Unicode Version…
ပရိသတ်ကြီးအတွက်အစဉ်တစ်စိုက်ကြိုးစားပြီး တင်ဆက်ပေးနေတဲ့ Drive ရဲ့Test Drive ကဏ္ဍမှာဖော်ပြပေးဖို့ အလှည့်ကျ လာတာကတော့ All New Nissan Sunny ပဲဖြစ်ပါတယ်။ အရင်မော်ဒယ်ဟောင်း ၂၀၁၇ ကိုစမ်းသပ်မောင်းနှင်ခြင်းကဏ္ဍမှာ ဖော်ပြဖူးပေမယ့် အခုမော်ဒယ်သစ်ရဲ့ထူးခြားမှုလေးတွေကြောင့် ထပ်ပြီးဖော်ပြပေးလိုခြင်းဖြစ်ပါတယ်။ မျိုးဆက် ၁၀ ဆက် မြောက် အဖြစ်ထုတ်လုပ်လာခဲ့တဲ့ Nissan Sunny ဟာဆိုရင် ပြီးခဲ့တဲ့ ၂၀၁၁ ခုနှစ်ကစပြီးတော့ ပြောင်းလဲများနဲ့အတူ ရောက်ရှိလာခဲ့တာဖြစ်ပြီး ကမ္ဘာ့ရောင်းအားအကောင်းဆုံးဆီဒင်အဖြစ်လည်းရပ်တည်နေခဲ့ပါတယ်။ ပြည်တွင်းမှာ SKD စနစ်နဲ့ ထုတ်လုပ် ရောင်းချနေပြီဖြစ်တဲ့ Sunny ရဲ့မူလ DNA ကိုက ဇိမ်ကျပြီး အကောင်းဆုံးသော ဟန်ချက်ညီမိသားစုသုံးဆီဒင်ကားအဖြစ် မျိုးဆက်အလိုက် အဆင့်ဆင့် ပြောင်းလဲထုတ်လုပ်လာတာဖြစ်ပါတယ်။ဆီစားနှုန်းသက်သာခြင်း၊သက်သောင့်သက်သာရှိခြင်း၊စွမ်းဆောင်ရည်မြင့်မားခြင်း၊နည်းပညာတိုးတက်မှုကို ခံစားသိရှိစေနိုင်ခြင်း၊လုံခြုံစိတ်ချမှုရှိခြင်း၊စိတ်ကျေနပ်ဖွယ်ရာ မောင်းနှင်မှုကို ရရှိနိုင်ခြင်းတွေက Nissan Sunny အသစ်ရဲ့ဝိ သေသတွေပဲဖြစ်ပါတယ်။ဒါကြောင့် ထုတ်လုပ်မှုသက်တမ်းနှစ် ၅၀ ကျော်သွားပြီဖြစ်တဲ့ Nissan Sunny အကြောင်း ဆက်ပြီးကြည့် ရအောင်လားခင်ဗျ။
အပြင်ဘက်ပိုင်း
All new Nissan Sunny ကအရင်မော်ဒယ်ဟောင်းအတိုင်းကိုပဲ အပြောင်းအလဲသိပ်မရှိဘဲထုတ်ထားပြီး အချို့လိုအပ်နေတဲ့ အပိုင်းတွေကိုပဲ Upgrade လုပ်လာတာကိုတွေ့ရပါတယ်။ သူ့ရဲ့ ရှေးကျတဲ့ပုံစံဟောင်းတွေထဲမှခွဲထွက်ပြီး ကျော့ရှင်းတဲ့၊ သေသပ်ကြီး မားတဲ့ ရှေ့ဇကာဒီဇိုင်းဟာလည်း Nissan ရဲ့ကိုယ်ပိုင်အမှတ်တံဆိပ်ဖြစ်တဲ့အလျားလိုက်ရုပ်လုံးကြွဘားတန်းပုံစံဖြစ်ပြီး ပတ်ပတ်လည်ကို Chrome တွေနဲ့ဝန်းရံပေးထားပါတယ်။ အဲဒါတွေ အပြင် ကွေးညွတ်ပြီး စတိုင်ကျတဲ့ အနက်ရောင်အနားသတ်နဲ့ ဟေလိုဂျင် ရှေ့ မီးခွက်ဒီဇိုင်း၊ Fog Lamps နဲ့Daytime Running Lamps တို့ လို Brand New ကားသစ်တစ်စီးရဲ့ အင်္ဂါရပ်တွေပါဝင်လာပါတယ်။ ထပ် မံဆန်းသစ်မှုကြောင့် ရှေ့မီးတွေဟာလူကို အထောက်အကူပေးမယ့် Follow Me Home စနစ်လည်း ပါဝင်မှာဖြစ်ပါတယ်။ ပြီးတော့ ဘော်ဒီအချိုးအဆစ်ကလည်း စပေါ့ဆန်ပြီး လေခွင်းအားကောင်းတဲ့ပုံစံမျိုးဖြစ်ပါတယ်။ အားသာချက်ဖြစ်လာတာက အရင် မော်ဒယ် ဟောင်းလို မှန်ချိုးမှန်ခေါက်က Manual မဟုတ်တော့ဘဲ Motor နဲ့ဖြစ်သွားပြီး အဲဒီမှန်ပေါ်မှာ အချက်ပြမီးလည်းပါဝင်လာ မှာဖြစ်ပါတယ်။ ဘီးတွေကလည်း စပုတ် ၁၂ ခုပါတဲ့ ၁၅ လက်မခွေတွေကိုသုံးထားပြီး လုံလောက်တဲ့မြေပြင် ကင်းလွတ်ပမာဏလည်း ရှိပါတယ်။နောက်ပြီးတော့ လှပပြီးရှုချင်စဖွယ်ပေါင်းစပ်နောက်မီးတွေနဲ့အတူ၊ စပေါ့ဆန်စေမယ့် အသစ်ပါဝင်မှုဖြစ်တဲ့ Spoiler နဲ့ နောက် ဘက် ပါကင်ဆင်ဆာတွေပါဝင်လာမှာပါ။
အတွင်းခန်း
အတွင်းခန်းမှာအရင်ထက်ပိုပြီးစုံလင်လာတာကတော့ မှန်ချိုးမှန်ခေါက်ကိုချိန်ညှိနိုင်တဲ့ခလုတ်တွေ၊ Remote key, Push Start စနစ်၊အပူ အအေးကို အလိုအလျောက်ထိန်းချူပ်ပေးနိုင်တဲ့အဲကွန်းစနစ်တွေအပြင် sport ဆန်တဲ့ စပုတ်တံ ၃ ခုထောက်ပုံစံ စတီယာ ရင်စနစ်နဲ့ အတူ Audio စနစ်ကိုထိန်းချူပ်ပေးနိုင်တဲ့ စတီယာရင်ကွန်ထရိုးလည်းပါဝင်ပါတယ်။နောက်ပြီး ကြည့်ရလွယ်ကူတဲ့ မီတာပြခွက်နဲ့ ၅ လက်မ အချက်အလက်ဖန်သားပြင်၊ အပူချိန်ပြစနစ်၊ ပြင်ပအပူချိန်ကိုဖော်ပြနိုင်ခြင်း၊ ဖုန်းနဲ့ပစ္စည်းထည့်စရာခွက်တွေ၊ နောက်ဘက်ခုံ လက်တင်တန်း၊ နောက်ဘက်စီးနင်းသူတွေအတွက် Fan ပေါက်လည်းပါဝင်ပါတယ်။ ထိုင်ခုံတွေက လည်သာမဟုတ်ပေမယ့်လည်း သက်သောင့် သက်သာရှိတဲ့ ပုံစံမျိုးကိုရရှိနိုင်မှာဖြစ်ပါတယ်။ ပြီးတော့ လိုသလိုခေါက်သိမ်းနိုင်တဲ့ထိုင်ခုံတွေ၊ ကျယ်ဝန်းတဲ့ အတွင်းခန်းနဲ့ လုံလောက်တဲ့ Cargo Space ကိုပါရရှိနိုင်မှာဖြစ်ပါတယ်။
