Unicode version…
Toyota လို့ ပြောလိုက်ရင် ပထမဆုံးပြေးမြင်မိတာ ကမ္ဘာ့ရောင်းအားအကောင်းဆုံး Brand တွေထဲမှာ အမြဲပါ၀င်နေသူ၊ နောက်ပြီးတော့ ပြည်တွင်းမှာ လူကြိုက်အများဆုံး၊ အစီးအများဆုံး Brand အဖြစ် ရပ်တည်နေတယ်ဆိုတာပဲ ဖြစ်ပါတယ်။ Model ခွဲတွေ အများကြီးထုတ်တယ်။ လူတန်းစားမျိုးစုံ စီးနိုင်တဲ့ကားတွေ ထုတ်တယ်။ Spare Parts တွေ ပေါတယ်။ ဒီအချက်တွေကြောင့် မြန်မာနိုင်ငံကားစျေးကွက်မှာတော့ Toyota က ဘုရင်အဖြစ် နှစ်ပေါင်းများစွာ ရပ်တည်လာနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့ ပြည်တွင်းရောက် Toyota ကားအများစုဟာ ဂျပန် Used တွေ ဖြစ်နေတယ်။ ဆိုလိုတာက ဂျပန်နိုင်ငံအတွက်ပဲ အဓိကရည်ရွယ်ထုတ်လုပ်ထားတာကြောင့် ကျွန်တော်တို့ ပြည်တွင်းနဲ့ မကိုက်ညီတာမျိုးတွေတော့ ရှိတတ်ပါတယ်။ ဒါကြောင့် မော်တော်ယာဉ်ဆိုင်ရာမူဝါဒတွေ ပြောင်းလဲပြီးနောက်ပိုင်း မြန်မာနိုင်ငံကို Brand New ကားကုမ္ပဏီတွေ ၀င်ရောက်လာပြီး ကျွန်တော်တို့နိုင်ငံနဲ့ ကိုက်ညီမယ့် သီးသန့်ကားတွေကိုပဲ ရောင်းချပေးခဲ့ပါတယ်။ အခုဆိုရင် မြန်မာနိုင်ငံအတွက် သီးသန့်တင်သွင်းရောင်းချမယ့် VIOS ကားသစ်ကို ပြီးခဲ့တဲ့ စက်တင်ဘာလ (၂၉)ရက်နေ့က စတင်မိတ်ဆက်ခဲ့ပြီး တရားဝင်ရောင်းချပေးနေပြီ ဖြစ်ပါတယ်။ ဒီတော့ အသစ်စက်စက် VIOS ကားသစ်အကြောင်းကို ဆက်သွားကြရအောင်။
VIOS ဆိုတာနဲ့ အရင်ဆုံး ပြည်တွင်းမှာ အသုံးများတဲ့ Belta ကို မြင်ကြည့်လိုက်ပါ။ ဟုတ်ပါတယ်။ VIOS က Belta ရဲ့ နောက်ဆုံး Upgrade လုပ်ထားတဲ့ Model ဆို မမှားပါဘူး။ ဒါပေမဲ့ Belta လို အဆင်းသာရှိပြီး အချင်းမရှိတဲ့ ကားမျိုးတော့ မဟုတ်ပါဘူး။ VIOS ရဲ့ ရုပ်ထွက်က Belta ထက်လန်းသလို စွမ်းဆောင်ရည်၊ ကားတွင်း၊ ကားပြင် ပါ၀င်ပစ္စည်းပိုင်း၊ လုံခြုံရေးစနစ်တွေကလည်း ပိုပြီးပြည့်စုံသလို ပိုပြီးအဆင့်မြင့်ပါတယ်။ ဒါကြောင့် VIOS က အရင်က ခံစားကြုံတွေ့ဖူးမှာ မဟုတ်တဲ့ မြင့်မားတဲ့ အရည်အသွေး၊ လုပ်ဆောင်နိုင်စွမ်းဆိုင်ရာ အံ့သြဖွယ်အတွေ့အကြံုတွေ ရရှိစေနိုင်လိမ့်မယ်ဆိုပြီး Toyota Myanmar က အခိုင်အမာ အာမခံထားတာလည်း ဖြစ်ပါတယ်။
