Jaguar Myanmar သည္ Premium Mid-Size Sedan အမ်ိဳးအစားျဖစ္သည့္ All New Jaguar XE ကို မေန႔က မႏၱေလးၿမိဳ႕တြင္ က်င္းပျပဳလုပ္ေနသည့္ CarsDB Auto Show Mandalay 2020 အေရာင္းျပပြဲႀကီးတြင္ မိတ္ဆက္သြားခဲ့သည္။
အသစ္မိတ္ဆက္လိုက္သည့္ All New Jaquar XE သည္ ေနာက္ဆံုးေပၚဆန္းသစ္တီထြင္မႈမ်ားႏွင့္ ဒီဇိုင္းပိုင္း လွပေက်ာ့ရွင္းမႈကို ေပါင္းစပ္ထားသည့္ ဇိမ္ခံကားတစ္စီးျဖစ္ၿပီး သာမန္ထက္ ထူးကဲေကာင္းမြန္သည့္ ေမာင္းႏွင္မႈခံစားခ်က္တုိ႔ကို ရရိွေစမည့္ ကားတစ္စီးျဖစ္သည္။
All New Jaquar XE ၏ ဒီဇုိင္းဖန္တီးမႈအပိုင္းကို Jaguar F-Type Sport ေမာ္ဒယ္မွ ခြဲေဝရယူထားၿပီး ယခင္ေမာ္ဒယ္ထက္ ပိုဗ်က္က်ယ္ၿပီး သြယ္လွသည့္ ဒီဇုိင္းကို ျမင္ေတြ႕ရမည္္ျဖစ္ကာ အတြင္းဒီဇိုင္းပိုင္းတြင္လည္း လွပေက်ာ့ရွင္းမႈကို အေသးစိတ္ပံုေဖာ္ထားသည္။
နည္းပညာပိုင္းအေနျဖင့္ All Electric I-Pace တြင္ သံုးစြဲထားသည့္ New Tech Pro Duo Infotainment အဆင့္ျမင့္နည္းပညာကို Display တြင္ ထည့္သြင္းေပးထားျခင္း၊ ကားအတြင္းထိန္းခ်ဳပ္မႈ စနစ္အားလံုးကို သီးျခားထိန္းခ်ဳပ္ေပးမည့္ AI စနစ္ပါဝင္သည့္ Smart Setting၊ ေနာက္ဘက္ျမင္ကြင္း ပိတ္ဆုိ႔ေနေသာအခါ အေနာက္ဘက္ကို ရွင္းလင္းစြာျမင္ေတြ႕ႏိုင္မည့္ Clear Sight ေနာက္ၾကည့္မွန္စသည္တုိ႔ ပါဝင္လာမည္ျဖစ္သည္။
All New Jaquar XE ၏ ကိုယ္ထည္သည္ ေပါ့ပါးသည့္ Aluminium ကိုယ္ထည္တည္ေဆာက္မႈ၊ ကားအေရွ႕ဖက္တြင္ Double Wishbone ႏွင့္ ကားအေနာက္ဘက္တြင္ Integral Link Suspension စနစ္မ်ားကို ထည့္သြင္းထားေသာေၾကာင့္ ယာဥ္ကိုအထူးတည္ၿငိမ္ေစၿပီး သက္ေတာင့္သက္သာ ေမာင္းႏွင္ႏုိင္မည္ျဖစ္သည္။
စြမ္းေဆာင္ရည္ပိုင္းအရ All New Jaguar XE သည္ Ingenium ဓာတ္ဆီႏွင့္ အင္ဂ်င္ပံုစံ (၃)မ်ိဳးကို ေရြးခ်ယ္ႏိုင္မည္ျဖစ္ကာ 300 PS AWD ဓာတ္ဆီအင္ဂ်င္၊ 250 PS Ingenium ဓာတ္ဆီအင္ဂ်င္ႏွင့္ 180 PS 2.0L Diesel Engine တုိ႔ျဖစ္ၿပီး ထိပ္တန္းစြမ္းေဆာင္ရည္ရိွသည့္ 300 PS AWD ဓာတ္ဆီအင္ဂ်င္သည္ XE အား Sporty ဆန္မႈကို အထူးကိုယ္စားျပဳကာ 0 to 60 mph အား 5.4 Second ျဖင့္ အျမန္ဆံုးေရာက္ရိွႏုိင္သည္။
All New Jagaur XE ကို အေရာင္(၁၂)မ်ိဳးထိ ေရြးခ်ယ္ဝယ္ယူႏုိင္မည္ျဖစ္ၿပီး New Jaguar Base Model ကို USD 70,000 မွ စတင္ဝယ္ယူႏုိင္ၿပီး အျမင့္ဆံုး Trim Level R-Dynamic HSE 300P ကို USD 100,000 ဝန္းက်င္ျဖင့္ ဝယ္ယူႏုိင္မည္ျဖစ္ေၾကာင္း သိရသည္။
Unicode Version….
