Unicode Version…
Off Road လမ်းတွေပေါ်မှာ မာကျောမှုအရှိဆုံးနဲ့စွမ်းဆောင်ရည်အကောင်းဆုံး Pick Up အဖြစ် ကျော်ကြားလှ တဲ့ All New Ford Ranger Wildtrak ကို MCOTY(Myanmar Car Of The Year) အတွက် ရိုက်ကူးရေးလုပ် ရင်း Test Drive ပါလုပ်ရမယ်ဆိုတော့ အရမ်းပဲစိတ်လှုပ်ရှားခဲ့ရပါတယ်။ ဒီကားက ပိုမိုကောင်းမွန်တဲ့ မောင်းနှင်မှုရှိတဲ့ ပစ်ကပ်ကားအမျိုးအစားဖြစ်ပြီး အဆန်းသစ်ဆုံး နည်းပညာစနစ်၊ လုံခြုံရေးနဲ့ ဘက်စုံသုံးလုပ် ဆောင်ချက်တွေကြောင့် ထိပ်တန်းက ဦးဆောင်နေတဲ့ ကားအမျိုးအစားသစ်ဖြစ်တယ်လို့ Ford ကဆိုထား ပါတယ်။ လက်ရှိ ပြည်တွင်းကားဈေးကွက်ထဲကို Wildtrak , XLT, XL,Base ဆိုပြီး အမျိုးအစား ၄ မျိုးအထိ ရောက်ရှိထားပြီး အခုစမ်းသပ်မောင်းနှင်မှာကတော့ အမြင့်ဂရိတ်ဖြစ်တဲ့ Wildtrak Double Cab ဖြစ်ပါတယ်။ အရင်မော်ဒယ်ဟောင်းနဲ့မတူတာတွေများပြားသွားပြီး အသစ်ပါဝင်မှုတွေရှိလာတာမို့ ဆက်လေ့လာကြည့်ရ အောင်ပါခင်ဗျာ။
ရုပ်ထွက်ပိုင်း
သူ့ပုံစံက အရင်မော်ဒယ်ဟောင်းကိုပဲ အခြေခံထားပြီး အမေရိကန်ကားပီပီမိုက်ကန်းကန်းရုပ်သွင်မျိုးကို ဝင့် ကြွားမှုတွေနဲ့ သရုပ်ဖော်ထားပါတယ်။ နောက်ပြီး စတိုင်ကျတဲ့ ရုပ်ထွက်ပြောင်းလဲမှုတွေနဲ့ အတူ ပိုပြီးတော့ သေသပ်ကျစ်လျစ်တဲ့ရှေ့ဇကာကွက်တွေ၊ငွေရောင်လှပတဲ့ ရှေ့ဗိုက်ကာပုံစံတွေ၊ အရင်ကထက် ပိုပြီးလှပသွား တဲ့ Grille ၊ ဆွဲဆောင်မှုရှိသွားတဲ့ Fog Lamp Design ပုံစံ၊ LED နေ့မီးအလင်းနဲ့ HID ရှေ့မီးသီးတွေ ပေါင်း စပ်ပါဝင်ပြီး ပိုပြီးမြင်ကွင်းရှင်းလင်းပြတ်သားသွားပါတယ်။ရှေ့မီးကြီးတွေက Auto headlamps plus wipersတွေပါပြီးတော့ Wildtrak sports-bar နဲ့ ကာလာနှစ်ခုစပ် အလွိုင်းဘီးဂွေတွေက Wildtrak ရဲ့ နောက်ထပ်ကွဲပြားခြားမှုတွေနဲ့ ပုံဖော်တည်ဆောက်ပေး ထားတာဖြစ် ပါတယ်။ နောက်ဘက်ကတော့ အရင်လိုပဲရိုးရှင်းတဲ့တည်ဆောက်ပုံကိုပဲအခြေခံထားကာ နောက်မီးပုံစံတွေအနည်းငယ်ပြောင်းလဲသွားပါတယ်။ နောက်ပြီးတော့ ခပ်နိမ့်နိမ့်ဘန်ပါဖုံးက မြင်ကွင်းကို ရှင်းရှင်းလင်းလင်း တွေ့မြင်နိုင်ပြီး ကားကရှည်ပေမယ့် ကြည့် ရှုမောင်းနှင်ရတာ အရမ်းကောင်းတာကို မောင်းနှင်ကြည့်တဲ့အခါမှာ ထင်သာမြင်သာရှိခဲ့ပါတယ်။ Rain sensing windshield wipers စနစ်လည်းပါပါသေးတယ်။
