အီတလီအခြေစိုက် Alfa Romeo သည် Subcompact Luxury SUV ဖြစ်သည့် 2024 Tonale အား New Model အနေဖြင့် ပွဲထုတ်လိုက်ပါသည်။ ၎င်းအား Audi Q3 , BMW X1 , Mercedes-Benz GLA တို့နှင့် ယှဉ်ပြိုင်ရန်ရည်ရွယ်ပါသည်။ Alfa Romeo Tonale သည် Brand ၏ ပထမဆုံး PHEV Model လည်းဖြစ်ပြီး ၎င်း၏ Size နှင့် Level သည် Alfa Romeo Stelvie SUV ထက် အဆင့်နိမ့်ပါသည်။ ၎င်းသည် Jeep Compass နှင့် Platform Sharing Model ဖြစ်ကာ အသစ်ထွက်ရှိမည့် Dodge Hornet နှင့်လည်း Related Model ဖြစ်ပါသည်။

2024 Model အနေဖြင့် ရောင်းချမည့် Tonale SUV တွင် 1.3L Turbo I4 PHEV Powertrain ,   ( 285hp ) နှင့် 9 – Speed Auto Gear တို့တွဲဖက်ထားပြီး AWD System ဖြစ်သည်ကိုသိရှိရပါသည်။ 2024 Tonale အား ( USD 44500 ) မှ စတင်ပြီး ဈေးနှုန်း သတ်မှတ်ကာ ( U.S.A ) တွင် Pre Order လက်ခံပေးနေပြီး ၎င်းတွင် Veloce နှင့် Ti ဟူ၍ Top Level Trim ( ၂ ) မျိုး ပါဝင်မည်ဖြစ်သည်။ ထို့အတူ Standard Features များအနေဖြင့် -Remote Start , 10.3-inch Touch Screen , Apple Carplay / Android Auto တို့ ပါဝင်ဖြစ်သည်။

( ကြိုးမဲ့  ဖုန်း အားသွင်းစနစ် ) ၊ ( Power Lift Gate ) ၊ (Ambient Lighting ) တို့အား Optional ရနိုင်မည်ဟုဆိုထားပြီး 2024 Tonale တွင် လူငယ်ကြိုက်ဖြစ်သည့် Sporty Features များကိုလည်း ရနိုင်မည်ဖြစ်ကာ ၎င်းတို့မှာ-Brembo Brake , 19-inch Sport Alloy , Sporty Adaptive Suspension တို့ဖြစ်ပါသည်။ 2024 Tonale PHEV သည် Ford Escape PHEV , Toyota RAV 4 Prime , Hyundai Santa Fe PHEV တို့ကဲ့သို့ ထူးခြားသည့် စွမ်းဆောင်ရည်ပိုင်ဆိုင်သည့် Model ဖြစ်သည်။

#DriveMediaMyanmar