စွမ်းဆောင်ရည်
ဒီကားက အရင်မော်ဒယ်ဟောင်းလိုပဲ 1.5LDOHC 16 valve ဓါတ်ဆီအင်ဂျင်ကို အသုံးပြုထားပြီး 4 Speed CVT Transmission စနစ်နဲ့ လာတဲ့ ဓာတ်ဆီအင်ဂျင်သုံး ကားလည်းဖြစ်ကာ Nissanရဲ့ နည်းပညာအစုံအလင်ကိုလည်း ဒီကားမှာ ရရှိခံစားနိုင်မှာဖြစ်ပါတယ်။ အမြင့် ဆုံးစွမ်းအင်ထွက်ရှိမှုအနေနဲ့မြင်းကောင်ရေ 99 hp@6000 rpm နဲ့Torque က 134Nm @ 4000 rpm ရှိမှာဖြစ်ပါတယ်။ ဆီတိုင်ကီဝင်ဆံ့မှုက ၄၁ လီတာဖြစ်ပြီး တစ်လီတာကို ၁၆.၆ကီလိုအထိသွားနိုင်တယ်ဆိုတော့ ဆီစားချိုတဲ့ ကားစာရင်းမှာပါဝင်တယ် လို့ဆိုရမှာဖြစ်ပါတယ်။ ဆိုင်းထိန်းစနစ်ကလည်း ရှေ့ကို Independent MacPherson Strut စနစ်ကို Stabiliser Barနဲ့တဲ့ ပေးထားပြီး နောက်ကိုတော့ Torsion Beam Type တွေနဲ့လုပ်ထားလို့ သက်တောင့်သက်သာရှိရှိစီးနင်းနိုင်မှာပါ။
လုံခြုံရေး
ဒီကားမှာရှေ့လေအိတ် ၂ လုံး၊ Anti-lock Braking System (ABS) , Electronic Brake Force Distribution(EBD),Brake Assist (BA) စနစ်တွေကိုတွဲသုံးထားလို့ဘရိတ်ပိုင်းကစိတ်ချရတယ်။နောက်ပြီးတော့ ယာဉ်တိုက်မှုဖြစ်ရင် ထိခိုက်မှုလျော့နည်းစေနိုင်မယ့် ဘော်ဒီဖရိန်ကိုသုံးစွဲပေးထားပါသေးတယ်။ နောက်ပြီး အသစ်ပါဝင်လာတဲ့ ဘက်ကင်မရာကလည်း ပါကင်ထိုးရာမှာအကူအညီပေးမှာဖြစ် သလို Immobiliser ပါလို့အချက်ပြစနစ်ကလည်း လုံခြုံရေးကိုအထောက်အကူပြုနိုင်မှာဖြစ်ပါတယ်။
စမ်းသပ်မောင်းနှင်မှု