စတိုင်ကျလှပမှုနှင့် ခေတ်ရှေ့ပြေးနည်းပညာများကို ပေါင်းစပ်ထားသည့် All New Jaguar XE ကို မိတ်ဆက်
—————————————————————–
Jaguar Myanmar သည် Premium Mid-Size Sedan အမျိုးအစားဖြစ်သည့် All New Jaguar XE ကို မနေ့က မန္တလေးမြို့တွင် ကျင်းပပြုလုပ်နေသည့် CarsDB Auto Show Mandalay 2020 အရောင်းပြပွဲကြီးတွင် မိတ်ဆက်သွားခဲ့သည်။
အသစ်မိတ်ဆက်လိုက်သည့် All New Jaquar XE သည် နောက်ဆုံးပေါ်ဆန်းသစ်တီထွင်မှုများနှင့် ဒီဇိုင်းပိုင်း လှပကျော့ရှင်းမှုကို ပေါင်းစပ်ထားသည့် ဇိမ်ခံကားတစ်စီးဖြစ်ပြီး သာမန်ထက် ထူးကဲကောင်းမွန်သည့် မောင်းနှင်မှုခံစားချက်တို့ကို ရရှိစေမည့် ကားတစ်စီးဖြစ်သည်။
All New Jaquar XE ၏ ဒီဇိုင်းဖန်တီးမှုအပိုင်းကို Jaguar F-Type Sport မော်ဒယ်မှ ခွဲဝေရယူထားပြီး ယခင်မော်ဒယ်ထက် ပိုဗျက်ကျယ်ပြီး သွယ်လှသည့် ဒီဇိုင်းကို မြင်တွေ့ရမည်ဖြစ်ကာ အတွင်းဒီဇိုင်းပိုင်းတွင်လည်း လှပကျော့ရှင်းမှုကို အသေးစိတ်ပုံဖော်ထားသည်။
နည်းပညာပိုင်းအနေဖြင့် All Electric I-Pace တွင် သုံးစွဲထားသည့် New Tech Pro Duo Infotainment အဆင့်မြင့်နည်းပညာကို Display တွင် ထည့်သွင်းပေးထားခြင်း၊ ကားအတွင်းထိန်းချုပ်မှု စနစ်အားလုံးကို သီးခြားထိန်းချုပ်ပေးမည့် AI စနစ်ပါဝင်သည့် Smart Setting၊ နောက်ဘက်မြင်ကွင်း ပိတ်ဆို့နေသောအခါ အနောက်ဘက်ကို ရှင်းလင်းစွာမြင်တွေ့နိုင်မည့် Clear Sight နောက်ကြည့်မှန်စသည်တို့ ပါဝင်လာမည်ဖြစ်သည်။
All New Jaquar XE ၏ ကိုယ်ထည်သည် ပေါ့ပါးသည့် Aluminium ကိုယ်ထည်တည်ဆောက်မှု၊ ကားအရှေ့ဖက်တွင် Double Wishbone နှင့် ကားအနောက်ဘက်တွင် Integral Link Suspension စနစ်များကို ထည့်သွင်းထားသောကြောင့် ယာဉ်ကိုအထူးတည်ငြိမ်စေပြီး သက်တောင့်သက်သာ မောင်းနှင်နိုင်မည်ဖြစ်သည်။
စွမ်းဆောင်ရည်ပိုင်းအရ All New Jaguar XE သည် Ingenium ဓာတ်ဆီနှင့် အင်ဂျင်ပုံစံ (၃)မျိုးကို ရွေးချယ်နိုင်မည်ဖြစ်ကာ 300 PS AWD ဓာတ်ဆီအင်ဂျင်၊ 250 PS Ingenium ဓာတ်ဆီအင်ဂျင်နှင့် 180 PS 2.0L Diesel Engine တို့ဖြစ်ပြီး ထိပ်တန်းစွမ်းဆောင်ရည်ရှိသည့် 300 PS AWD ဓာတ်ဆီအင်ဂျင်သည် XE အား Sporty ဆန်မှုကို အထူးကိုယ်စားပြုကာ 0 to 60 mph အား 5.4 Second ဖြင့် အမြန်ဆုံးရောက်ရှိနိုင်သည်။
All New Jagaur XE ကို အရောင်(၁၂)မျိုးထိ ရွေးချယ်ဝယ်ယူနိုင်မည်ဖြစ်ပြီး New Jaguar Base Model ကို USD 70,000 မှ စတင်ဝယ်ယူနိုင်ပြီး အမြင့်ဆုံး Trim Level R-Dynamic HSE 300P ကို USD 100,000 ဝန်းကျင်ဖြင့် ဝယ်ယူနိုင်မည်ဖြစ်ကြောင်း သိရသည်။