Unicode Version…
Mazda မှထုတ်လုပ်သော ပါဝင်မှုအသစ်များဖြင့်ထုတ်လုပ်လိုက်သော ALL NEW MAZDA 6 ကိုပြီးခဲ့သည့် အောက်တိုဘာ ၁၁ရက်နေ့က စတင်မိတ်ဆက်သွားခဲ့သည်။ ၎င်းတွင် SKYACTIV-G Engine 2.0 (Gasoline) အင်ဂျင်ကို သုံးထားပြီး KODO Design ကိုအခြေခံထုတ်လုပ်ထားကာ မီးလုံးဒီဇိုင်းရှေ့ရှဲအောက်ဘက်ပုံစံများပြောင်းလဲသွားပြီး ပါဝင်မှုများအနေဖြင့် Adaptive Front Lights, Mazda Infotainment System, Lane Departure Warning System, Paddle Shift, Cruise Control, Active Driving Display, Front & Rear Sensors, G Vectoring Control, Smart City Brake, Electronic Parking Brake, Sunroof တို့အပြင် Entertainment အတွက် Premium Bose Sound System ကို Speakers 9 ဖြင့်တွဲဖက်ထားကာ Mazda Commander Control ကိုလည်းသုံးထားသည်။ ယခင် Mazda 6 တွင်မပါ ဝင်သော Nappa Leather Seats နှင့် 360 view camera တို့လည်းပါဝင်မည်ဖြစ်သည်။ အရောင်အားဖြင့် Exterior Color (9) ရောင်အထိရွေးချယ်နိုင်ပြီး ALL NEW MAZDA 6 ကို ရန်ကုန်လိုင်စင်အပါအဝင် US$ 69,000 ဖြင့်ရောင်းချနေကြောင်းသိရသည်။

Zawgyi Version…

Premium Luxury Sedan အမျိုးအစား ALL NEW MAZDA 6 ကိုပြည်တွင်းဈေးကွက်သို့ စတင်မိတ်ဆက်