Zawgyi Version…
ဂ်ပန္ကားထုတ္လုပ္ေရးကုမၸဏီျဖစ္ေသာ Nissan ၏ျမန္မာျပည္ကုိယ္စားလွယ္ Tan Chong Motor Myanmar မွ ၇ေယာက္စီး SUV ေမာ္ဒယ္ Terra ကုိျပည္တြင္းေစ်းကြက္သုိ႔ စတင္ျဖန္႔ျဖဴးေရာင္းခ်ေနျပီျဖစ္ေၾကာင္း သိရသည္။
ထိုင္းႏိုင္ငံတြင္ထုတ္လုပ္သည့္ Terra ၏ကိုယ္ထည္ကို နာမည္ေက်ာ္လူႀကိဳက္မ်ား SUV ေမာ္ဒယ္မ်ားျဖစ္ေသာ Nissan Patrol ၊ Nissan Safari ၊ Nissan Terrano နဲ႔ Nissan Xtera အပါအဝင္ Nissan ၏ႏွစ္ေပါင္း ၆၀ ေက်ာ္ SUV ထုတ္လုပ္မႈအေတြ႕အႀကဳံ ေပၚအေျခခံၿပီးတည္ေဆာက္ထားျခင္းျဖစ္ေၾကာင္းလည္း သိရသည္။
Terra ကုိ ျမင္းေကာင္ေရ ၁၉၀ နီးပါးထြက္ေသာဆလင္ဒါ ၄ လုံးကို 2.5L DDHC တာဘိုဒီဇယ္အင္ဂ်င္ႏွင့္ ၇ ခ်က္ထိုးေအာ္တိုဂီယာႏွင့္အတူ Manual ဂီယာတို႔ပါဝင္သည့္အျပင္ ဆီစားသက္သာမႈႏွင့္စြမ္းေဆာင္ရည္ ေကာင္းမြန္ေအာင္ ထုတ္လုပ္ထားေၾကာင္း Nissan မွဆုိသည္။ ဒီဇုိင္းပုိင္းမွာ Nissan ၏သေကၤတ ဒလက္ ေကြးပုံစံ LED ေန႔မီးႀကီး ႏွင့္ V ပုံစံသတၳဳတန္း ၊ LED Headlamps ၊ ၂ဘီးယက္ (2WD) ႏွင့္ ၄ ဘီးယက္ (4WD) စနစ္မ်ားကိုအလြယ္တကူေျပာင္းႏိုင္ေသာစနစ္၊ Push Start Button၊ Intelligent Key(i-Key) စနစ္တို႔လည္း ပါဝင္သည္။ အတြင္းခန္းတြင္ ယာဥ္ေမာင္းေရွ႕ဖန္သားျပင္ (ADAD)ဒုိင္ခြက္ပါဝင္ၿပီး off-road meter ၊ tachometer တို႔အျပင္ အပူခ်ိန္၊ဆီအမွတ္မ်ား ကိုျပသေပးႏိုင္ပါသည္။ထုိ႔အျပင္ စတီယာတိုင္တြင္ အသံစနစ္ထိန္းခ်ဳပ္မႈပါဝင္ၿပီး Bluetooth ႏွင့္ခ်ိတ္ဆက္ကာ hands-free ဖုန္းေျပာဆိုမႈလည္း ျပဳလုပ္ႏိုင္ သည့္အျပင္ ၁၀.၁ လက္မ ကားေနာက္ခန္းေဖ်ာ္ေျဖေရးစနစ္၊ ဆူညံသံေတြေလွ်ာ့ခ်ေပးႏိုင္ေသာမွန္၊ ဆြဲအားမဲ့ ထိုင္ခံုမ်ား၊ အေဝးထိန္းခလုတ္ျဖင့္ေခါက္ႏုိင္သည့္ခံု၊ ဇုန္ ၂ ခုခြဲျခားထားျပီး Digital Display ႏွင့္အပူခ်ိန္ ထိန္းညွိႏိုင္ေသာေလေအးေပးစနစ္၊ နိမ့္ရာမွျမင့္သြားသည့္ Theatre-style ဖြဲ႕စည္းထားေသာ leahter ခံု ၇ ခံု၊ အာကာသယာဥ္မွဴးမ်ားကိုအတုယူျပီး ထိုင္သည့္ပံုစံအေနအထား ၈ မ်ိဳးအထိ adjust လုပ္ႏုိင္ ကာဆြဲအားမဲ့ထိုင္ခံုအသြင္ဖန္တီးထားသည့္ ေရွ႕ခံုမ်ား၊ Auto Tail Gate Systemမ်ား လည္းပါဝင္ၾကသည္။

