Zawgyi Version…

Unicode Version…

300 Sport နှင့် Checkered Flag Special Edition များထည့်သွင်းလာမည့် All New Jaguar F-Pace
နာမည်ကျော်ကားထုတ်လုပ်ရေး Jaguar မှ 300 Sport နှင့် Checkered Flag အထူး ထုတ်များအား F – Pace မော်ဒယ်အသစ်တွင် ထည့်သွင်းမည် ဖြစ်ကြောင်းသိရသည်။ 300 Sport တွင် ( 2.0 L Ingenium Petrol I4 Engine ) ပါဝင်မည် ဖြစ်ပြီး မီးခိုးရောင် Trim အား အရှေ့ Grille နှင့် တံခါးများ၊ ပြတင်းပေါက်များနှင့် အနောက်ဖက်တွင် တပ်ဆင်ထားမည်ဖြစ်သည်။ 22-inch Gray Wheels များအပါအဝင် အရောင်( ၃ ) မျိုး (Yulong White, Indus Sliver, Santorins Black) ပါဝင်ကာ အတွင်းခန်းတွင် အဝါရောင် Stitching များကို ထိုင်ခုံများ၊ Dashboard အပါအဝင် နေရာ အနှံ့တပ်ဆင်ထားပါသည်။ Steering ၊ ခြေနင်းကော်ဇောများတွင် 300 Sport တံဆိပ်များတပ်ဆင် ထားမည်ဖြစ်ပြီး Jaguar ၏ နာမည်ကျော် Touch Pro Navigation with connect Pro နည်းပညာ များလည်း ပါဝင်မည် ဖြစ်သည်။
Checked Flag Special Edition အား R-Sport Version ဖြင့် စတင်မည်ဖြစ်ပြီး Gloss Black Trim , 20-inch Gloss Black Alloy တို့ ပါဝင်မည်ဖြစ်သည်။ အရောင်များအနေဖြင့် Yulong White, Eiger Gray, Santorini Black တို့ပါဝင်ပြီး အင်ဂျင်မှာ (2.0L I4 Engine) , ( 247 hp) ကိုတပ် ဆင်ထားမည်ဖြစ်သည်။ ပါဝင်သည့် Spec များသည် 300 Sport နှင့် တူညီမည်ဖြစ်ပြီး 14 way front Seats , Touch Pro, Connect Pro စသည်တို့ ပါရှိပါမည်။ (UK)အပြင် အခြားသောဒေသ ဈေးကွက် များတွင် (2.02 Diesel Engine)စနစ်သုံး Model များကို မှာယူ ရနိုင်မည်ဖြစ်ပြီး ပါဝင်သည့် Features များမှာတူညီမှု ရှိပါသည်။