ဒီအပိုင်းကတော့ ကားတစ်စီးရဲ့အသက်လို့ဆိုရင်ရနိုင်ပါတယ်။ ဒီကားက တန်ကြေးနည်းအနေနဲ့ထုတ်ထားတာဆိုတော့ ဆီစားချို အောင်လုပ်ထားတယ်။ ဒီတော့ စွမ်းဆောင်ရည်ပိုင်းကတော့ ဒေါင်ဒေါင်မြည်နေမှာမဟုတ်ပါဘူး။ ဓါတ်ဆီကားဖြစ်ပြီး အင်ဂျင်ကလည်းအ သစ်ဆိုတော့ အထွက်အပြုမြန်တယ်။အင်ဂျင်သံမဆူဘူး။ ဒါပေမဲ့ နင်းတိုင်းတော့ သိပ်မပါဘူး။ စတီယာရင်က အရမ်းပေါ့တယ်။ အရှိန်တင်မောင်းရာမှာတော့ စိတ်ကြိုက်မဖြစ်ဘူး။ ဒါပေမဲ့ ဘရိတ်စနစ်မဆိုးဘူး။အဲဒီအပြင် ကားတည်ဆောက်ထားပုံကြောင့် ဘေးဘက် တွေကို ကြည့်ရတာတွေက မြင်ကွင်းရှင်းလင်းတယ်။ ချိုင့်တွေထဲဖြတ်မောင်းကြည့်တယ်။ အရမ်းခါရမ်းတာတွေ၊ အကျကြမ်းတွေ မရှိဘူး။ငြိမ့်ညောင်းမှုရှိတယ်လို့ ဆိုရမှာဖြစ်ပါတယ်။
ဈေးနှုန်းနဲ့သုံးသပ်ချက်
ဒီကားက ပြည်တွင်းဈေးကွက်နဲ့ ကိုက်ညီအောင်SKD နဲ့ထုတ်ထားလို့ ဈေးနှုန်းသင့်ပြီးရန်ကုန်လိုင်စင်အော်တိုမစ်တစ်ရရှိနိုင်မှာဖြစ်ပါ တယ်။ ၂၀၁၈ ထုတ်မော်ဒယ်အသစ်မှာ အရင်မော်ဒယ်ဟောင်းတုန်းကမပါခဲ့တဲ့ အချို့သော Feature တွေကို ထည့်သွင်းလာတယ်။ Customer တွေကိုအလေးထားလာတယ်လို့ဆိုရမှာဖြစ်ပါတယ်။ နောက်ပြီး ရုပ်ထွက်မဆိုးဘူး။ပြီးတော့ ကားကအနေတော်လေးမို့ မြို့ ထဲလမ်းတွေမှာဝင်ရထွက်ရလွယ်တယ်။ ဒါပေမဲ့ ဟိုင်းဝေးဖို့တော့ နည်းနည်းစဉ်း စားစရာဖြစ်လာတယ်။ Japan Used 1.3L ကား တွေ တောင် သွားနေကြတာပဲလို့ ဆိုလာရင်တော့ သွားချင်သွားပါ။ဒါပေမဲ့ ကားက အချိန်မတိုင်မီ ကျသွားလိမ့်မယ်လို့ ပြောပါရစေ။ဒ ီတော့ ဒီ ကားမျိုးကမြို့တွင်းမှာ ရုံးအတွက်၊အိမ်စီးအဖြစ် ကျော့ကျော့လေးစီးချင် သူတွေအ တွက် သင့်တော်တဲ့ ကားတစ်စီးလို့ ဆိုချင်ပါတယ်။ Grade ခွဲ ၃ မျိုးရှိပြီး အခုမောင်းနှင်ခဲ့တာကတော့ အမြင့်ဆုံး ဂရိတ် SL ဖြစ်ပြီး ဈေး ကတော့ ကျပ် ၂၆၅ သိန်းပဲဖြစ်ပါတယ်။
Specification
Engine – 1.5LDOHC 16 valve
Fuel –Petrol
Maximum Power(Kw/rpm)- 73/ 6,000
Maximum Torque(Nm/rpm)- 134/ 5,200
Transmission-4 speed CVTAuto
Fuel Consumption km/L – 16.6/1
Fuel Tank (liters) – 41
Zawgyi Version…