အတွင်းခန်း
အရိုးသားဆုံးဝန်ခံရရင် စာရေးသူကြိုက်တဲ့အတွင်းခန်းတွေထဲမှာ Ford ကားတွေပါဝင်ပါတယ်။ Ford ကားတွေရဲ့အတွင်းခန်းတည်ဆောက်ပုံက ရိုးရှင်းတယ်၊ အဆင့်မြင့်တယ်၊ ပစ္စည်းကောင်းတွေ သုံးထား တယ်ဆိုတာ ကိုင်တွယ်ထိတွေ့ရတာနဲ့တင် သိသာပါတယ်။ ပထမဆုံးပြောမှာက ထိုင်ခုံတွေအပိုင်းပါ။ လည်သာထိုင်ခုံတွေသုံးထားပြီး Wildtrak ဆိုတဲ့ Original စာတန်းတွေက ထိုင်ခုံနဲ့ ဒတ်ရှ်ဘုတ်တွေ မှာရေးထိုးထားပါတယ်။ နောက်ပြီးတော့လည်သာနဲ့ချုပ်ထားတဲ့ စတီယာရင်မှာလည်း Audio,Phone,Cruise Control , Touch Screen ထိန်းချုပ်မှုခလုတ်တွေပါဝင်ပါတယ်။ အတွင်းခန်းက ကျယ်ကျယ်ဝန်းဝန်းရှိလှပြီး အနက်ရောင်ဆန်ဆန် ပြိုင်ကားဒီဇိုင်းပုံစံတည်ဆောက် ပေးထားတာကို တွေ့ရမှာလည်း ဖြစ်ပါတယ်။ အသစ်ပါဝင်မှုအဖြစ် New Ford Ranger မှာ ငွေရောင် ချုပ်ရိုးကြောင်းတွေ၊ ခရုမ်းအရိပ်အယောင်တွေကို တွေ့မြင်ရမှာလည်း ဖြစ်ပါတယ်။ ဒါ့အပြင် SYNC 3 စနစ်က Apple Car Play နဲ့၊ Android Auto compatibility တွေကို လိုက်ဖက်ညီပြင်ဆင်မှုတွေ ဆက်လက် လုပ်ဆောင်ပေးနေပြီး Bluetooth နဲ့ ၈.၀ လက်မရှိတဲ့ ရောင်ပြည့် Touch Screen၊ နောက်ဘက်ကြည့် မှန်တို့လည်း ပါဝင်လာပါတယ်။ SYNC3 စနစ်က Apple မြေပုံစနစ်အသုံးပြုနိုင်ပြီးတော့ မိုဘိုင်းဖုန်းနဲ့ ဆက်သွယ်ချိတ်ဆက်နိုင်မှုကြောင့် ကားမောင်းသူအနေနဲ့ ကားရဲ့ အဝေးကို ရောက်သွားခဲ့တဲ့ တိုင်အောင် အဆင့်မြင့် ဂြိုလ်တုဖမ်းစနစ်တွေကိုလည်း အသုံးပြုနိုင်ဦး မှာဖြစ်ပါတယ်။ ဒီစနစ်ကို အသံနဲ့ အမိန့်ပေးညွှန်ကြားမှုတွေကိုပါ လုပ်ဆောင်နိုင်ပါပြီ။ Dual Air Con စနစ်ဖြစ်ပြီး ရှေ့ဘက်မှာ ခွက်နေရာတွေ၊ ပစ္စည်းထည့်စရာတွေလည်း ပါဝင်သလို နောက်ဘက်ခုံတန်းရဲ့အလယ်က လက်တင်ခုံအဖြစ် ရော၊ ခွက်ထည့်စရာအဖြစ်ပါအသုံးပြုနိုင်ပါသေးတယ်။ နောက်ပြီး ဒီကားက Passive Entry Passive Start ( PEPS) သောမဲ့တံခါးစနစ်ဖြစ်ပြီး Push-button စက်အင်ဂျင်နှိုးစနစ်လည်း ပါဝင်ပါတယ်။