VIOS က ကျစ်လျစ်သိပ်သည်းတဲ့ နောက်ဆုံးပေါ် ဆီဒင်အဖြစ် ထုပ်လုပ်ထားတာ ဖြစ်ပြီး နောက်ဆုံးပေါ်ဒီဇိုင်း၊ သက်သောင့်သက်သာရှိပြီး ဆန်းသစ်မွမ်းမံထားတဲ့ ကားအတွင်းဘက် ဖွဲ့စည်းပုံ၊ အဆင့်မြင့်တဲ့ ULVVT-i အင်ဂျင်ရဲ့ စွမ်းဆောင်ရည်နဲ့ တည်ဆောက်ထားတဲ့ ကားတစ်စီးပါ။ 1.3L ဓာတ်ဆီအင်ဂျင်ကို အသုံးပြုထားလို့ မြို့တွင်းသုံးမယ်ဆိုရင် ဆီစားနှုန်းချိုသာစေနိုင်သလို High Way သုံးမယ်ဆိုရင်လည်း စိတ်ချလက်ချအသုံးပြုနိုင်မှာပါ။ နောက်ပြီးတော့ ချောမွေ့ပြီး ပြည့်ဝတဲ့ အဆက်မပြတ်ပြောင်းလဲနိုင်တဲ့ CVT ဂီယာစနစ်ကို အသုံးပြုထားပါသေးတယ်။ Safety အနေနဲ့တော့ ဘရိတ်ဖြုတ်စနစ်(ABS)၊ လျှပ်စစ်ဆိုင်ရာ ဘရိတ်ကို ဖြန့်ဝေပေးပို့ခြင်းစနစ်(EBD)၊ ဘရိတ်ထောက်ပ့ံကူညီခြင်းစနစ်(BA)နဲ့ အတူ Air Bag နှစ်လုံးလည်း ပါ၀င်မှာ ဖြစ်ပါတယ်။ ဒါတွေအပြင် အရှေ့ဘက်နဲ့ အနောက်ဘက်မှာ အာရုံခံကိရိယာတွေကို တပ်ဆင်ပေးထားလို့ ပါကင်ထိုးရာမှာလည်း လွယ်ကူစေမှာ ဖြစ်ပါတယ်။ Grade ခွဲ နှစ်မျိုးရရှိနိုင်ပြီး J Grade နဲ့ G Grade တို့ပဲ ဖြစ်ပါတယ်။ အပြင် Colour အရောင် ၉မျိုးနဲ့ အတွင်းပိုင်း (၂)ရောင်ကို ရွေးချယ်ဝယ်ယူနိုင်မှာပါ။ ကဲ . . .ဒီလောက်ဆိုရင် VIOS အကြောင်း တော်တော်လေးစုံစုံလင်လင် သိခွင့်ရသွားပြီလို့ မျှော်လင့်ပါတယ်။
နောက်ဆုံးအနေနဲ့ အရေးကြီးတဲ့ အချက်တစ်ချက်ကို ဖော်ပြချင်ပါသေးတယ်။ အဲဒါကတော့ VIOS ရဲ့ စျေးနှုန်းပိုင်းပါ။ သူ့စျေးနှုန်းက ရှေ့ပိုင်းမှာ ပြောထားခဲ့သလိုပဲ ချိုသာတဲ့ စျေးနှုန်းဖြစ်တဲ့ USD 17,700 ကစလို့ ၀ယ်ယူနိုင်မှာပါ။ အပြီးအစီးစျေးဖြစ်ပြီး ၀ယ်ယူသူက ၀င်ငွေခွန်တစ်ခုပဲ ထပ်ပေးဆောင်ဖို့ လိုအပ်ပါတယ်။ ပြီးတော့ ထူးခြားတဲ့ အစီအစဉ်လေးလည်း ရှိပါသေးတယ်။ အဲဒါကတော့ VIOS ကို အရစ်ကျစနစ်နဲ့လည်း ၀ယ်နိုင်တယ်ဆိုတာပါ။ AYA Bank နဲ့ ချိတ်ဆက်ကာ ၀ယ်ယူရမှာဖြစ်ပြီး အနည်းဆုံး Down payment USD 5,310 မှစကာ ပေးချေလို့ရမှာဖြစ်တယ်။ ပြီးတော့ လစဉ်ကတော့ USD 242 ထပ်မံပေးချေရမှာ ဖြစ်ပြီး ပေးသွင်းရမယ့် ကာလကတော့ (၅)နှစ် ဖြစ်ပါတယ်။ VIOS လို All New Brand ကို လက်ငင်း၊ အရစ်ကျ (၂)မျိုးလုံးနဲ့ ရွေးချယ်ဝယ်ယူနိုင်တာက Customer တွေအတွက် အထူးအခွင့်အလမ်းလို့သာ ဆိုချင်ပါတယ်။
ဆက်သွယ်ဝယ်ယူချင်တယ်ဆိုရင်တော့
Toyota Aye & Sons
No(87)A, Kaba Aye Pagoda Road, Bahan Tsp.