တန္ေၾကးသင့္ဆီဒင္တစ္စီး(သို႕)ထပ္မံဆန္းသစ္လာတဲ့ All New Nissan Sunny
ပရိသတ္ၾကီးအတြက္အစဥ္တစ္စုိက္ၾကိဳးစားျပီး တင္ဆက္ေပးေနတဲ့ Drive ရဲ႕Test Drive က႑မွာေဖာ္ျပေပးဖုိ႔ အလွည့္က် လာတာကေတာ့ All New Nissan Sunny ပဲျဖစ္ပါတယ္။ အရင္ေမာ္ဒယ္ေဟာင္း ၂၀၁၇ ကုိစမ္းသပ္ေမာင္းႏွင္ျခင္းက႑မွာ ေဖာ္ျပဖူးေပမယ့္ အခုေမာ္ဒယ္သစ္ရဲ႕ထူးျခားမွဳေလးေတြေၾကာင့္ ထပ္ျပီးေဖာ္ျပေပးလုိျခင္းျဖစ္ပါတယ္။ မ်ိဳးဆက္ ၁၀ ဆက္ ေျမာက္ အျဖစ္ထုတ္လုပ္လာခဲ့တဲ့ Nissan Sunny ဟာဆုိရင္ ျပီးခဲ့တဲ့ ၂၀၁၁ ခုႏွစ္ကစျပီးေတာ့ ေျပာင္းလဲမ်ားနဲ႕အတူ ေရာက္ရွိလာခဲ့တာျဖစ္ျပီး ကမာၻ႕ေရာင္းအားအေကာင္းဆုံးဆီဒင္အျဖစ္လည္းရပ္တည္ေနခဲ့ပါတယ္။ ျပည္တြင္းမွာ SKD စနစ္နဲ႕ ထုတ္လုပ္ ေရာင္းခ်ေနျပီျဖစ္တဲ့ Sunny ရဲ႕မူလ DNA ကုိက ဇိမ္က်ျပီး အေကာင္းဆုံးေသာ ဟန္ခ်က္ညီမိသားစုသုံးဆီဒင္ကားအျဖစ္ မ်ိဳးဆက္အလုိက္ အဆင့္ဆင့္ ေျပာင္းလဲထုတ္လုပ္လာတာျဖစ္ပါတယ္။ဆီစားႏွဳန္းသက္သာျခင္း၊သက္ေသာင့္သက္သာရွိျခင္း၊စြမ္းေဆာင္ရည္ျမင့္မားျခင္း၊နည္းပညာတုိးတက္မွဳကုိ ခံစားသိရွိေစႏုိင္ျခင္း၊လုံျခဳံစိတ္ခ်မွဳရွိျခင္း၊စိတ္ေက်နပ္ဖြယ္ရာ ေမာင္းႏွင္မွဳကုိ ရရွိႏုိင္ျခင္းေတြက Nissan Sunny အသစ္ရဲ႕ဝိ ေသသေတြပဲျဖစ္ပါတယ္။ဒါေၾကာင့္ ထုုတ္လုပ္မွဳသက္တမ္းႏွစ္ ၅၀ ေက်ာ္သြားျပီျဖစ္တဲ့ Nissan Sunny အေၾကာင္း ဆက္ျပီးၾကည့္ ရေအာင္လားခင္ဗ်။
အျပင္ဘက္ပုိင္း
All new Nissan Sunny ကအရင္ေမာ္ဒယ္ေဟာင္းအတုိင္းကုိပဲ အေျပာင္းအလဲသိပ္မရွိဘဲထုတ္ထားျပီး အခ်ိဳ႕လုိအပ္ေနတဲ့ အပုိင္းေတြကုိပဲ Upgrade လုပ္လာတာကုိေတြ႕ရပါတယ္။ သူ႕ရဲ႕ ေရွးက်တဲ့ပံုစံေဟာင္းေတြထဲမွခြဲထြက္ျပီး ေက်ာ႕ရွင္းတဲ့၊ ေသသပ္ၾကီး မားတဲ့ ေရွ႕ဇကာဒီဇုိင္းဟာလည္း Nissan ရဲ႕ကုိယ္ပုိင္အမွတ္တံဆိပ္ျဖစ္တဲ့အလ်ားလုိက္ရုပ္လုံးၾကြဘားတန္းပုံစံျဖစ္ျပီး ပတ္ပတ္လည္ကုိ Chrome ေတြနဲ႕ဝန္းရံေပးထားပါတယ္။ အဲဒါေတြ အျပင္ ေကြးညြတ္ျပီး စတုိင္က်တဲ့ အနက္ေရာင္အနားသတ္နဲ႕ ေဟလုိဂ်င္ ေရွ႕ မီးခြက္ဒီဇုိင္း၊ Fog Lamps နဲ႕Daytime Running Lamps တုိ႔ လုိ Brand New ကားသစ္တစ္စီးရဲ႕ အဂၤါရပ္ေတြပါဝင္လာပါတယ္။ ထပ္ မံဆန္းသစ္မွဳေၾကာင့္ ေရွ႔မီးေတြဟာလူကုိ အေထာက္အကူေပးမယ့္ Follow Me Home စနစ္လည္း ပါဝင္မွာျဖစ္ပါတယ္။ ျပီးေတာ့ ေဘာ္ဒီအခ်ိဳးအဆစ္ကလည္း စေပါ့ဆန္ျပီး ေလခြင္းအားေကာင္းတဲ့ပုံစံမ်ိဳးျဖစ္ပါတယ္။ အားသာခ်က္ျဖစ္လာတာက အရင္ ေမာ္ဒယ္ ေဟာင္းလုိ မွန္ခ်ိဳးမွန္ေခါက္က Manual မဟုတ္ေတာ့ဘဲ Motor နဲ႕ျဖစ္သြားျပီး အဲဒီမွန္ေပၚမွာ အခ်က္ျပမီးလည္းပါဝင္လာ မွာျဖစ္ပါတယ္။ ဘီးေတြကလည္း စပုတ္ ၁၂ ခုပါတဲ့ ၁၅ လက္မေခြေတြကုိသုံးထားျပီး လုံေလာက္တဲ့ေျမျပင္ ကင္းလြတ္ပမာဏလည္း ရွိပါတယ္။ေနာက္ျပီးေတာ့ လွပျပီးရွဳခ်င္စဖြယ္ေပါင္းစပ္ေနာက္မီးေတြနဲ႕အတူ၊ စေပါ့ဆန္ေစမယ့္ အသစ္ပါဝင္မွဳျဖစ္တဲ့ Spoiler နဲ႕ ေနာက္ ဘက္ ပါကင္ဆင္ဆာေတြပါဝင္လာမွာပါ။
အတြင္းခန္း
အတြင္းခန္းမွာအရင္ထက္ပုိျပီးစုံလင္လာတာကေတာ့ မွန္ခ်ိဳးမွန္ေခါက္ကုိခ်ိန္ညွိႏိုင္တဲ့ခလုတ္ေတြ၊ Remote key, Push Start စနစ္၊အပူ အေအးကုိ အလုိအေလ်ာက္ထိန္းခ်ဴပ္ေပးႏုိင္တဲ့အဲကြန္းစနစ္ေတြအျပင္ sport ဆန္တဲ့ စပုတ္တံ ၃ ခုေထာက္ပုံစံ စတီယာ ရင္စနစ္နဲ႕ အတူ Audio စနစ္ကုိထိန္းခ်ဴပ္ေပးႏုိင္တဲ့ စတီယာရင္ကြန္ထရုိးလည္းပါဝင္ပါတယ္။ေနာက္ျပီး ၾကည့္ရလြယ္ကူတဲ့ မီတာျပခြက္နဲ႕ ၅ လက္မ အခ်က္အလက္ဖန္သားျပင္၊ အပူခ်ိန္ျပစနစ္၊ ျပင္ပအပူခ်ိန္ကုိေဖာ္ျပႏိုင္ျခင္း၊ ဖုန္းနဲ႕ပစၥည္းထည့္စရာခြက္ေတြ၊ ေနာက္ဘက္ခုံ လက္တင္တန္း၊ ေနာက္ဘက္စီးနင္းသူေတြအတြက္ Fan ေပါက္လည္းပါဝင္ပါတယ္။ ထုိင္ခုံေတြက လည္သာမဟုတ္ေပမယ့္လည္း သက္ေသာင့္ သက္သာရွိတဲ့ ပုံစံမ်ိဳးကုိရရွိႏုိင္မွာျဖစ္ပါတယ္။ ျပီးေတာ့ လုိသလုိေခါက္သိမ္းႏိုင္တဲ့ထုိင္ခုံေတြ၊ က်ယ္ဝန္းတဲ့ အတြင္းခန္းနဲ႕ လုံေလာက္တဲ့ Cargo Space ကိုပါရရွိႏုိင္မွာျဖစ္ပါတယ္။