စွမ်းဆောင်ရည်
Ranger Wildtrak အသစ်ကို 3.2L TDCi ဒီဇယ်အင်ဂျင်ကိုသုံးထားပြီးတော့ 6 Speed Auto နဲ့လာမှာဖြစ်ပါတယ်။ မြင်းကောင်ရေ 200 အားထွက်ရှိမှာဖြစ်ပြီး ရုန်းအားကတော့ 470Nm ဖြစ်ပါတယ်။ လေးဘီးယက်စနစ်ဖြစ်ပြီး Front Brakes က Ventilated Discs တွေဖြစ်ကာ Rear Brakes တွေကတော့ Drum တွေဖြစ်ပါတယ်။ Double Wishbone with Coil Spring နဲ့ Leaf Springs အောက်ပိုင်းစနစ်တွေကို ရှေ့နောက်သုံးပေးထားပါတယ်။






လုံခြုံရေး
New Ranger မှာ ရှေ့လေအိတ် ၂ လုံးအပြင် ပတ်လည်လေအိတ်စနစ်လည်းပါသလို ABS, Stability Control တွေသာမကဘဲ ပါကင်အကူစနစ် Active Park Assist (APA) က ယာဉ်မောင်းသမားတွေအတွက် ယာဉ်မောင်းပါကင်ထိုးချိန်ခံစားရတဲ့ စိတ်ဖိစီးမှု၊ စိုးရိမ်ပူပန်မှုတွေအတွက် semi-automatic ကား ပါကင် ထိုးစနစ်နဲ့ ကူညီဖြေရှင်းပေးခြင်း၊ Pre- Collision Assist ( ယာဉ်တိုက်မှုမဖြစ်မီ အကူစနစ်) က Inter- Urban Autonomous Emergency Braking(AEB) စနစ်ကို အသုံးပြုပေးထားပြီး မော်တော်ယာဉ်မတော်တဆမှု ကာကွယ်ပေးခြင်းနဲ့ လမ်းအသုံးပြုသူ ကာကွယ်စောင့်ရှောက်ပေးတဲ့စနစ်တွေ ထည့်သွင်းထုတ်လုပ်ပေးထား ပါတယ်။ နောက်ပြီးတော့ Pre- Collision Assist စနစ်က လမ်းအသုံးပြုသူတွေကို ယာဉ်မတော်တဆမှုကနေ ကာကွယ်ပေးဖို့အတွက် ဖန်တီး တည်ဆောက်ပေးထားခြင်းဖြစ်ပြီးတော့ မော်တော်ယာဉ်ကို နောက်ဘက်ကနေ ယာဉ်တိုက်မှုဖြစ်ပွားမှု လျှော့ချပေးဖို့ ကူညီနိုင်ခြင်း၊ ယာဉ်ကြောကျပ်တည်းတဲ့ လမ်းမပေါ် ယာဉ်မတော် တဆမှုနဲ့ လမ်းအသုံးပြုသူ ယာဉ်တိုက်မှုဖြစ်ပေါ်ခြင်းတွေကို လျှော့ချပေးနိုင်ဖို့အတွက်ပဲဖြစ်ပါတယ်။ ဒါပေမဲ့ စနစ်ရဲ့ လုပ်ဆောင်မှုဟာဆိုရင် တစ်နာရီ ၃.၆ ကီလိုမီတာမှာပဲ လုပ်ဆောင်ပေးမှာဖြစ်ပါတယ်။ ဒါ့အပြင် လမ်းကြောင်းအကူစနစ်နဲ့ လမ်းကြောင်းပေါ် မောင်းနှင်မှုသတိပေးစနစ်၊ လျင်မြန်ဖျတ်လက်တဲ့ မောင်း နှင်ထိန်းချုပ်မှုစနစ်တွေနဲ့အတူ ယာဉ်မတော်တဆမှုကို သတိပေးစနစ်တွေကို New Ford Ranger မှာ ထည့်သွင်းထုတ်လုပ်ပေးထားပါတယ်။
စမ်းသပ်မောင်းနှင်ခြင်း
အရင်မော်ဒယ်ဟောင်းနဲ့အင်ဂျင်ပါဝါရော၊စွမ်းဆောင်ရည်ပါတူပေမယ့် ဒီကားကပိုပြီးတော့ အထသွက်သလိုခံ စားမိပါတယ်။ နောက်ပြီး ကီလို ၁၀၀ လောက်ကိုနင်းတာတောင် ကားကအသာလေးပဲ။ အင်ဂျင်ကလည်း ကြီးတော့ အရုန်းအဆွဲပိုင်းက လှည့်ကြည့်စရာမလိုဘူးပေါ့။ လမ်းကြမ်းတွေမှာ မောင်းရရင် အောက်ပိုင်းစနစ်နဲ့ ရုန်းအားတွေကို ပိုပြီးစမ်းသပ်လို့ရနိုင်ပါတယ်။ လမ်းကောင်းမှာဆိုတော့ Pick Up တွေရဲ့ထုံးစံအတိုင်းပဲ တောင့်တောင့်ကြီးဖြစ်နေတယ်။ Suspension စနစ်က ခပ်ဆတ်ဆတ်ဖြစ်နေတယ်။ စတီယာရင်စနစ်တွေ၊ မောင်းနှင်ရတာတွေ၊ နောက်ပြီး Active အမြဲဖြစ်နေတဲ့ Safety စနစ်တွေကြောင့် မောင်းနှင်ရတာ ပိုပြီး ယုံကြည်မှုအပြည့် ရှိနေပါတယ်။ ခြုံပြောရရင်တော့ Ford Ranger က သူ့ရဲ့ပင်ကိုယ်ဟန်အတိုင်းပဲ မာ ကျောမယ်၊ စွမ်းဆောင်ရည်ကောင်းမယ်၊ နောက်ပြီး လုံခြုံရေးကို အဓိကထားတယ်။
ဈေးနှုန်းနှင့် သုံးသပ်ချက်
Wildtrak အသစ်က $48,995 ဖြစ်ပြီး SKD ဖြစ်လို့ ရန်ကုန်လိုင်စင်ပါရရှိနိုင်မှာဖြစ်ပါတယ်။ ဒီကားက အရင်မော်ဒယ်ဟောင်းထက် ပိုပြီးရုပ်ထွက်ပိုင်းသားနားသွားတယ်။ ပိုပြီးတော့ ဆန်းသစ်လာတယ်။ အဓိက အပိုင်းကတော့ Everest ရဲ့Safety နည်းပညာအချို့နဲ့ ကားနောက်မြှီးပိုင်းကို ပင့်တင်ခြင်းမှာ ကူညီပေးနိုင်ရုံ မက အလွယ်အကူ လုပ်ဆောင်နိုင်စေနိုင်တဲ့နည်းပညာတွေကြောင့် လက်ရှိပြည်တွင်းအကြိုက်နဲ့ ကိုက်ညီ နေဦးမှာဖြစ်ပါတယ်။ ဒါပေမဲ့ Touch Screen ပိုင်းက ကိုင်တွယ်ရတာ သိပ်ပြီး Sensitive မဖြစ်သလို ခံစားရ တယ်။ ပြီးတော့ အင်ဂျင်ပါဝါကို ရွေးချယ်စရာအဖြစ် Wildtrak 2.2L ပါသွင်းမယ်ဆိုရင် ရွေးချယ် စရာပိုပြီးများသွားနိုင်မယ်ထင်ပါတယ်။








Specification…
Engine – Duratorq TDCi 3.2 L
Displacement(CC) – 3198
Transmissions – 6 Speed Auto
Maximum Power – 200 HP
Maximum Torque – 470 Nm
Drivetrain – 4WD
Top Speed (Km/h) – 160
Fuel Type – Diesel
Zawgyi Version…
