Unicoder version…
ပြည်တွင်းသို့ အသစ်ဝင်ရောက်လာသည့် All New MAZDA CX-3 မိတ်ဆက်ပွဲနှင့်အတူ Mazda Myanmar ၏ Road Show ကိုပြီးခဲ့သည့် မေလ ၁၇ မှ ၂၀ ရက်နေ့အထိ Junction Square Promotion ဧရိယာတွင် ကျင်းပသွားခဲ့ပြီး MAZDA CX-3 ကိုလည်း Test Drive ပြုလုပ်ခွင့်ရရှိခဲ့သည်။ အဆိုပါ Road Show ကာလအ တွင်း MAZDA CX-3 ကိုဝယ်ယူပါက ရန်ကုန်လိုင်စင်အပါအဝင် US$ 3,500 တန်ဖိုးရှိ ကားအပိုပစ္စည်းများကို လည်းလက်ဆောင်အဖြစ်ပေးခဲ့ကြောင်းလည်း သိရသည်။ All New MAZDA CX-3 သည် Mini SUV အမျိုး အစားဖြစ်ပြီး Skyactiv-G 2.0 L အင်ဂျင်ကိုသုံးထားပြီး 148 hp ထွက်ရှိမည်ဖြစ်သည်။ Transmission စနစ်မှာ 6-Speed Semi Auto ကိုသုံးထားပြီး Paddle Shift နှင့် Sport Mode တို့ ပါဝင်သောကြောင့် Manual မောင်းနှင်မှုပုံစံ ကိုလည်း ခံစားနိုင်မည်ဖြစ်သည်။ ထို့အပြင် Adaptive Front Lighting System, Push Button Start, Head up Display, 7 inch Full Color Touch Screen Display, Seat Memory, Mazda Commander Control တို့အပြင် Rain-Sensing Windshield Wipers , Traction Control , Rear View Camera, Air Bags 6 လုံး , Lane Departure , Cruise Control, Smart City Break System တို့ကဲ့သို့သော Safety များလည်းပါဝင်သည်။ ၎င်း၏စျေးနှုန်းမှာ US$ 50,000 ဖြစ်ပြီး Service Warranty 5 နှစ်ထည့်သွင်းပေးထားကြောင်း သိရသည်။
Zawgyi version…