Uincode Version…
Honda သည် ၎င်း၏ ထင်ရှားလှသည့် Insight ၏ All New 2019 Insight အား မိတ်ဆက် ပြသလိုက်ပြီး Honda ၏ လျှပ်စစ်ကားများ ထုတ်လုပ်တပ်ဆင်သည့် U.S ရှိ Ohio နှင့် Indiana ပြည်နယ်များရှိစက်ရုံများမှ ထုတ်လုပ်မည်ဖြစ်သည်။ Hybrid အနေဖြင့် ဖန်တီးခဲ့သည့် Honda Insight သည် ၎င်း၏ ဒုတိယမျိုးဆက်ဖြစ်ပြီး 2009 တွင် ထုတ်လုပ်ကာ 2010 /2011 အထိ U.S တွင် ရောင်းချ ခဲ့ပါသည်။ Insight Accord နှင့် Clarity Play Hybrid Models များကဲ့သို့ Honda EVs ကားများ၏ အဓိက ခေတ်ရေစီးကြောင်းအနေဖြင့် ရည်ရွယ်ထားပြီး အနာဂတ်တွင်ပို၍ ကျယ်ပြန့်စွာ အသုံးပြုလာ ရန်လည်း မျှော်လင့်ကြောင်း Honda ၏ ပြောရေးဆိုခွင့်ရှိသူ Natalie Kumaratne မှ ပြောကြားထား ပါသည်။ Honda သည် ၎င်း၏ 2030 အတွင်း ရောင်းချရမှုအတွက် Honda EVs များအား စုစုပေါင်း ရောင်းအား၏ ၇၀% အထိရောင်းချရန်ရည်ရွယ်ထားသည်။ ယခင်မျိုးဆက် Insight သည် 2010 တစ်နှစ်အတွင်း U.S ၌ အစင်းရေ 21000 ခန့်ရောင်းချရခဲ့ သည်။ဈေးနှုန်းများသည်လည်း အများစုလက်ခံနိုင်သည့် နှုန်းများဖြစ်ပြီး Civic Model သည် USD 19835 နှင့် Accord Model သည် USD 24465 ခန့် ဈေးသတ်မှတ်ထားကြပါသည်။ ယခုထုတ်လုပ် ထားသည့် 2019 Insight Model သည် အလွန် ဆီစားသက်သာမှုရှိခြင်း ၊ စတိုင် ကျလှပ၍ Driving Performance များစွာ ကောင်းမွန်ခြင်း စသည့် အချက်များနှင့် ပြည့်စုံမှုရှိသည် ဟုလည်း Kumoratne မှ ထပ်လောင်းပြောကြားထားပါသည်။ ၎င်းအား Civic ၏ Platform ကိုအခြေခံ ၍ Aluminum Hood Body ဖြင့် ဖန်တီးထားကာ (1.5 L Atkinson I4 Engine )၊ (15 hp ) အင်ဂျင် နှင့် (Generator Motor / Propulsion Motor ) တို့တွဲဖက်တပ်ဆင် ထားမည်ဖြစ်ပြီး လျှပ်စစ်သီးသန့် ဖြင့် ( 55 mile / Per Gallon ) ဖြင့် မြို့တွင် အသုံးပြုနိုင်ပါမည်။ ထို့အပြင် Honda ၏ နာမည်ကျော် Honda’s Sensing Suite of Safety နည်းပညာလည်း ပါရှိ ပါမည်။ 2019 Insight အား ယခုနှစ် September ခန့်တွင် စတင်ရောင်းချမည်ဖြစ်သည်။
Zawgyi Version…
All – New 2019 Insight Hybrid Model အား ယခင္ Model မ်ားထက္ ပို၍ ေရာင္းခ်ႏိုင္ရန္
Honda ရည္ရြယ္
Honda သည္ ၎၏ ထင္ရွားလွသည့္ Insight ၏ All – New 2019 Insight အား မိတ္ဆက္ ျပသလိုက္ၿပီး Honda ၏ လွ်ပ္စစ္ကားမ်ား ထုတ္လုပ္တပ္ဆင္သည့္ U.S ရွိ Ohio ႏွင့္ Indiana ျပည္နယ္မ်ားရွိစက္ရုံမ်ားမွ ထုတ္လုပ္မည္ျဖစ္သည္။ Hybrid အေနျဖင့္ ဖန္တီးခဲ့သည့္ Honda Insight သည္ ၎၏ ဒုတိယမ်ဳိးဆက္ျဖစ္ၿပီး 2009 တြင္ ထုတ္လုပ္ကာ 2010 /2011 အထိ U.S တြင္ ေရာင္းခ် ခဲ့ပါသည္။ Insight Accord ႏွင့္ Clarity Play Hybrid Models မ်ားကဲ့သို႔ Honda EVs ကားမ်ား၏ အဓိက ေခတ္ေရစီးေၾကာင္းအေနျဖင့္ ရည္ရြယ္ထားၿပီး အနာဂတ္တြင္ပို၍ က်ယ္ျပန္႔စြာ အသုံးျပဳလာ ရန္လည္း ေမွ်ာ္လင့္ေၾကာင္း Honda ၏ ေျပာေရးဆိုခြင့္ရိွသူ Natalie Kumaratne မွ ေျပာၾကားထား ပါသည္။ Honda သည္ ၎၏ 2030 အတြင္း ေရာင္းခ်ရမႈအတြက္ Honda EVs မ်ားအား စုစုေပါင္း ေရာင္းအား၏ ၇၀% အထိေရာင္းခ်ရန္ရည္ရြယ္ထားသည္။ ယခင္မ်ဳိးဆက္ Insight သည္ 2010 တစ္ႏွစ္အတြင္း U.S ၌ အစင္းေရ 21000 ခန္႔ေရာင္းခ်ရခဲ့ သည္။ေစ်းႏႈန္းမ်ားသည္လည္း အမ်ားစုလက္ခံႏိုင္သည့္ ႏႈန္းမ်ားျဖစ္ၿပီး Civic Model သည္ USD 19835 ႏွင့္ Accord Model သည္ USD 24465 ခန္႔ ေစ်းသတ္မွတ္ထားၾကပါသည္။ ယခုထုတ္လုပ္ ထားသည့္ 2019 Insight Model သည္ အလြန္ ဆီစားသက္သာမႈရွိျခင္း ၊ စတိုင္ က်လွပ၍ Driving Performance မ်ားစြာ ေကာင္းမြန္ျခင္း စသည့္ အခ်က္မ်ားႏွင့္ ျပည့္စုံမႈရွိသည္ ဟုလည္း Kumoratne မွ ထပ္ေလာင္းေျပာၾကားထားပါသည္။ ၎အား Civic ၏ Platform ကိုအေျခခံ ၍ Aluminum Hood Body ျဖင့္ ဖန္တီးထားကာ (1.5 L Atkinson I4 Engine )၊ (15 hp ) အင္ဂ်င္ ႏွင့္ (Generator Motor / Propulsion Motor ) တို႔တြဲဖက္တပ္ဆင္ ထားမည္ျဖစ္ၿပီး လွ်ပ္စစ္သီးသန္႔ ျဖင့္ ( 55 mile / Per Gallon ) ျဖင့္ ၿမိဳ႔တြင္ အသုံးျပဳႏိုင္ပါမည္။ ထို႔အျပင္ Honda ၏ နာမည္ေက်ာ္ Honda’s Sensing Suite of Safety နည္းပညာလည္း ပါရွိ ပါမည္။ 2019 Insight အား ယခုႏွစ္ September ခန္႔တြင္ စတင္ေရာင္းခ်မည္ျဖစ္သည္။