ၾကမ္းတမ္းတဲ့လမ္းမေတြထက္က ေတာေကာင္ၾကီးတစ္ေကာင္ (သို႔) All New Ford Ranger Wildtrak
Off Road လမ္းေတြေပၚမွာ မာေက်ာမွဳအရွိဆုံးနဲ႔စြမ္းေဆာင္ရည္အေကာင္းဆုံး Pick Up အျဖစ္ ေက်ာ္ၾကားလွ တဲ့ All New Ford Ranger Wildtrak ကုိ MCOTY(Myanmar Car Of The Year) အတြက္ ရုိက္ကူးေရးလုပ္ ရင္း Test Drive ပါလုပ္ရမယ္ဆုိေတာ့ အရမ္းပဲစိတ္လွဳပ္ရွားခဲ့ရပါတယ္။ ဒီကားက ပုိမိုေကာင္းမြန္တဲ့ ေမာင္းႏွင္မႈရွိတဲ့ ပစ္ကပ္ကားအမ်ိဳးအစားျဖစ္ၿပီး အဆန္းသစ္ဆံုး နည္းပညာစနစ္၊ လံုၿခံဳေရးနဲ႔ ဘက္စံုသံုးလုပ္ ေဆာင္ခ်က္ေတြေၾကာင့္ ထိပ္တန္းက ဦးေဆာင္ေနတဲ့ ကားအမ်ိဳးအစားသစ္ျဖစ္တယ္လုိ႔ Ford ကဆုိထား ပါတယ္။ လက္ရိွ ျပည္တြင္းကားေစ်းကြက္ထဲကုိ Wildtrak , XLT, XL,Base ဆိုၿပီး အမ်ိဳးအစား ၄ မ်ိဳးအထိ ေရာက္ရိွထားျပီး အခုစမ္းသပ္ေမာင္းႏွင္မွာကေတာ့ အျမင့္ဂရိတ္ျဖစ္တဲ့ Wildtrak Double Cab ျဖစ္ပါတယ္။ အရင္ေမာ္ဒယ္ေဟာင္းနဲ႕မတူတာေတြမ်ားျပားသြားျပီး အသစ္ပါဝင္မွဳေတြရွိလာတာမုိ႔ ဆက္ေလ့လာၾကည့္ရ ေအာင္ပါခင္ဗ်ာ။
ရုပ္ထြက္ပုိင္း
သူ႕ပုံစံက အရင္ေမာ္ဒယ္ေဟာင္းကုိပဲ အေျခခံထားျပီး အေမရိကန္ကားပီပီမိုက္ကန္းကန္းရုပ္သြင္မ်ိဳးကုိ ဝင့္ ၾကြားမွဳေတြနဲ႔ သရုပ္ေဖာ္ထားပါတယ္။ ေနာက္ျပီး စတုိင္က်တဲ့ ရုပ္ထြက္ေျပာင္းလဲမႈေတြနဲ႔ အတူ ပိုၿပီးေတာ့ ေသသပ္က်စ္လ်စ္တဲ့ေရွ႕ဇကာကြက္ေတြ၊ေငြေရာင္လွပတဲ့ ေရွ႕ဗုိက္ကာပုံစံေတြ၊ အရင္ကထက္ ပုိျပီးလွပသြား တဲ့ Grille ၊ ဆဲြေဆာင္မွဳရွိသြားတဲ့ Fog Lamp Design ပုံစံ၊ LED ေန႔မီးအလင္းနဲ႔ HID ေရွ႕မီးသီးေတြ ေပါင္း စပ္ပါဝင္ျပီး ပုိျပီးျမင္ကြင္းရွင္းလင္းျပတ္သားသြားပါတယ္။ေရွ႕မီးၾကီးေတြက Auto headlamps plus wipersေတြပါျပီးေတာ့ Wildtrak sports-bar နဲ႔ ကာလာႏွစ္ခုစပ္ အလိြဳင္းဘီးေဂြေတြက Wildtrak ရဲ႕ ေနာက္ထပ္ကြဲျပားျခားမႈေတြနဲ႔ ပံုေဖာ္တည္ေဆာက္ေပး ထားတာျဖစ္ ပါတယ္။ ေနာက္ဘက္ကေတာ့ အရင္လုိပဲရုိးရွင္းတဲ့တည္ေဆာက္ပုံကုိပဲအေျခခံထားကာ ေနာက္မီးပုံစံေတြအနည္းငယ္ေျပာင္းလဲသြားပါတယ္။ ေနာက္ျပီးေတာ့ ခပ္နိမ့္နိမ့္ဘန္ပါဖုံးက ျမင္ကြင္းကုိ ရွင္းရွင္းလင္းလင္း ေတြ႔ျမင္ႏိုင္ျပီး ကားကရွည္ေပမယ့္ ၾကည့္ ရွဳေမာင္းႏွင္ရတာ အရမ္းေကာင္းတာကုိ ေမာင္းႏွင္ၾကည့္တဲ့အခါမွာ ထင္သာျမင္သာရွိခဲ့ပါတယ္။ Rain sensing windshield wipers စနစ္လည္းပါပါေသးတယ္။
