အာဆီယံေဒသအတြင္း ေမာ္ေတာ္ယာဥ္ဆုိင္ရာဖြံ႔ျဖိဳးတုိးတက္ေရးအတြက္ ဖြဲ႕စည္းတည္ေထာင္ ထားေသာ AFF (Asean Automotive Federation) ၏အစည္းအေဝးကုိ AAM(Automotive Association of Myanmar) မွဦးစီးျပီး ပထမဆုံးအၾကိမ္ေနျပည္ေတာ္တြင္က်င္းပမည္ျဖစ္ေၾကာင္း သိရ သည္။ AAM သည္ ၂၀၁၆ ခုႏွစ္တြင္ AFF အသင္းဝင္ျဖစ္လာခဲ့ျပီး ၎အသင္း၏အစည္း အေဝး ပဲြမ်ားသုိ႔ ၉ ၾကိမ္အထိတက္ေရာက္ခဲ့ဖူးသည္။ AFF ၏ TC1 Meeting မ်ားကုိ တစ္ႏွစ္တစ္ၾကိမ္ အဖြဲ႔ ဝင္ႏိုင္ငံမ်ား၌ အလွည့္က်ျပဳလုပ္က်င္းပခဲ့ပါသည္။ ထုိ႔ေၾကာင့္ ယခုႏွစ္အလွည့္က်အဖြဲ႔ဝင္ျဖစ္ေသာ ျမန္ မာႏိုင္ငံတြင္လည္း လာမည့္ မတ္လ၁၈ ႏွင့္ ၁၉ ရက္ေန႔မ်ားတြင္ ေနျပည္ေတာ္ရွိ Mgallery ၌က်င္း ပျပဳလုပ္သြားမည္ျဖစ္ကာ ထုိအစည္းအေဝးမွ အျခားႏိုင္ငံခ်င္းႏိုင္ငံမ်ားရွိေမာ္ေတာ္ယာဥ္ဆုိင္ရာ အေတြ႔အၾကဳံမ်ား နည္းပညာမ်ား၊ မူဝါဒမ်ား၊အခြန္၊ထုတ္လုပ္ေရာင္းခ်မွဳဆုိင္ရာမ်ားကုိ ႏွီးေနွာဖလွယ္ ခြင့္ရရွိမည္ျဖစ္သည္။


Unicode Version…
AFF (Asean Automotive Federation) ၏အစည်းအဝေးကို AAM(Automotive Association of Myanmar) မှဦးစီးပြီး ပထမဆုံးအကြိမ်နေပြည်တော်တွင်ကျင်းပမည်
အာဆီယံဒေသအတွင်း မော်တော်ယာဉ်ဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေးအတွက် ဖွဲ့စည်းတည်ထောင် ထားသော AFF (Asean Automotive Federation) ၏အစည်းအဝေးကို AAM(Automotive Association of Myanmar) မှဦးစီးပြီး ပထမဆုံးအကြိမ်နေပြည်တော်တွင်ကျင်းပမည်ဖြစ်ကြောင်း သိရ သည်။ AAM သည် ၂၀၁၆ ခုနှစ်တွင် AFF အသင်းဝင်ဖြစ်လာခဲ့ပြီး ၎င်းအသင်း၏အစည်း အဝေး ပွဲများသို့ ၉ ကြိမ်အထိတက်ရောက်ခဲ့ဖူးသည်။ AFF ၏ TC1 Meeting များကို တစ်နှစ်တစ်ကြိမ် အဖွဲ့ ဝင်နိုင်ငံများ၌ အလှည့်ကျပြုလုပ်ကျင်းပခဲ့ပါသည်။ ထို့ကြောင့် ယခုနှစ်အလှည့်ကျအဖွဲ့ဝင်ဖြစ်သော မြန် မာနိုင်ငံတွင်လည်း လာမည့် မတ်လ၁၈ နှင့် ၁၉ ရက်နေ့များတွင် နေပြည်တော်ရှိ Mgallery ၌ကျင်း ပပြုလုပ်သွားမည်ဖြစ်ကာ ထိုအစည်းအဝေးမှ အခြားနိုင်ငံချင်းနိုင်ငံများရှိမော်တော်ယာဉ်ဆိုင်ရာ အတွေ့အကြုံများ နည်းပညာများ၊ မူဝါဒများ၊အခွန်၊ထုတ်လုပ်ရောင်းချမှုဆိုင်ရာများကို နှီးနှောဖလှယ် ခွင့်ရရှိမည်ဖြစ်သည်။