စြမ္းေဆာင္ရည္
ဒီကားက အရင္ေမာ္ဒယ္ေဟာင္းလုိပဲ 1.5LDOHC 16 valve ဓါတ္ဆီအင္ဂ်င္ကို အသံုးျပဳထားျပီး 4 Speed CVT Transmission စနစ္နဲ႕ လာတဲ့ ဓာတ္ဆီအင္ဂ်င္သံုး ကားလည္းျဖစ္ကာ Nissanရဲ႕ နည္းပညာအစံုအလင္ကိုလည္း ဒီကားမွာ ရရွိခံစားႏုိင္မွာျဖစ္ပါတယ္။ အျမင့္ ဆုံးစြမ္းအင္ထြက္ရွိမွဳအေနနဲ႕ျမင္းေကာင္ေရ 99 hp@6000 rpm နဲ႕Torque က 134Nm @ 4000 rpm ရွိမွာျဖစ္ပါတယ္။ ဆီတုိင္ကီဝင္ဆံ့မွဳက ၄၁ လီတာျဖစ္ျပီး တစ္လီတာကုိ ၁၆.၆ကီလုိအထိသြားႏိုင္တယ္ဆုိေတာ့ ဆီစားခ်ိဳတဲ့ ကားစာရင္းမွာပါဝင္တယ္ လုိ႔ဆုိရမွာျဖစ္ပါတယ္။ ဆုိင္းထိန္းစနစ္ကလည္း ေရွ႕ကုိ Independent MacPherson Strut စနစ္ကုိ Stabiliser Barနဲ႕တဲ့ ေပးထားျပီး ေနာက္ကုိေတာ့ Torsion Beam Type ေတြနဲ႕လုပ္ထားလုိ႔ သက္ေတာင့္သက္သာရွိရွိစီးနင္းႏိုင္မွာပါ။
လံုျခံဳေရး
ဒီကားမွာေရွ႕ေလအိတ္ ၂ လုံး၊ Anti-lock Braking System (ABS) , Electronic Brake Force Distribution(EBD),Brake Assist (BA) စနစ္ေတြကုိတဲြသုံးထားလုိ႕ဘရိတ္ပုိင္းကစိတ္ခ်ရတယ္။ေနာက္ျပီးေတာ့ ယာဥ္တုိက္မွဳျဖစ္ရင္ ထိခုိက္မွဳေလ်ာ့နည္းေစႏိုင္မယ့္ ေဘာ္ဒီဖရိန္ကုိသုံးစြဲေပးထားပါေသးတယ္။ ေနာက္ျပီး အသစ္ပါဝင္လာတဲ့ ဘက္ကင္မရာကလည္း ပါကင္ထုိးရာမွာအကူအညီေပးမွာျဖစ္ သလုိ Immobiliser ပါလုိ႔အခ်က္ျပစနစ္ကလည္း လုံျခဳံေရးကုိအေထာက္အကူျပဳႏိုင္မွာျဖစ္ပါတယ္။
စမ္းသပ္ေမာင္းႏွင္မွဳ