အတြင္းခန္း
အရုိးသားဆုံးဝန္ခံရရင္ စာေရးသူၾကိဳက္တဲ့အတြင္းခန္းေတြထဲမွာ Ford ကားေတြပါဝင္ပါတယ္။ Ford ကားေတြရဲ႕အတြင္းခန္းတည္ေဆာက္ပုံက ရုိးရွင္းတယ္၊ အဆင့္ျမင့္တယ္၊ ပစၥည္းေကာင္းေတြ သုံးထား တယ္ဆုိတာ ကုိင္တြယ္ထိေတြ႔ရတာနဲ႔တင္ သိသာပါတယ္။ ပထမဆုံးေျပာမွာက ထုိင္ခုံေတြအပုိင္းပါ။ လည္သာထုိင္ခုံေတြသုံးထားျပီး Wildtrak ဆုိတဲ့ Original စာတန္းေတြက ထုိင္ခုံနဲ႔ ဒတ္ရွ္ဘုတ္ေတြ မွာေရးထုိးထားပါတယ္။ ေနာက္ျပီးေတာ့လည္သာနဲ႕ခ်ဳပ္ထားတဲ့ စတီယာရင္မွာလည္း Audio,Phone,Cruise Control , Touch Screen ထိန္းခ်ဳပ္မွဳခလုတ္ေတြပါဝင္ပါတယ္။ အတြင္းခန္းက က်ယ္က်ယ္ဝန္းဝန္းရွိလွျပီး အနက္ေရာင္ဆန္ဆန္ ၿပိဳင္ကားဒီဇုိင္းပံုစံတည္ေဆာက္ ေပးထားတာကုိ ေတြ႔ရမွာလည္း ျဖစ္ပါတယ္။ အသစ္ပါဝင္မွဳအျဖစ္ New Ford Ranger မွာ ေငြေရာင္ ခ်ဳပ္ရုိးေၾကာင္းေတြ၊ ခရုမ္းအရိပ္အေယာင္ေတြကုိ ေတြ႔ျမင္ရမွာလည္း ျဖစ္ပါတယ္။ ဒါ့အျပင္ SYNC 3 စနစ္က Apple Car Play နဲ႔၊ Android Auto compatibility ေတြကို လုိက္ဖက္ညီျပင္ဆင္မႈေတြ ဆက္လက္ လုပ္ေဆာင္ေပးေနၿပီး Bluetooth နဲ႔ ၈.၀ လက္မရွိတဲ့ ေရာင္ျပည့္ Touch Screen၊ ေနာက္ဘက္ၾကည့္ မွန္တုိ႔လည္း ပါဝင္လာပါတယ္။ SYNC3 စနစ္က Apple ေျမပံုစနစ္အသံုးျပဳႏုိင္ၿပီးေတာ့ မုိဘုိင္းဖုန္းနဲ႔ ဆက္သြယ္ခ်ိတ္ဆက္ႏုိင္မႈေၾကာင့္ ကားေမာင္းသူအေနနဲ႔ ကားရဲ႕ အေဝးကုိ ေရာက္သြားခဲ့တဲ့ တုိင္ေအာင္ အဆင့္ျမင့္ ၿဂိဳလ္တုဖမ္းစနစ္ေတြကုိလည္း အသံုးျပဳႏုိင္ဦး မွာျဖစ္ပါတယ္။ ဒီစနစ္ကုိ အသံနဲ႔ အမိန္႔ေပးညႊန္ၾကားမႈေတြကိုပါ လုပ္ေဆာင္ႏုိင္ပါၿပီ။ Dual Air Con စနစ္ျဖစ္ျပီး ေရွ႕ဘက္မွာ ခြက္ေနရာေတြ၊ ပစၥည္းထည့္စရာေတြလည္း ပါဝင္သလုိ ေနာက္ဘက္ခုံတန္းရဲ႕အလယ္က လက္တင္ခုံအျဖစ္ ေရာ၊ ခြက္ထည့္စရာအျဖစ္ပါအသုံးျပဳႏိုင္ပါေသးတယ္။ ေနာက္ျပီး ဒီကားက Passive Entry Passive Start ( PEPS) ေသာမဲ့တံခါးစနစ္ျဖစ္္ၿပီး Push-button စက္အင္ဂ်င္ႏႈိးစနစ္လည္း ပါဝင္ပါတယ္။

