Unicode version
အီတလီအခြေစိုက် Alfa Romeo ၏ (FCA ငါးနှစ်စီမံကိန်းအရ) 2018 တွင် Model အသစ်(၈ ) မျိုး ထုတ်လုပ်မည်ဖြစ်ပြီး ၎င်းတို့တွင် ( Specialty ) ကားသစ်များလည်း အပါအဝင်ဖြစ်သည်။ ယခု လက်ရှိ Model များတွင် Giulia နှင့် Stevia တို့သည် ထင်ရှားပြီး ၎င်းတို့ ထက်ပို၍ ဆန်းသစ်ပြီး ပို၍ Far – Racing ဖြစ်သည့် ကားသစ်များကို ဆက်လက်ထုတ်လုပ်ရန် စီစဉ်ထားသည်ဟု Brand Head ဖြစ်သူ Mr Tim Kuniskis မှ ပြောကြားထားပါသည်။ စွမ်းဆောင်ရည်မြှင့်ထားသည့် 8C နှင့် GTV Hybrid Models များအား 2020 နောက်ဆုံးထား၍ ထုတ်လုပ်မည်ဖြစ်သည်။ 2014 မှစ၍ Alfa Romeo ၏ ရောင်းအားသည် ( ၁၆၀% ) အထိ တိုးတက်လာပြီး ( 2018 ) အထိ အစင်းရေ (၁၇၀၀၀၀ ) ခန့် ရောင်းချရခဲ့ပါသည်။ အဓိကအားဖြင့် တောင့်တင်းခိုင်မာပြီး စတိုင်ကျလှပသည့် ကားပုံစံများကို သာ ဦးစားပေး ထုတ်လုပ်မည်ဖြစ်သည်။ Giulia ၏ ( LWB Version ) အား တရုတ်စျေးကွက် အတွက် သီးသန့်အနေဖြင့် ထုတ်လုပ်မည်ဖြစ်သည်။ New 8C Model အား ( Carbon – Fiber Chassis ) ဖြင့် ဖန်တီးမည်ဖြစ်ပြီး 700 hp output ရရှိသည့် ( Mid – mounted twin – turbo V6 Engine ) နှင့် ( 4 WD System ) တို့အား တပ်ဆင်ထားပါမည်။ New BC သည် ( 0 to 60 mph ) အား( 3.0 Second ) ဖြင့် အမြန်ဆုံးရောက်ရှိနိုင်မည်လည်းဖြစ်သည်။ New GTV တွင် 600 hp Hybrid Powertrain / 4 – Seaters / (AWD System ) တို့ပါရှိမည်ဖြစ်ပြီး (Torque Vectoring ) နှင့် ( 50 / 50 Weight ) စနစ်များဖြင့် ဖန်တီးထားပါသည်။ နမူနာ ဓါတ်ပုံများအရ New GTV သည် (Giulia ) ကဲ့သို့ ပုံစံဖြစ်ပါ သည်။ ထပ်မံထုတ်လုပ်မည့် (Model ) ၆ မျိုးတွင် ( Plug – in Hybrid with All – Electric Range ) နှင့် ( Level 3 Autonomous System ) များပါ၀င်မည်ဖြစ်သည်။
Zawgyi version…