Zawgyi Version…

Alfa Romeo’s Nero Edizione package for 2.0L Giulia and Stelvio models

Unicode Version…

Alfa Romeo ၏ Concept Model ဖြစ်သော Compact Crossover Tonale ထွက်ရှိလာ
Alfa Romeo သည် Ton ale Concept Model အား Geneva ကားပြပွဲတွင် မိတ်ဆက်ပြသ ခဲ့ပြီး ။ အဆိုပါ PHEV အား Metallic Red အရောင်ဖြင့် တင်ဆက်ခဲ့သည်။ ၎င်းသည် Perdition Model အဖြစ် ထွက်ရှိသည်ဖြစ်ပြီး Alfa Romeo ၏ ပထမဆုံး CUV လည်းဖြစ်လာမည်ဖြစ်သည်။ ၎င်း၏ ဒီဇိုင်းသည်များစွာ ဆန်းသစ်ပြီး Stevia Styling ကို ပေါင်းစပ်ထားသည့် အပြင်ခန့်ထည်သည့် ပုံစံ ဖြင့်တွေ့မြင်ရမည်ဖြစ်ကာ ဂန္ထဝင်ဆန်သည့် Phone – dial wheel များနှင့် Brea Covpe ၏ အသွင်အပြင်များလည်း ပါဝင်ပါမည်။ အတွင်းခန်းသည် များစွာခေတ်ရှေ့ပြေးပြီး Alfa Romeo ၏ သင်္ကေတဖြစ်သည့် Dashboard အပြင်အဆင် Bucket Shapes Gauge ၊ Sport Car များတွင် ပါဝင်လေ့ရှိသည့် Racing Buckets Seats အပါအဝင် ထူးခြားသည့် Features များစွာ ထည့်သွင်း ထားပါသည်။ Alfa Romeo အတွက် ပထမဆုံးသော Electric Power အား Tonale Concept တွင် စတင်ထည့်သွင်းမည်ဖြစ်ပြီး Brand ၏ ( Mechanics of Emotions ) အား အဓိက ဖေါ်ဆောင်မှု အစီအစဉ်တရပ်ဖြစ်သည်။ Tonale Concept တွင် Plug – in – Hybrid စနစ်အသုံးပြု ထားပြီး လျှပ်စစ်မော်တာအား ကားအနောက်တွင်ထားရှိပါမည်။ ယခင်ကမိတ်ဆက်ဖူးခဲ့သည့် ( ရုပ်ကြွင်း လောင်စာသီးသန့် ) တို့သည် Alfa Romeo Model များတွင် ပါရှိသည်။ DNA Selector လည်း ပါရှိ မည်ဖြစ်ပြီး ၎င်းတွင် ( Dynamic / Natural / Advanced Efficiency Modes ) များကို ထည့်သွင်း ထားမည်ဖြစ်သော်လည်း Dynamic Mode အစား – Dual Power Mode တို့၎င်း ၊ Advanced E Mode အား Full Electric Mode အနေဖြင့် ၎င်း ပြောင်းလဲထည့်သွင်းထား မည်ဖြစ်သည်။