ဒီအပုိင္းကေတာ့ ကားတစ္စီးရဲ႕အသက္လုိ႔ဆုိရင္ရႏိုင္ပါတယ္။ ဒီကားက တန္ေၾကးနည္းအေနနဲ႕ထုတ္ထားတာဆုိေတာ့ ဆီစားခ်ိဳ ေအာင္လုပ္ထားတယ္။ ဒီေတာ့ စြမ္းေဆာင္ရည္ပုိင္းကေတာ့ ေဒါင္ေဒါင္ျမည္ေနမွာမဟုတ္ပါဘူး။ ဓါတ္ဆီကားျဖစ္ျပီး အင္ဂ်င္ကလည္းအ သစ္ဆုိေတာ့ အထြက္အျပဳျမန္တယ္။အင္ဂ်င္သံမဆူဘူး။ ဒါေပမဲ့ နင္းတုိင္းေတာ့ သိပ္မပါဘူး။ စတီယာရင္က အရမ္းေပါ့တယ္။ အရွိန္တင္ေမာင္းရာမွာေတာ့ စိတ္ၾကိဳက္မျဖစ္ဘူး။ ဒါေပမဲ့ ဘရိတ္စနစ္မဆုိးဘူး။အဲဒီအျပင္ ကားတည္ေဆာက္ထားပုံေၾကာင့္ ေဘးဘက္ ေတြကုိ ၾကည့္ရတာေတြက ျမင္ကြင္းရွင္းလင္းတယ္။ ခ်ိဳင့္ေတြထဲျဖတ္ေမာင္းၾကည့္တယ္။ အရမ္းခါရမ္းတာေတြ၊ အက်ၾကမ္းေတြ မရွိဘူး။ျငိမ့္ေညာင္းမွဳရွိတယ္လုိ႔ ဆုိရမွာျဖစ္ပါတယ္။
ေစ်းႏွဳန္းနဲ႕သုံးသပ္ခ်က္
ဒီကားက ျပည္တြင္းေစ်းကြက္နဲ႔ ကုိက္ညီေအာင္SKD နဲ႕ထုတ္ထားလုိ႔ ေစ်းႏွဳန္းသင့္ျပီးရန္ကုန္လုိင္စင္ေအာ္တုိမစ္တစ္ရရွိႏိုင္မွာျဖစ္ပါ တယ္။ ၂၀၁၈ ထုတ္ေမာ္ဒယ္အသစ္မွာ အရင္ေမာ္ဒယ္ေဟာင္းတုန္းကမပါခဲ့တဲ့ အခ်ိဳ႕ေသာ Feature ေတြကုိ ထည့္သြင္းလာတယ္။ Customer ေတြကုိအေလးထားလာတယ္လုိ႔ဆုိရမွာျဖစ္ပါတယ္။ ေနာက္ျပီး ရုပ္ထြက္မဆုိးဘူး။ျပီးေတာ့ ကားကအေနေတာ္ေလးမုိ႔ ျမိဳ႕ ထဲလမ္းေတြမွာဝင္ရထြက္ရလြယ္တယ္။ ဒါေပမဲ့ ဟုိင္းေဝးဖုိ႔ေတာ့ နည္းနည္းစဥ္း စားစရာျဖစ္လာတယ္။ Japan Used 1.3L ကား ေတြ ေတာင္ သြားေနၾကတာပဲလုိ႔ ဆုိလာရင္ေတာ့ သြားခ်င္သြားပါ။ဒါေပမဲ့ ကားက အခ်ိန္မတုိင္မီ က်သြားလိမ့္မယ္လုိ႔ ေျပာပါရေစ။ဒ ီေတာ့ ဒီ ကားမ်ိဳးကျမိဳ႕တြင္းမွာ ရုံးအတြက္၊အိမ္စီးအျဖစ္ ေက်ာ့ေက်ာ့ေလးစီးခ်င္ သူေတြအ တြက္ သင့္ေတာ္တဲ့ ကားတစ္စီးလုိ႔ ဆုိခ်င္ပါတယ္။ Grade ခဲြ ၃ မ်ိဳးရွိျပီး အခုေမာင္းႏွင္ခဲ့တာကေတာ့ အျမင့္ဆုံး ဂရိတ္ SL ျဖစ္ျပီး ေစ်း ကေတာ့ က်ပ္ ၂၆၅ သိန္းပဲျဖစ္ပါတယ္။
Specification
Engine – 1.5LDOHC 16 valve
Fuel –Petrol
Maximum Power(Kw/rpm)- 73/ 6,000
Maximum Torque(Nm/rpm)- 134/ 5,200
Transmission-4 speed CVTAuto
Fuel Consumption km/L – 16.6/1
Fuel Tank (liters) – 41