

Zawgyi Version…….

Unicode Version…..
ပထမဆုံး All-Electric Hyper Carကားဖြစ်လာမည့် Lotus Evija
——————————————————-
ဗြိတိန်အခြေစိုက် ပြိုင်ကားနှင့် Sports ကား ထုတ်လုပ်ရေးကုမ္ပဏီLotus သည် ပထမဆုံး All-Electric Hyper Car အဖြစ် မြင်တွေ့ရမည့် Evija ကို ထုတ်ဖော်ပြသသွားခဲ့သည်။
Lotus Evija ၏ ရုပ်ထွက်ပိုင်းသည် Sci-fi ဒီဇိုင်းဖြင့် ပွဲထွက်လာခဲ့ပြီး စွမ်းဆောင်ရည် အမြင့်မားဆုံး ကားတစ်စီးအဖြစ် အထူးဖန်တီးထားသည်။
Evija သည် မြင်းကောင်ရေ 1973hp ထိ ထွက်ရှိမည်ဖြစ်ကာ ရုန်းအား 1254lb ft ထိ ရရှိမည်ဖြစ်ပြီး အထူးလျင်မြန်သည့် အမြင့်မားဆုံး စွမ်းဆောင်ရည်ကို ရရှိစေနိုင်မည်ဖြစ်သည်။
Evija သည် မောင်းနှင်နိုင်မှုနှုန်းအရ 0-60mph ကို ၃ စက္ကန့်အတွင်း မောင်းနှင်နိုင်မည်ဖြစ်ပြီး အလျင်မြန်ဆုံးအဖြစ် တစ်နာရီ မိုင်(၂၀၀) နှုန်းဖြင့် မောင်းနှင်နိုင်မည်ဖြစ်သည်။
Lotus သည် Evija ကို 350kW charger ဖြင့် ဘက္ထရီ (၈၀)ရာခိုင်နှုန်းကို (၁၂)မိနစ်အတွင်း ဖြည့်တင်းနိုင်အောင် ဖန်တီးထားသည်။
Evija သည် ပထမဆုံး အလွန်ပေါ့ပါးသည့် လျှပ်စစ်သီးသန့်ကားဖြစ်ကြောင်း Lotus က ပြောကြားသွားခဲ့ပြီး လာမည့်နှစ်တွင် စတာလင်ပေါင် (၁.၉)သန်းခန့်ဖြင့် စတင်ရောင်းချသွားမည်ဖြစ်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here