Shwegondine P.O 11201, Yangon.
Ph: 01-502 206, 01-540 740
Toyota Mingalar
No(6), Corner of Bayintnaung Ywarmakyaung Road,
Ward (2), Hlaing Tsp, Yangon.
Ph: 01-514 940
Zawgyi version..
Toyota လို႔ ေျပာလုိက္ရင္ ပထမဆုံးေျပးျမင္မိတာ ကမၻာ့ေရာင္းအားအေကာင္းဆုံး Brand ေတြထဲမွာ အၿမဲပါ၀င္ေနသူ၊ ေနာက္ၿပီးေတာ့ ျပည္တြင္းမွာ လူႀကိဳက္အမ်ားဆုံး၊ အစီးအမ်ားဆုံး Brand အျဖစ္ ရပ္တည္ေနတယ္ဆိုတာပဲ ျဖစ္ပါတယ္။ Model ခဲြေတြ အမ်ားႀကီးထုတ္တယ္။ လူတန္းစားမ်ဳိးစုံ စီးႏုိင္တဲ့ကားေတြ ထုတ္တယ္။ Spare Parts ေတြ ေပါတယ္။ ဒီအခ်က္ေတြေၾကာင့္ ျမန္မာႏုိင္ငံကားေစ်းကြက္မွာေတာ့ Toyota က ဘုရင္အျဖစ္ ႏွစ္ေပါင္းမ်ားစြာ ရပ္တည္လာႏုိင္ခဲ့တာ ျဖစ္ပါတယ္။ ဒါေပမဲ့ ျပည္တြင္းေရာက္ Toyota ကားအမ်ားစုဟာ ဂ်ပန္ Used ေတြ ျဖစ္ေနတယ္။ ဆုိလုိတာက ဂ်ပန္ႏုိင္ငံအတြက္ပဲ အဓိကရည္ရြယ္ထုတ္လုပ္ထားတာေၾကာင့္ ကၽြန္ေတာ္တုိ႔ ျပည္တြင္းနဲ႔ မကုိက္ညီတာမ်ဳိးေတြေတာ့ ရွိတတ္ပါတယ္။ ဒါေၾကာင့္ ေမာ္ေတာ္ယာဥ္ဆုိင္ရာမူ၀ါဒေတြ ေျပာင္းလဲၿပီးေနာက္ပုိင္း ျမန္မာႏုိင္ငံကို Brand New ကားကုမၸဏီေတြ ၀င္ေရာက္လာၿပီး ကၽြန္ေတာ္တုိ႔ႏုိင္ငံနဲ႔ ကုိက္ညီမယ့္ သီးသန္႔ကားေတြကုိပဲ ေရာင္းခ်ေပးခဲ့ပါတယ္။ အခုဆုိရင္ ျမန္မာႏုိင္ငံအတြက္ သီးသန္႔တင္သြင္းေရာင္းခ်မယ့္ VIOS ကားသစ္ကုိ ၿပီးခဲ့တဲ့ စက္တင္ဘာလ (၂၉)ရက္ေန႔က စတင္မိတ္ဆက္ခဲ့ၿပီး တရား၀င္ေရာင္းခ်ေပးေနၿပီ ျဖစ္ပါတယ္။ ဒီေတာ့ အသစ္စက္စက္ VIOS ကားသစ္အေၾကာင္းကုိ ဆက္သြားၾကရေအာင္။