Nissan brings new Terra SUV to South East Asia

Safety အေနျဖင့္ Lane Departure Warning စနစ္၊ ၃၆၀ ဒီဂရီျမင္ကြင္း ကိုအေပၚ စီးမွျမင္ႏိုင္သည့္ Intelligent Around View Monitor၊ Moving Object Detection (ေရြ႕လ်ား ဝတၳဳအာရံုခံစနစ္)၊ Hill Start Assist (ကုန္းတက္အကူအညီ)၊ Hill Descent Control (ကုန္းဆင္း )၊ ေလအိတ္ ၆ လုံးအျပင္ Anti Lock Braking System(ABS) ၊ Electric Brake-force Distribution(EBD) ၊ Break Assist(BA)၊ Vehicle Dynamic Control(VDC) ၊ Child Safety Lock စသည္တုိ႔ပါဝင္သည္။၎၏ေစ်းႏႈန္းမွာ ၂ ဘီးယက္(2 WD) အတြက္ အေမရိကန္ေဒၚလာ ၅၉၀၀၀ ၊ ၄ ဘီးယက္ (4WD) အတြက္အေမရိကန္ေဒၚလာ ၆၂၀၀၀ ျဖစ္ကာ ၃ ႏွစ္၊ သို႔မဟုတ္ ကီလိုမီတာ ၁ သိန္းအာမခံ ပါဝင္ပါတယ္။

