India နိုင်ငံရဲ့လမ်းမတွေမှာ ကြိမ်ဖန်များစွာစမ်းသပ်မောင်းနှင်ပြီးဖြစ်တဲ့ 2020 Honda City ကတော့ ဈေးနှုန်း $ 13447 (Rs. 1000,000) ဝန်းကျင်နဲ့ India ကားဈေးကွက်ထဲကို ရောက်လာတော့မှာဖြစ်ပါတယ်။

အမျိုးအစားကွဲ (၃) မျိုး ထုတ်လုပ်ရောင်းချသွားမယ့် 2020 Honda City မှာ TC (Traction Control), TPMS (Tyre Pressure Monitoring System), four airbags, cruise control Alexa support ပါ eight-inch touchscreen infotainment system တို့လို နည်းပညာမြင့် equipment တွေပါဝင်မှာပါ။

အရင် တွေထက် spacious cabin ပိုကျယ်လာတဲ့ 2020 Honda Cityကို 119 PS 145 Nm ရှိ 1.5-litre i-VTEC petrol engine နဲ့ 100 PS and 200 Nm ရှိ 1.5-litre i-DTEC diesel engine တွေနဲ့ရရှိနိုင်မှာဖြစ်ပါတယ်။ BSVI compliant အမျိုးအစားထွက်ပြီးဖြစ်သလို mild-hybrid အမျိုးအစားကိုလည်း မကြာခင်ရနိုင်မယ်လို့ ဆိုထားပါတယ်။

Diesel CVT အမျိုးအစားကတော့ Maruti, Suzuki Ciaz, Hyundai Verna, Skoda Rapid, Volkswagen Vento နဲ့ Toyota Yaris တို့ရဲ့ ပြိုင်ဘက်ကောင်းကားတစ်စီးဖြစ်လာမှာပါ။

Fifth-Generation Honda City ကိုတော့ November 2019 က ထိုင်းဈေးကွက်မှာစတင်ပွဲထွက်ခဲ့ပြီး အရွယ်အစားကအခု Model ထက်ပိုကြီးမားပါတယ်။ 2020 Honda City မှာ key feature တွေအဖြစ်မျှော်လင့်နိုင်တာတွေကတော့ Atomatic climate control, Sunroof, LED headlamps, Parking Camera, digital instrument cluster and ventilated seat တွေပါ။

Apple CarPlay နဲ့ Android Auto တွေအပြင်remote engine start/stop နဲ့ pre-cooling လို feature တွေကိုလည်း တွေ့ရမှာဖြစ်ပါတယ်။

Ref: gaadiwaadi.com
Thiha