VIOS ဆုိတာနဲ႔ အရင္ဆုံး ျပည္တြင္းမွာ အသုံးမ်ားတဲ့ Belta ကုိ ျမင္ၾကည့္လုိက္ပါ။ ဟုတ္ပါတယ္။ VIOS က Belta ရဲ႕ ေနာက္ဆုံး Upgrade လုပ္ထားတဲ့ Model ဆုိ မမွားပါဘူး။ ဒါေပမဲ့ Belta လုိ အဆင္းသာရွိၿပီး အခ်င္းမရွိတဲ့ ကားမ်ဳိးေတာ့ မဟုတ္ပါဘူး။ VIOS ရဲ႕ ႐ုပ္ထြက္က Belta ထက္လန္းသလုိ စြမ္းေဆာင္ရည္၊ ကားတြင္း၊ ကားျပင္ ပါ၀င္ပစၥည္းပုိင္း၊ လုံၿခဳံေရးစနစ္ေတြကလည္း ပုိၿပီးျပည့္စုံသလုိ ပုိၿပီးအဆင့္ျမင့္ပါတယ္။ ဒါေၾကာင့္ VIOS က အရင္က ခံစားႀကံဳေတြ႔ဖူးမွာ မဟုတ္တဲ့ ျမင့္မားတဲ့ အရည္အေသြး၊ လုပ္ေဆာင္ႏုိင္စြမ္းဆုိင္ရာ အံ့ၾသဖြယ္အေတြ႔အႀကံဳေတြ ရရွိေစႏုိင္လိမ့္မယ္ဆုိၿပီး Toyota Myanmar က အခုိင္အမာ အာမခံထားတာလည္း ျဖစ္ပါတယ္။
VIOS က က်စ္လ်စ္သိပ္သည္းတဲ့ ေနာက္ဆုံးေပၚ ဆီဒင္အျဖစ္ ထုပ္လုပ္ထားတာ ျဖစ္ၿပီး ေနာက္ဆုံးေပၚဒီဇုိင္း၊ သက္ေသာင့္သက္သာရွိၿပီး ဆန္းသစ္မြမ္းမံထားတဲ့ ကားအတြင္းဘက္ ဖဲြ႔စည္းပုံ၊ အဆင့္ျမင့္တဲ့ ULVVT-i အင္ဂ်င္ရဲ႕ စြမ္းေဆာင္ရည္နဲ႔ တည္ေဆာက္ထားတဲ့ ကားတစ္စီးပါ။ 1.3L ဓာတ္ဆီအင္ဂ်င္ကုိ အသုံးျပဳထားလုိ႔ ၿမိဳ႕တြင္းသုံးမယ္ဆုိရင္ ဆီစားႏႈန္းခ်ဳိသာေစႏုိင္သလုိ High Way သုံးမယ္ဆုိရင္လည္း စိတ္ခ်လက္ခ်အသုံးျပဳႏုိင္မွာပါ။ ေနာက္ၿပီးေတာ့ ေခ်ာေမြ႔ၿပီး ျပည့္၀တဲ့ အဆက္မျပတ္ေျပာင္းလဲႏုိင္တဲ့ CVT ဂီယာစနစ္ကုိ အသုံးျပဳထားပါေသးတယ္။ Safety အေနနဲ႔ေတာ့ ဘရိတ္ျဖဳတ္စနစ္(ABS)၊ လွ်ပ္စစ္ဆုိင္ရာ ဘရိတ္ကုိ ျဖန္႔ေ၀ေပးပုိ႔ျခင္းစနစ္(EBD)၊ ဘရိတ္ေထာက္ပ့ံကူညီျခင္းစနစ္(BA)နဲ႔ အတူ Air Bag ႏွစ္လုံးလည္း ပါ၀င္မွာ ျဖစ္ပါတယ္။ ဒါေတြအျပင္ အေရွ႕ဘက္နဲ႔ အေနာက္ဘက္မွာ အာ႐ုံခံကိရိယာေတြကုိ တပ္ဆင္ေပးထားလုိ႔ ပါကင္ထုိးရာမွာလည္း လြယ္ကူေစမွာ ျဖစ္ပါတယ္။ Grade ခဲြ ႏွစ္မ်ဳိးရရွိႏုိင္ၿပီး J Grade နဲ႔ G Grade တုိ႔ပဲ ျဖစ္ပါတယ္။ အျပင္ Colour အေရာင္ ၉မ်ဳိးနဲ႔ အတြင္းပုိင္း (၂)ေရာင္ကုိ ေရြးခ်ယ္၀ယ္ယူႏုိင္မွာပါ။ ကဲ . . .ဒီေလာက္ဆိုရင္ VIOS အေၾကာင္း ေတာ္ေတာ္ေလးစုံစုံလင္လင္ သိခြင့္ရသြားၿပီလုိ႔ ေမွ်ာ္လင့္ပါတယ္။
ေနာက္ဆုံးအေနနဲ႔ အေရးႀကီးတဲ့ အခ်က္တစ္ခ်က္ကုိ ေဖာ္ျပခ်င္ပါေသးတယ္။ အဲဒါကေတာ့ VIOS ရဲ႕ ေစ်းႏႈန္းပုိင္းပါ။ သူ႔ေစ်းႏႈန္းက ေရွ႕ပုိင္းမွာ ေျပာထားခဲ့သလုိပဲ ခ်ဳိသာတဲ့ ေစ်းႏႈန္းျဖစ္တဲ့ USD 17,700 ကစလုိ႔ ၀ယ္ယူႏုိင္မွာပါ။ အၿပီးအစီးေစ်းျဖစ္ၿပီး ၀ယ္ယူသူက ၀င္ေငြခြန္တစ္ခုပဲ ထပ္ေပးေဆာင္ဖုိ႔ လုိအပ္ပါတယ္။ ၿပီးေတာ့ ထူးျခားတဲ့ အစီအစဥ္ေလးလည္း ရွိပါေသးတယ္။ အဲဒါကေတာ့ VIOS ကုိ အရစ္က်စနစ္နဲ႔လည္း ၀ယ္ႏုိင္တယ္ဆုိတာပါ။ AYA Bank နဲ႔ ခ်ိတ္ဆက္ကာ ၀ယ္ယူရမွာျဖစ္ၿပီး အနည္းဆုံး Down payment USD 5,310 မွစကာ ေပးေခ်လုိ႔ရမွာျဖစ္တယ္။ ၿပီးေတာ့ လစဥ္ကေတာ့ USD 242 ထပ္မံေပးေခ်ရမွာ ျဖစ္ၿပီး ေပးသြင္းရမယ့္ ကာလကေတာ့ (၅)ႏွစ္ ျဖစ္ပါတယ္။ VIOS လုိ All New Brand ကုိ လက္ငင္း၊ အရစ္က် (၂)မ်ဳိးလုံးနဲ႔ ေရြးခ်ယ္၀ယ္ယူႏုိင္တာက Customer ေတြအတြက္ အထူးအခြင့္အလမ္းလုိ႔သာ ဆုိခ်င္ပါတယ္။
ဆက္သြယ္၀ယ္ယူခ်င္တယ္ဆုိရင္ေတာ့
Toyota Aye & Sons
No(87)A, Kaba Aye Pagoda Road, Bahan Tsp.
Shwegondine P.O 11201, Yangon.
Ph: 01-502 206, 01-540 740
Toyota Mingalar
No(6), Corner of Bayintnaung Ywarmakyaung Road,
Ward (2), Hlaing Tsp, Yangon.
Ph: 01-514 940