Generated by pixel @ 2019-02-10T04:50:10.768145

Unicode Version…

နှစ်ပေါင်း ၆၀ ကျော်ထုတ်လုပ်ခဲ့သည့် Nissan SUV ၏ မျိုးဆက်ဖြစ်သည့် Terra ကိုပြည်တွင်း ဈေးကွက်သို့စတင်ဖြန့်ချိ
ဂျပန်ကားထုတ်လုပ်ရေးကုမ္ပဏီဖြစ်သော Nissan ၏မြန်မာပြည်ကိုယ်စားလှယ် Tan Chong Motor Myanmar မှ ၇ယောက်စီး SUV မော်ဒယ် Terra ကိုပြည်တွင်းဈေးကွက်သို့ စတင်ဖြန့်ဖြူးရောင်းချနေပြီဖြစ်ကြောင်း သိရသည်။
ထိုင်းနိုင်ငံတွင်ထုတ်လုပ်သည့် Terra ၏ကိုယ်ထည်ကို နာမည်ကျော်လူကြိုက်များ SUV မော်ဒယ်များဖြစ်သော Nissan Patrol ၊ Nissan Safari ၊ Nissan Terrano နဲ့ Nissan Xtera အပါအဝင် Nissan ၏နှစ်ပေါင်း ၆၀ ကျော် SUV ထုတ်လုပ်မှုအတွေ့အကြုံ ပေါ်အခြေခံပြီးတည်ဆောက်ထားခြင်းဖြစ်ကြောင်းလည်း သိရသည်။
Terra ကို မြင်းကောင်ရေ ၁၉၀ နီးပါးထွက်သောဆလင်ဒါ ၄ လုံးကို 2.5L DDHC တာဘိုဒီဇယ်အင်ဂျင်နှင့် ၇ ချက်ထိုးအော်တိုဂီယာနှင့်အတူ Manual ဂီယာတို့ပါဝင်သည့်အပြင် ဆီစားသက်သာမှုနှင့်စွမ်းဆောင်ရည် ကောင်းမွန်အောင် ထုတ်လုပ်ထားကြောင်း Nissan မှဆိုသည်။ ဒီဇိုင်းပိုင်းမှာ Nissan ၏သင်္ကေတ ဒလက် ကွေးပုံစံ LED နေ့မီးကြီး နှင့် V ပုံစံသတ္ထုတန်း ၊ LED Headlamps ၊ ၂ဘီးယက် (2WD) နှင့် ၄ ဘီးယက် (4WD) စနစ်များကိုအလွယ်တကူပြောင်းနိုင်သောစနစ်၊ Push Start Button၊ Intelligent Key(i-Key) စနစ်တို့လည်း ပါဝင်သည်။ အတွင်းခန်းတွင် ယာဉ်မောင်းရှေ့ဖန်သားပြင် (ADAD)ဒိုင်ခွက်ပါဝင်ပြီး off-road meter ၊ tachometer တို့အပြင် အပူချိန်၊ဆီအမှတ်များ ကိုပြသပေးနိုင်ပါသည်။ထို့အပြင် စတီယာတိုင်တွင် အသံစနစ်ထိန်းချုပ်မှုပါဝင်ပြီး Bluetooth နှင့်ချိတ်ဆက်ကာ hands-free ဖုန်းပြောဆိုမှုလည်း ပြုလုပ်နိုင် သည့်အပြင် ၁၀.၁ လက်မ ကားနောက်ခန်းဖျော်ဖြေရေးစနစ်၊ ဆူညံသံတွေလျှော့ချပေးနိုင်သောမှန်၊ ဆွဲအားမဲ့ ထိုင်ခုံများ၊ အဝေးထိန်းခလုတ်ဖြင့်ခေါက်နိုင်သည့်ခုံ၊ ဇုန် ၂ ခုခွဲခြားထားပြီး Digital Display နှင့်အပူချိန် ထိန်းညှိနိုင်သောလေအေးပေးစနစ်၊ နိမ့်ရာမှမြင့်သွားသည့် Theatre-style ဖွဲ့စည်းထားသော leahter ခုံ ၇ ခုံ၊ အာကာသယာဉ်မှူးများကိုအတုယူပြီး ထိုင်သည့်ပုံစံအနေအထား ၈ မျိုးအထိ adjust လုပ်နိုင် ကာဆွဲအားမဲ့ထိုင်ခုံအသွင်ဖန်တီးထားသည့် ရှေ့ခုံများ၊ Auto Tail Gate Systemများ လည်းပါဝင်ကြသည်။ Safety အနေဖြင့် Lane Departure Warning စနစ်၊ ၃၆၀ ဒီဂရီမြင်ကွင်း ကိုအပေါ် စီးမှမြင်နိုင်သည့် Intelligent Around View Monitor၊ Moving Object Detection (ရွေ့လျား ဝတ္ထုအာရုံခံစနစ်)၊ Hill Start Assist (ကုန်းတက်အကူအညီ)၊ Hill Descent Control (ကုန်းဆင်း )၊ လေအိတ် ၆ လုံးအပြင် Anti Lock Braking System(ABS) ၊ Electric Brake-force Distribution(EBD) ၊ Break Assist(BA)၊ Vehicle Dynamic Control(VDC) ၊ Child Safety Lock စသည်တို့ပါဝင်သည်။၎င်း၏ဈေးနှုန်းမှာ ၂ ဘီးယက်(2 WD) အတွက် အမေရိကန်ဒေါ်လာ ၅၉၀၀၀ ၊ ၄ ဘီးယက် (4WD) အတွက်အမေရိကန်ဒေါ်လာ ၆၂၀၀၀ ဖြစ်ကာ ၃ နှစ်၊ သို့မဟုတ် ကီလိုမီတာ ၁ သိန်းအာမခံ ပါဝင်ပါတယ်။