စြမ္းေဆာင္ရည္
Ranger Wildtrak အသစ္ကုိ 3.2L TDCi ဒီဇယ္အင္ဂ်င္ကုိသုံးထားျပီးေတာ့ 6 Speed Auto နဲ႔လာမွာျဖစ္ပါတယ္။ ျမင္းေကာင္ေရ 200 အားထြက္ရွိမွာျဖစ္ျပီး ရုန္းအားကေတာ့ 470Nm ျဖစ္ပါတယ္။ ေလးဘီးယက္စနစ္ျဖစ္ျပီး Front Brakes က Ventilated Discs ေတြျဖစ္ကာ Rear Brakes ေတြကေတာ့ Drum ေတြျဖစ္ပါတယ္။ Double Wishbone with Coil Spring နဲ႕ Leaf Springs ေအာက္ပုိင္းစနစ္ေတြကုိ ေရွ႕ေနာက္သုံးေပးထားပါတယ္။
လုံျခဳံေရး
New Ranger မွာ ေရွ႕ေလအိတ္ ၂ လုံးအျပင္ ပတ္လည္ေလအိတ္စနစ္လည္းပါသလုိ ABS, Stability Control ေတြသာမကဘဲ ပါကင္အကူစနစ္ Active Park Assist (APA) က ယာဥ္ေမာင္းသမားေတြအတြက္ ယာဥ္ေမာင္းပါကင္ထုိးခ်ိန္ခံစားရတဲ့ စိတ္ဖိစီးမႈ၊ စိုးရိမ္ပူပန္မႈေတြအတြက္ semi-automatic ကား ပါကင္ ထုိးစနစ္နဲ႔ ကူညီေျဖရွင္းေပးျခင္း၊ Pre- Collision Assist ( ယာဥ္တုိက္မႈမျဖစ္မီ အကူစနစ္) က Inter- Urban Autonomous Emergency Braking(AEB) စနစ္ကုိ အသံုးျပဳေပးထားၿပီး ေမာ္ေတာ္ယာဥ္မေတာ္တဆမႈ ကာကြယ္ေပးျခင္းနဲ႔ လမ္းအသံုးျပဳသူ ကာကြယ္ေစာင့္ေရွာက္ေပးတဲ့စနစ္ေတြ ထည့္သြင္းထုတ္လုပ္ေပးထား ပါတယ္။ ေနာက္ျပီးေတာ့ Pre- Collision Assist စနစ္က လမ္းအသံုးျပဳသူေတြကုိ ယာဥ္မေတာ္တဆမႈကေန ကာကြယ္ေပးဖုိ႔အတြက္ ဖန္တီး တည္ေဆာက္ေပးထားျခင္းျဖစ္ၿပီးေတာ့ ေမာ္ေတာ္ယာဥ္ကို ေနာက္ဘက္ကေန ယာဥ္တုိက္မႈျဖစ္ပြားမႈ ေလွ်ာ့ခ်ေပးဖုိ႔ ကူညီႏုိင္ျခင္း၊ ယာဥ္ေၾကာက်ပ္တည္းတဲ့ လမ္းမေပၚ ယာဥ္မေတာ္ တဆမႈနဲ႔ လမ္းအသံုးျပဳသူ ယာဥ္တုိက္မႈျဖစ္ေပၚျခင္းေတြကုိ ေလွ်ာ့ခ်ေပးႏုိင္ဖုိ႔အတြက္ပဲျဖစ္ပါတယ္။ ဒါေပမဲ့ စနစ္ရဲ႕ လုပ္ေဆာင္မႈဟာဆုိရင္ တစ္နာရီ ၃.၆ ကီလုိမီတာမွာပဲ လုပ္ေဆာင္ေပးမွာျဖစ္ပါတယ္။ ဒါ့အျပင္ လမ္းေၾကာင္းအကူစနစ္နဲ႔ လမ္းေၾကာင္းေပၚ ေမာင္းႏွင္မႈသတိေပးစနစ္၊ လ်င္ျမန္ဖ်တ္လက္တဲ့ ေမာင္း ႏွင္ထိန္းခ်ဳပ္မႈစနစ္ေတြနဲ႔အတူ ယာဥ္မေတာ္တဆမႈကို သတိေပးစနစ္ေတြကို New Ford Ranger မွာ ထည့္သြင္းထုတ္လုပ္ေပးထားပါတယ္။
