AI နည်းပညာပါဝင်သည့် Toyota LQ Concept

Toyota သည္ Toyota Concept – i EV အား 2017 တြင္ က်င္းပခဲ့သည့္ Consumer Electric Show တြင္ မိတ္ဆက္ခဲ့ၿပီး ၎ကို အေျခခံၿပီး အဆင့္ျမွင့္တင္ထားသည့္ Evolution of Concept – i အား 2020 တြင္က်င္းပမည့္ Tokyo Olympic အားကစားပြဲေတာ္တြင္ပါ၀င္ေစမည္ဟု ထိုစဥ္က တခါတည္းေၾကျငာထားပါသည္။ New LQ Concept အား ယခုႏွစ္တြင္ က်င္းပမည့္ Tokyo Motor Show တြင္ ထည့္သြင္းမိတ္ဆက္မည္ျဖစ္ၿပီး Toyota မွ Yui ဟု အမည္ေပးထားသည့္ ( A I – မွတ္ဥာဏ္စနစ္ ) ပါ၀င္မည္ျဖစ္သည္။ Yui AI အား ယာဥ္၏ Instrument Panel ၏ အလည္တြင္ 3D – Printed ျဖင့္ ေတြ႔ျမင္ရမည္ျဖစ္ကာ ( Lives ) ဟု ေခၚဆိုမည္။ Yui သည္ ယာဥ္ေမာင္း၏လႈပ္ရွားမႈ အေပၚ Voice Command ျဖင့္ တုန္႔ျပန္ေစျခင္း ၊ ယာဥ္တခုလုံး၏ လုံျခံဳမႈကို ေကာင္းစြာထိန္းခ်ဳပ္ ေစျခင္း ၊ အေရးေပၚမီးမ်ားကို လိုအပ္ပါက Auto စီစဥ္ေစႏိုင္ျခင္း ၊ ထိုင္ခုံမ်ားလႈပ္ရွားမႈအတြက္ လိုအပ္သည့္ Power ကို Charging ျဖည့္သြင္းေပးျခင္း အပါအ၀င္လုပ္ေဆာင္ခ်က္မ်ားစြာကို ေဆာင္ရြက္ေပးႏိုင္ပါသည္။ ယာဥ္ေမာင္းႏြမ္းနယ္ေနသည္ဟု Yui မွ သံသယရွိပါက ထိုင္ခုံ အပူ / အေအးကို လိုသလိုဖန္တီးေပးျခင္း Def – Con စနစ္ကို သုံး၍ ထိုင္ခုံအေနအထားကို သက္ေတာင့္သက္သာခ်ိန္ညွိေပးျခင္း စသည့္ Function မ်ားကိုလည္း ေဆာင္ရြက္ေပးပါမည္။ Yui AI အျပင္ အျခားေသာ အဆင့္ျမင့္နည္းပညာမ်ား အေနျဖင့္ – Organic LED instrument Augmented – reality HUD ၊ Level 4 အဆင့္ရွိသည့္ Autonomous Driving ( Automated Vale System – ၎စနစ္အတြက္ Panasonic ၏ Camera ႏွင့္ Sensors မ်ားကို အသုံးျပဳထားပါသည္ ) တို႔ပါ၀င္ပါမည္။ Toyota သည္ LQ Concept အား 2020 Tokyo Olympic တြင္ မိတ္ဆက္ ေမာင္းႏွင္ၿပီးေနာက္ လူထုသို႔ Road Show ျပသရန္လည္း စီစဥ္ထားပါသည္။

AI နည်းပညာပါဝင်သည့် Toyota LQ Concept
Toyota သည် Toyota Concept – i EV အား 2017 တွင် ကျင်းပခဲ့သည့် Consumer Electric Show တွင် မိတ်ဆက်ခဲ့ပြီး ၎င်းကို အခြေခံပြီး အဆင့်မြှင့်တင်ထားသည့် Evolution of Concept – i အား 2020 တွင်ကျင်းပမည့် Tokyo Olympic အားကစားပွဲတော်တွင်ပါဝင်စေမည်ဟု ထိုစဉ်က တခါတည်းကြေငြာထားပါသည်။ New LQ Concept အား ယခုနှစ်တွင် ကျင်းပမည့် Tokyo Motor Show တွင် ထည့်သွင်းမိတ်ဆက်မည်ဖြစ်ပြီး Toyota မှ Yui ဟု အမည်ပေးထားသည့် ( A I – မှတ်ဉာဏ်စနစ် ) ပါဝင်မည်ဖြစ်သည်။ Yui AI အား ယာဉ်၏ Instrument Panel ၏ အလည်တွင် 3D – Printed ဖြင့် တွေ့မြင်ရမည်ဖြစ်ကာ ( Lives ) ဟု ခေါ်ဆိုမည်။ Yui သည် ယာဉ်မောင်း၏လှုပ်ရှားမှု အပေါ် Voice Command ဖြင့် တုန့်ပြန်စေခြင်း ၊ ယာဉ်တခုလုံး၏ လုံခြုံမှုကို ကောင်းစွာထိန်းချုပ် စေခြင်း ၊ အရေးပေါ်မီးများကို လိုအပ်ပါက Auto စီစဉ်စေနိုင်ခြင်း ၊ ထိုင်ခုံများလှုပ်ရှားမှုအတွက် လိုအပ်သည့် Power ကို Charging ဖြည့်သွင်းပေးခြင်း အပါအဝင်လုပ်ဆောင်ချက်များစွာကို ဆောင်ရွက်ပေးနိုင်ပါသည်။ ယာဉ်မောင်းနွမ်းနယ်နေသည်ဟု Yui မှ သံသယရှိပါက ထိုင်ခုံ အပူ / အအေးကို လိုသလိုဖန်တီးပေးခြင်း Def – Con စနစ်ကို သုံး၍ ထိုင်ခုံအနေအထားကို သက်တောင့်သက်သာချိန်ညှိပေးခြင်း စသည့် Function များကိုလည်း ဆောင်ရွက်ပေးပါမည်။ Yui AI အပြင် အခြားသော အဆင့်မြင့်နည်းပညာများ အနေဖြင့် – Organic LED instrument Augmented – reality HUD ၊ Level 4 အဆင့်ရှိသည့် Autonomous Driving ( Automated Vale System – ၎င်းစနစ်အတွက် Panasonic ၏ Camera နှင့် Sensors များကို အသုံးပြုထားပါသည် ) တို့ပါဝင်ပါမည်။ Toyota သည် LQ Concept အား 2020 Tokyo Olympic တွင် မိတ်ဆက် မောင်းနှင်ပြီးနောက် လူထုသို့ Road Show ပြသရန်လည်း စီစဉ်ထားပါသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here