SUV Model များတွင် ထင်ရှားလှသည့် Toyota Land Cruiser သည် 2022 Model Year အတွက် All New 300 Series ကို ထူးခြားမှုများစွာဖြင့် ထုတ်လုပ်လိုက်ပါသည်။ New Model အား Toyota ၏ New TNGA Platform ဖြင့် ဖန်တီးထားသည့်အပြင် အလေးချိန် လျော့ချရန်နှင့် ကြံ့ခိုင်မှုကို တိုးမြှင့်စေရန်အတွက် Redesigned BOF Structure ဖြင့်လည်း ဖန်တီးထုတ်လုပ် ထားပါသည်။ New Model ၏ Weight သည် ယခင် Model များထက် (၄၄၁ ပေါင် )ခန့်ပို၍ ပေါ့ပါးမည်ဖြစ်ကာ ( 7-Seater Model ) ၏ Weight သည် ( ၅၈၇၄ ပေါင် ) ခန့်ရှိပါမည်။ New 300 Series Model တွင် နှစ်ပေါင်းများစွာ အသုံးပြုခဲ့သည့် V8 Engine အစား အင်ဂျင်အမျိုးအစား အသစ် ဖြစ်သည့် – ( 3.5 L V6 Twin Turbo Petrol Engine ) ၊ ( 409 hp ) အင်ဂျင်ကို ပထမဆုံး ထည့်သွင်းထားကာ ဒီဇယ်အင်ဂျင်အနေဖြင့် – ( 3.3 L Twin Turbo Diesel V6 Engine ) ၊ ( 304 hp ) အင်ဂျင်ကို ရရှိနိုင်ပါမည်။ ၎င်းတို့တွင် ( New 10 Speed Auto gear ) နှင့် ( Full Time 4 WD System ) တို့ပေါင်းစပ်ထားမည်ဖြစ်ကာ အချို့သောဈေးကွက်များတွင် ရောင်းချမည့် ( V6 Petrol Engine ) အတွက် ( 6 – Speed Auto gear ) ကို ရနိုင်ပါမည်။ New Model တွင် Off-Road အသုံးပြုမှုအတွက် အလွန်ထူးခြား ကောင်းမွန်သည့် စွမ်းဆောင်ရည်ကို ရနိုင်မည့် Suspension Setup များစွာ ပါဝင်မည်ဖြစ်ကာ Toyota ၏ နာမည်ကျော် KDSS System အား ( E-KDSS System ) ဖြင့် အဆင့်မြှင့်တင်ထားမည့်အပြင် ( Multi-Terrain Monitor and Multi-Terrain Select ) ကဲ့သို့ Advance Tech မျိုးစုံလင်စွာ ပါဝင်လာပါမည်။ New Model ၏ Design သည် Modern ကျမှုနှင့် Stylish ဖြစ်မှုတို့ ပေါင်းစပ်ထားပြီး Land Cruiser ၏ ဝံ့ကြွားခန့်ထည်ခြင်းတို့ကိုလည်း အလားတူ ခံစားရစေရန် ဖန်တီးထားပြီး အရှေ့ Grille Design ကို ပုံစံ (၃) မျိုး အဓိက ခွဲခြားထားပါမည်။ ကျယ်ဝန်း သပ်ရပ်လှသည့် အတွင်းခန်းကိုလည်း All New Layout Design ဖန့် ဖန်တီးထားမည် ဖြစ်ကာ ( Widescreen Infotainment Display ) ကဲ့သို့ ထူးခြားသည့် အခင်းအကျင်းများကို ခံစားရ ပါမည်။ သက်သောင့်သက်သာရှိပြီး လွယ်ကူစွာ ခေါက်သိမ်းနိုင်မည့် ထိုင်ခုံဒီဇိုင်းများကိုလည်း ခင်းကျင်း ထားပါမည်။ New Model တွင် Toyota Safety Sense Suite ကဲ့သို့ Safety Tech အစုအဝေးများ ပေါင်းစပ်ပါဝင်မည်ဖြစ်သည်။ 2022 Toyota Land Cruiser 300 အား ယခုအခါ Global Market တွင် စတင်ရောင်းချနေပြီ ဖြစ်ပါသည်။

12 Jul 2021
0