စမ္းသပ္ေမာင္းႏွင္ျခင္း
အရင္ေမာ္ဒယ္ေဟာင္းနဲ႕အင္ဂ်င္ပါဝါေရာ၊စြမ္းေဆာင္ရည္ပါတူေပမယ့္ ဒီကားကပုိျပီးေတာ့ အထသြက္သလုိခံ စားမိပါတယ္။ ေနာက္ျပီး ကီလုိ ၁၀၀ ေလာက္ကုိနင္းတာေတာင္ ကားကအသာေလးပဲ။ အင္ဂ်င္ကလည္း ၾကီးေတာ့ အရုန္းအဆဲြပုိင္းက လွည့္ၾကည့္စရာမလုိဘူးေပါ့။ လမ္းၾကမ္းေတြမွာ ေမာင္းရရင္ ေအာက္ပုိင္းစနစ္နဲ႔ ရုန္းအားေတြကုိ ပုိျပီးစမ္းသပ္လုိ႔ရႏိုင္ပါတယ္။ လမ္းေကာင္းမွာဆုိေတာ့ Pick Up ေတြရဲ႕ထုံးစံအတုိင္းပဲ ေတာင့္ေတာင့္ၾကီးျဖစ္ေနတယ္။ Suspension စနစ္က ခပ္ဆတ္ဆတ္ျဖစ္ေနတယ္။ စတီယာရင္စနစ္ေတြ၊ ေမာင္းႏွင္ရတာေတြ၊ ေနာက္ျပီး Active အျမဲျဖစ္ေနတဲ့ Safety စနစ္ေတြေၾကာင့္ ေမာင္းႏွင္ရတာ ပုိျပီး ယုံၾကည္မွဳအျပည့္ ရွိေနပါတယ္။ ျခဳံေျပာရရင္ေတာ့ Ford Ranger က သူ႔ရဲ႕ပင္ကုိယ္ဟန္အတုိင္းပဲ မာ ေက်ာမယ္၊ စြမ္းေဆာင္ရည္ေကာင္းမယ္၊ ေနာက္ျပီး လုံျခဳံေရးကုိ အဓိကထားတယ္။
ေစ်းႏွဳန္းႏွင့္ သုံးသပ္ခ်က္
Wildtrak အသစ္က $48,995 ျဖစ္ျပီး SKD ျဖစ္လုိ႔ ရန္ကုန္လုိင္စင္ပါရရွိႏိုင္မွာျဖစ္ပါတယ္။ ဒီကားက အရင္ေမာ္ဒယ္ေဟာင္းထက္ ပုိျပီးရုပ္ထြက္ပိုင္းသားနားသြားတယ္။ ပုိျပီးေတာ့ ဆန္းသစ္လာတယ္။ အဓိက အပိုင္းကေတာ့ Everest ရဲ႕Safety နည္းပညာအခ်ိဳ႕နဲ႕ ကားေနာက္ၿမွီးပုိင္းကုိ ပင့္တင္ျခင္းမွာ ကူညီေပးႏုိင္ရံု မက အလြယ္အကူ လုပ္ေဆာင္ႏုိင္ေစႏိုင္တဲ့နည္းပညာေတြေၾကာင့္ လက္ရွိျပည္တြင္းအၾကိဳက္နဲ႕ ကုိက္ညီ ေနဦးမွာျဖစ္ပါတယ္။ ဒါေပမဲ့ Touch Screen ပိုင္းက ကုိင္တြယ္ရတာ သိပ္ျပီး Sensitive မျဖစ္သလုိ ခံစားရ တယ္။ ျပီးေတာ့ အင္ဂ်င္ပါဝါကုိ ေရြးခ်ယ္စရာအျဖစ္ Wildtrak 2.2L ပါသြင္းမယ္ဆုိရင္ ေရြးခ်ယ္ စရာပုိျပီးမ်ားသြားႏိုင္မယ္ထင္ပါတယ္။
Specification…
Engine – Duratorq TDCi 3.2 L
Displacement(CC) – 3198
Transmissions – 6 Speed Auto
Maximum Power – 200 HP
Maximum Torque – 470 Nm
Drivetrain – 4WD
Top Speed (Km/h) – 160
Fuel Type – Diesel