Unicode Version…
Suzuki Myanmar မှ New Ertiga ကို Concept ကားအဖြစ် ပြသခဲ့ပြီး New Super Carry ကိုလည်း စတင် မိတ်ဆက်ခဲ့
ပြီးခဲ့သည့် Yangon International Motor Show 2019 တွင် Suzuki Myanmar မှ New Ertiga ကို Concept ကားအဖြစ် ပြသခဲ့ပြီး New Super Carry ကိုလည်း စတင်ရောင်းချနေကြောင်း သိရသည်။
Concept ကားအဖြစ် ပြသခဲ့သည့် New Ertiga သည် ၁၅၀၀ စီစီ အင်ဂျင် ဖြစ်ပြီးလက်ရှိ မြန်မာနိုင်ငံတွင် SKD စနစ် ဖြင့် တပ်ဆင်ထုတ်လုပ်ခဲ့သည့် Ertiga ထက် အတွင်းခန်းနဲ့ အပြင်ပိုင်းတွေအပြင် အင်ဂျင်ပါ ပြောင်းလဲ သွားသည်။ ထို့အ့ပင် ကားကိုယ်ထည်မှာလည်း လေးလက်မ ပို ရှည်သွားကာ အရှေ့မီးလုံး၊ နောက်မီးများနှင့် အလွိုင်းပုံစံကအစပြောင်းလဲသွားသည်။ အတွင်းခန်းတွင်လည်း ဒတ်ဘုတ်များမှာ ကျွန်းကွက်ပုံစံဖြစ်လာပြီး စတီယာရင်ကိုလည်း ကျွန်းကွက်ပုံစံ ဖန်တီးထားသည်။ ထို့အပြင်TV ကိုလည်း ၈ လက်မအရွယ် နဲ့ ဆိုဒ်ကြီး နှင့်ထည့်သွင်းပေးထားကြောင်းလည်း သိရသည်။ Concept အနေဖြင့် သာထွက်ရှိမည်ဖြစ်ပြီး မြန်မာပြည်ကို့ မကြာမီရောင်းချတော့မည်ဟုသိရကာ ဈေးနှုန်းမှာ သိန်း ၃၀၀ ကျော်မည်ဟုလည်း သတင်းများထွက်ပေါ်နေသည်။
အပြင် ထို့အသစ် မိတ်ဆက်ရောင်းချခဲ့ သည့် New Super Carry သည် ၁၀၀၀ စီစီ ဓာတ်ဆီအင်ဂျင် အသုံး ပြုထားသော Mini Truck အမျိုး အစားဖြစ်ပြီး ယခင်ပုံဟောင်းကား နှင့် ပုံစံအနည်းငယ်ကွဲပြားသွားကာ ရှေ့မီးကြီးနှစ်ခုကြားတွင် သတ္တုတန်း ဖြင့် ဒီဇိုင်းဖန်တီးထားသည့် အပြင် ရှေ့မှန်အောက်ခံပေါင်လည်း တပ် ဆင်ထားသည်။
Suzuki Motor Myanmar မှ New Super Carry ကို ကျပ် ၉,၃၉၀,၀၀၀ ဖြင့် အရောင်းကိုယ် စားလှယ်များမှတစ်ဆင့် ရောင်းချပေး မည်ဖြစ်ပြီး တစ်နှစ်၊ သို့မဟုတ် ကီ လိုမီတာ နှစ်သောင်း အာမခံပေး ထားသည်။






Zawgyi Version…


