Hyundai India သည် India ဈေးကွက်ရှိ Hyundai Model များတွင် လူကြိုက်များသည့် Verna အား All – New Model အနေဖြင့် ပြောင်းလဲပြီး 2023 တွင် ရောင်းချပါမည်။ New – Generation ဖြစ်လာသည့် Hyundai Verna အတွက် Sales Order များကို စတင်လက်ခံနေပြီး ကား၏ Trim နှင့် Spec တို့ကိုလည်း အမှာစာတွင် ထည့်သွင်းပေးထားပါသည်။ Hyundai India မှ နမူနာဓာတ်ပုံအချို့အား ထုတ်ဖေါ်ပြသလိုက်ပြီး အဆိုပါ ဓာတ်ပုံများအရ – All New Verna တွင် – ( Double Layer Headlamp Setup ) နှင့် All – New Grille Design တို့ဖြင့် လှပခန့်ညားစွာ ဖန်တီးထားပါသည်။

2023 Hyundai Verna တွင် Trim Level များအနေဖြင့် – EX ၊ S ၊ SX SX ( 0 ) ဟူ၍ ( ၄ ) မျိုးပါဝင်ကာ အင်ဂျင် ( ၂ ) မျိုးအနေဖြင့် ရရှိနိုင်ပါမည်။ ၎င်းတို့မှာ – ( New 1.5 L Turbo DI Petrol Engine ) နှင့် ( 1.5 L Naturally Aspirated Petrol Motor ) တို့ဖြစ်ကာ New Patrol Engine တွင် ( Peak Power of 160 bhp ) ပါဝင်ပြီး ( 7 – Speed DCT Auto gear ) နှင့် တွဲဖက်ထားပါမည်။ အဆိုပါ အင်ဂျင်စနစ်အသစ်အား မကြာခင် မိတ်ဆက်မည့် Hyundai new Creta ၊ Updated Seltos နှင့် New Carens ၊ တို့တွင်လည်း အသုံးပြု ပါမည်။

( 1.5 LNS Engine ) တွင် ( IVT CVT Gearbox ) ပါဝင်မည်ဖြစ်ကာ အင်ဂျင်များသည် ( RDE / E 20 Ethanol Standard ) နှင့် ကိုက်ညီပါသည်။ 2023 Hyundai Verna တွင် Body Color ( ၉ ) ရောင် ပါဝင်မည်ဖြစ်ကာ ၎င်းတို့အနက် ( 2 – Tone Color ) ၂ ရောင်ကို Optional ရနိုင်ပါမည်။ 2023 Verna အား Hyundai Grandeur ၏ ပုံစံအား မှီငြမ်းပြီး အဆင့်မြှင့်တင်ထားသည့် ယာဉ်မောင်းထောက်ပံ့မှု နည်းပညာ – ADAS ၊ အပါအဝင် ခေတ်မှီပါဝင်မှုများစွာ ပေါင်းစပ်ထည့်သွင်းထားပါမည်။ 2023 Hyundai Verna အား 2023  March တွင် စတင်ရောင်းချမည် ဖြစ်သည်။

#DriveMediaMyanmar