လတ်တလော ကမ္ဘာအနှံ့ပျံ့နှံ့နေတဲ့ Coronavirus ကြောင့် ထိခိုက်နစ်နာရသူတွေထဲမှာ ကားထုတ်လုပ်ရေးလုပ်ငန်းတွေပါပါဝင်လာပြီး နာမည်ကြီးကားထုတ်လုပ်ရေးအများစုဆိုရင် ဥရောပတစ်လွှားက သူတို့ရဲ့စက်ရုံတွေကို ပိတ်ထားလိုက်ကြပါပြီ။ Volkswagen, Seat, Renault, Dacia, Skoda, Peugeot Citroen, Volvo, Ford, GM and Fiat Chrysler Automobiles တို့ကလည်း ကမ္ဘာတစ်လွှားက သူတိုရဲ့စက်ရုံတွေကိုပိတ်လိုက်ကြပြီဖြစ်သလို ကျွမ်းကျင်သူတွေကလည်း automotive sector ရဲ့အနာဂတ်အတွက် အကြီးအကျယ်စိုးရိမ်ပူပန်နေကြပါတယ်။

UK ကားထုတ်လုပ်ရေးလုပ်ငန်းတွေအနေနဲ့ ထိခိုက်နစ်နာနိုင်မှုတွေအတွက် ထိတ်လန့်ကြောက်ရွံ့နေကြပြီး လက်ရှိမှာ Bentley (Crewe) BMW (Hams Hall) Jaguar Land Rover (Birmingham, Halewood) Mini (Oxford) Nissan (Sunderland) Rolls-Royce (Goodwood) Toyota (Burnaston) Vauxhall (Ellesmere Port and Luton) စတဲ့ UK က ကားစက်ရုံတွေကိုပိတ်ထားကြပြီဖြစ်ပါတယ်။

 

 

တရုတ်ကားဈေးကွက်မှာတော့ Coronavirus ဂယက်ကြောင့် ဖေဖော်ဝါရီလအတွင်းမှာ ဝယ်လိုအား ၉၂% လောက် ကျဆင်းသွားခဲ့တာကြောင့် ကားထုတ်လုပ်သူတွေက အမှာစာတွေကို website က ပေးပို့နိုင်အောင်ဖန်တီးပေးထားပြီး အိမ်အရောက်ပို့ဆောင်ပေးမယ့်စနစ်ကို လည်း စီစဉ်ပေးလာကြပြီး ကားဝယ်ယူလိုတဲ့ customer တွေကလည်း ကားတွေကို online ကနေပဲရှာဖွေကြည့်ရှုလာကြပါပြီ။ Geneva motor show နဲ့ New York motor show တွေကိုလည်း လူစုလူဝေးဖြစ်မှာစိုးတာကြောင့် ကျင်းပချိန်ရွှေ့ဆိုင်းထားရပါတယ်။