Alfa Romeo သည် Tonale နှင့် Stelvio ကဲ့သို့ SUV များစွာဖန်တီးထားသည့်အပြင် Entry-Level Crossover ဖြစ်သည့် Brennero ကိုလည်း 2024 တွင်မိတ်ဆက်ပါမည်။ Alfa အနေဖြင့် High-Riding Portfolio Lineup Model များအား 2026-2027 တွင်ဆက်လက်ထုတ်လုပ်မည်ဖြစ်ပြီး Full Size EV SUV အသစ်ပါဝင်ပါမည်။ Sedan အနေဖြင့် နာမည်ကျော် Giulia Sedan အားဆက်လက်ထုတ်လုပ်မည်ဖြစ်ပြီး Stellantis Group ၏ Pomigliano Factory တွင်တပ်ဆင်ထုတ်လုပ်မည့် မျိုးဆက်သစ် Giulia Sedan အား EV Only Model အနေဖြင့် ပြောင်းလဲထုတ်လုပ်ပါမည်။ All New Giulia Sedan တွင်ပုံမှန် ICE Engine အမျိုးအစား ပါဝင်မည်မဟုတ်ပါ။ Alfa Romeo သည် 2027 တွင် Pure EV Brand အဖြစ်သို့ ပြောင်းလဲမည်ဖြစ်သည်။ Facelift အနေဖြင့်ထွက်ရှိလာသည့် New Giulia Sedan အား 2023 တွင်စတင်ရောင်းချမည်ဖြစ်ပြီး ဓာတ်ဆီ (သို့) ဒီဇယ်အင်ဂျင်များ ပါဝင်ပါမည်။

 

အသစ်ပြောင်းလဲမည့် Giulia EV Version ထွက်ရှိလာပါက 2023 အထိထုတ်လုပ်မည့် လက်ရှိ Giulia Generation ၏ ICE Engine အား Compact Tonale Crossover တွင်ဆက်လက်အသုံးပြုမည်ဟု Brand ၏အကြီးအကဲဖြစ်သူ Mr Hancho မှဆိုပါသည်။ Alfa Rome အနေဖြင့် Duetto နှင့် Tipo 33 Model များကို မှီငြမ်းကာ One-off Model နှင့် Few-offs Model ဖြစ်သည့် Sports Car အချို့ကိုလည်း ထုတ်လုပ်ရန်အစီအစဉ်ရှိပါသည်။ သို့သော် SUV Model များကိုသာ ဦးစားပေး ထုတ်လုပ်မည်ဖြစ်ပြီး 2027 အတွင်း SUV Model အသစ် (၄) မျိုး ဆက်လက်ထုတ်လုပ်ပါမည်။ အသစ်ထွက်ရှိထားသည့် Alfa Romeo New Tonale SUV အားနှစ်တနှစ်တွင် Global Market အတွက် အစင်းရေတသိန်းခန့် ရောင်းချရန် Stellantis Group မှမျှော်မှန်းထားပါသည်။

 

#DriveMediaMyanmar