖင့္ ေမာင္းႏွင္ႏုိင္မည္ျဖစ္ပါသည္။ ေအာက္ပို္င္းထိန္းစနစ္မ်ားအေနျဖင့္ ကားအေရွ႔ဖက္တြင္ (Mc Pherson Strut Front Suspension) စနစ္ႏွင့္ ကားအေနာက္ဘက္တြင္ (Multi-Link Rear Suspension) စနစ္တို ့အားတပ္ဆင္ထား၍ လမ္းအေျခအေနမ်ိဳးစံုတြင္ အဆင္ေျပစြာ အသံုးျပဳႏိုင္မည္ျဖစ္ပါသည္။
Interior Design
(2016 Sonata) ၏အတြင္းခန္းဖြဲ႔စည္းပံုသည္ ၎၏ယခင္ (Model) မ်ားထက္သိသာျခားနားသည့္ ပံုစံသစ္ျဖင့္ ဖန္တီးထားျပီး ပို၍က်ယ္၀န္းသည့္ အေနအထားျဖင့္လည္း ထုတ္လုပ္ထားပါသည္။ တန္ဖိုးျမင့္ သားေရမ်ားျဖင့္ ခ်ဳပ္ထားသည့္ထိုင္ခံုမ်ားအား ထည့္သြင္းထားကာ အေရွ႕ထိုင္ခံုမ်ားသည္ လွ်ပ္စစ္စနစ္ျဖင့္ ေရြ႕လ်ားႏိုင္မည္ျဖစ္ပါသည္။ အတြင္းခန္း၏ အဓိကေနရာျဖစ္သည့္ (Dash board) ေနရာအား (New T-Shaped Centre Fascia Design) ပံုစံျဖင့္ ဖန္တီးထား၍ လွပျခင္းကို ႏွစ္သက္သည့္ ကားခ်စ္သူမ်ားတြင္ ပါ၀င္ေလ့ရွိသည့္ (Dual-zone air control)၊ (အပူ၊ အေအးခန္း စနစ္ပါအေရွ႔ထုိင္ခံုမ်ား) ၊ (Driver seat memory)၊ (Sunoof) စသည္တို႔ကိုလည္း ယခု (2016 Sonata) တြင္ စံုလင္စြာ ထည့္သြင္းထားပါသည္။ ၎၏ (Centre Display) အား(3.5 inch) OLED Supervision cluster အမ်ိဳးအစားသစ္ျဖင့္ ဖန္တီးထား၍ ယဥ္ေမာင္းႏွင္မႈဆိုင္ရာ အခ်က္အလက္မ်ား အား ၾကည္လင္ရွင္းလင္းစြာ ေတြ႔ျမင္ႏိုင္ပါသည္။ ထို႔အျပင္ (Dash board) တြင္ (4.3 inch color TFT-LCD) အမ်ိဳးအစားကို တပ္ဆင္ထားျပီး ၎တြင္ (CD-player)၊ (Navigation System)၊ (Backup camera)၊ (Bluetooth hands-free/Streaming), (AUX/USB port) ႏွင့္ (i-Pad bundle cable connection support) အစရွိသည့္ နည္းပညာအသံုးပစၥည္းမ်ားအား စံုလင္စြာ ထည့္သြင္း ထားပါသည္။ (Audio) အေနျဖင့္လည္း (Infinity) အမ်ိဳးအစား (စပီကာ ၈လံုး)ပါ အသံစနစ္ကို မွာယူရႏုိင္မည္ျဖစ္ပါသည္။ ၎၏အတြင္းခန္းတြင္ အျခားေသာပါ၀င္မႈမ်ား ျဖစ္ၾကသည့္ (Heated steering wheel), (Electric Parking Broke EPB), (Electric backlite curtain) တို႔ကို လည္း ထည့္သြင္းထားပါသည္။ ထိုသို႔စံုလင္မႈမ်ားျဖင့္ ခမ္းနားစြာ ဖန္တီးထားသည့္ (2016 Sonata)၏ အတြင္းခန္းသည္ လိုက္ပါစီးနင္းသူမ်ားအား သက္ေတာင့္သက္သာရွိေစၿပီး စိတ္ေက်နပ္မႈမ်ားစြာကို ေပးစြမ္းႏိုင္မည္ျဖစ္ပါသည္။
Engine and Safety
(2016 Sonata)တြင္ အင္ဂ်င္အမ်ိဳးအစား (၃)မ်ိဳးတပ္ဆင္ထားပါသည္။ ပထမအမ်ိဳးအစား အင္ဂ်င္မွာ (2.4L MPi Engine) (178hp), (23.3kg fm) အင္ဂ်င္ျဖစ္ပါသည္။ ဒုတိယအမ်ိဳးအစားမွာ (2.4L GDL Engine), (188 hp), (24.6kg f.m) အင္ဂ်င္ျဖစ္ပါသည္။ တတိယအမ်ိဳးအစားမွာ (2.OT- GDI Engine) (245hp), (35.7 kg f.m) အင္ဂ်င္ျဖစ္ပါသည္။ (Gear Box) မ်ားအေနျဖင့္ (G-Speed Monual Gear)ႏွင့္ (6-Speed Automatic Gear) တို႔အား မွာယူရႏိုင္ပါသည္။
အထက္ပါ (Gear Box)စနစ္မ်ားႏွင့္ တြဲဖက္ကာ (Integrated Driving Mode System)အား ထည့္သြင္းထားပါသည္။ ထိုစနစ္တြင္ (Normal/Sport/Ecn)ဟူ၍ (Driving Type) (၃)မ်ိဳးခြဲျခား ေမာင္းႏွင္ႏိုင္မည္ျဖစ္ပါသည္။
(2016 Sonata)တြင္ လံုၿခံဳေရးစနစ္မ်ားအေနျဖင့္ (Full airbags system), (Front / Rear parking assist system), (Backup camera), (Stability and Traction control) စသည့္ လံုၿခံဳေရးပါ၀င္မႈမ်ားအား ထည့္သြင္းထားပါသည္။ ထို႔အျပင္ (Adoptive Cruise Control), (Blind-spot detection system – BSD) စသည့္အဆင့္ျမင့္ လံုၿခံဳေရးစနစ္မ်ားကိုလည္း အပိုေဆာင္းပါ၀င္မႈ (Optional) အေနျဖင့္မွာယူရႏိုင္မည္ျဖစ္ပါသည္။
(2016 Hyundai Sonata)ႏွင့္ ေစ်းကြက္ယွဥ္ၿပိဳင္ဖက္ ျဖစ္ၾကသည့္ အျခားေသာ (Brands) မ်ားမွာ (2016 Toyota Camry) (2016 Nissan Altima), (20162016 Ford Fusion) တို႔ ျဖစ္ၾကပါသည္။ (Hyundai)၏ အႏွစ္(၂၀)ေက်ာ္တိုင္ေအာင္ ထင္ရွားသည့္ (Sonata Sedan)၏ သတၱမေျမာက္မ်ိဳးဆက္ျဖစ္သည့္ (New Sonata LF) အား စီစဥ္တင္ဆက္အပ္ပါသည္ခင္ဗ်ား။