Zawgyi Version…






Unicode Version…
ဒီဇင်ဘာလအတွင်း Hybrid version ၃ မျိုးဖြင့် အသစ်ထွက်ရှိလာမည့် All New Ford Kuga
ယခုထွက်ရှိလာမည့် all-new Ford Kuga သည် Ford company ၏ တတိယမျိုးဆက်တွင် အရောင်းရဆုံးကားအမျိုးအစား SUV ဖြစ်ပါသည်။ hybrid version သုံးမျိုးဖြင့် ပထမဆုံးထွက်ရှိလာမည့် model တွင် plug-in hybrid နည်းပညာပါဝင်မည်ဖြစ်ပြီး ဆီတစ်ဂါလံ 235 မိုင်နှုန်းဖြင့် မောင်းနှင်အသုံးပြုနိုင်မည်ဖြစ်သည်။
အဆိုပါ SUV အသစ်သည် 2008 ခုနှစ်က ထုတ်လုပ်မိတ်ဆက်ခဲ့သည် ကားအား အခြေခံပြီး ဒီဇိုင်းနှင့် စွမ်းဆောင်ရည်ကို မြှင့်တင်၍ စေ့စပ်သေချာစွာ ထုတ်လုပ်ထားပြီး ၎င်း SUV သည် C2 ဟုခေါ်သော နည်းပညာမြင့် new platform ပေါ်တွင် အခြေခံပြီးတည်ဆောက်ထားသည့်ကားဖြစ်ရုံသာမက Ford company ၏ နောက်ဆုံးပေါ်နည်းပညာသုံး Hybrid ကားကောင်းတစ်စီးဖြစ်သည်။
ယခင် Ford Kuga ထက် 89mm ပိုမိုရှည်လျား၍ 44mm ပိုကျယ်ပြီး wheelbase ဝင်ရိုးကြားအကွာအဝေးကတော့ 20mm ပိုရှည်သည်။ Kuga ကား၏ ခရီးသည်စီးနောက်ပိုင်းထိုင်ခုံများသည်လည်း “class-leading” အကောင်းဆုံး အရည်အသွေးများကိုအသုံးပြုထားကြောင်းလည်း Ford မှထပ်လောင်းပြောကြားခဲ့သည်။
Feature အသစ်နေဖြင့်ခရီးသည်များသက်သောင့်သက်သာဖြင့်အချိန်ကြာမြင့်စွာစီးနိုင်ရန် အနောက်ခုံတန်းရှည်ကို နောက်သို့ဆန့်ထုတ်နိုင်ပြီး ပိုမိုများပြားသောပစ္စည်းများတင်ရန်အတွက်လည်း ခုံကိုရှေ့သို့ ခေါက်သိမ်းနိုင်ပါသည်။
Ford Kuga က powertrain အနေနှင့် Hybrids သုံးမျိုး၊ ဓါတ်ဆီ နှင့် ဒီဇယ်ဆီ စသည့်ငါးမျိုးခန့်အသုံးပြုနိုင်မည်ဖြစ်သည်။ 1.5 litre turbocharged EcoBoost ဓါတ်ဆီ အင်ဂျင်ကိုအသုံးပြုထားပြီး 119bhp နှင့် 148 bhp နှစ်မျိုးရရှိမည်ဖြစ်သည်။ Diesel အင်ဂျင်အတွက် 1.5 liter နှင့် 2.0 liter EcoBlue နှစ်မျိုးအားကြိုက်နှစ်သက်ရာ ရွေးချယ်ဝယ်ယူနိုင်မည်ဖြစ်ပြီး ၎င်းအင်ဂျင်နှစ်မျိုးလုံးအတွက် eight-speed automatic box ပါဝင်မည်ဖြစ်သည်။
Hybrids system အနေဖြင့် 48-volt mild-hybrid system ကို 2.0 liter EcoBlue Diesel အင်ဂျင်ဖြင့်တွဲဖက်အသုံးပြုမည်ဖြစ်သည်။ ယင်းhybrid system သည် စွမ်းအင်ကို ကားမောင်းစဉ် ကိုအလိုအလျောက်အားပြန်သွင်းနိုင်မည်ဖြစ်သည်။
ဒုတိယတစ်ခုအနေဖြင့် New Kuga တွင်ပါဝင်သော စွမ်းဆောင်မြင်သည့် Plug-in Hybrid systemဖြစ်ပါသည်။ ၎င်း system သည် 2.5-liter ဓါတ်ဆီ engine နှင့် electric motor နှစ်မျိုးကိုတွဲဖက်အသုံးပြုထားပြီး 10.3kWh lithium-ion battery ကိုအသုံးပြုထားပါသည်။
Active Noise Control System ပါဝင်မည်ဖြစ်ပြီး engine မှထွက်သော noise နှင့် အပြင်မှလာသော noise တို့ကို လျော့ချရန်အတွက် Cabin တွင်တပ်ဆင်ထားသော microphone ၃ ခုဖြင့်စောင့်ကြည့်အာရုံခံပြီး noise များကိုရှင်းလင်းရန် speaker မှ ဆန့်ကျင်ဘက်လှိုင်းများပြန်လည်ထုတ်လွှင့်မည်ဖြစ်သည်။