EV Pickup Truck Model များသည် U.S.A တွင် မကြာမှီကာလ၌ တွင်ကျယ်လာမည် ဖြစ်သည့်အတွက် – U.S.A / ကယ်လီဖိုးနီးယား အခြေစိုက်ဖြစ်သည့် Alpha Motors သည် EV Pickup Model အသစ် Wolf + Cloudbreak အား မိတ်ဆက်လိုက်သည်။ Wolf သည် Alpha ၏ ကိုယ်ပိုင် အမည်ဖြစ်ပြီး Cloudbreak အား Adventure Gear များကို ထုတ်လုပ်သည့် ဂျာမနီအခြေစိုက် Heimplanet မှ ရယူခြင်းဖြစ်သည်။ Alpha သည် Hemiplanet နှင့် ပူးပေါင်းပြီး ( Cloudbreak Geodesic Tent ) ကိုလည်း အထူးထုတ်ဖန်တီးမည်ဖြစ်ပြီး Wolf တွင် တွဲဖက်တပ်ဆင်မည်ဖြစ်သည်။ အဆိုပါ တွဲဖက်မှုသည် တောင်တွင်းစခန်းချသူများ ၊ ပျော်ပွဲစားထွက်သူများအတွက် လုံခြုံခိုင်မာသည့် Tent ဖြင့် စိတ်ချမ်းသာစွာ အနားယူနိုင်ရန်အတွက် ဖြစ်သည်။ သက်သောင့်သက်သာဖြစ်မှုနှင့် Stability တို့အတွက် အပြည့်အ၀ အာမခံချက်များဖြင့် Tent အားဖန်တီးထားသည်ဟု Hemiplanet မှ ပြောကြားပါသည်။ Brand ( ၂ ) ခု ပူးပေါင်းခြင်းဖြင့် ကား၏အတိုင်းအတာကို ၎င်းနှင့်တွဲစပ်မည့် Tent နှင့် လိုက်ဖက်ညီစေရန် ပြုလုပ်ထားသည့်အတွက် နေရာမရွေး အသုံးပြုနိုင်သည့် ရလဒ်ကို ရရှိမည် ဖြစ်သည်။ Alpha Motor သည် Wolf Pickup Truck အား2021 March တွင် ပထမဆုံး မိတ်ဆက်ခဲ့ပြီး ဆက်လက်၍ ( Extended – cab Wolf + ) အား April တွင် မိတ်ဆက်ခဲ့သည်။ Base Model သည် ရှေ့ဘီးယက်နှင့် Single Motor Type ဖြစ်ပြီး ( Range of 215 miles ) ရနိုင်သည့် Dual-Motor Setup ကိုလည်း ရနိုင်ပါသည်။ Wolf နှင့် Cloudbreak တွဲစပ်မှုအား မည်သည့် Version တွင် ထည့်သွင်းမည်ဟု Alpha မှ လက်ရှိ မပြောကြားသည့်အပြင် Production သည်လည်း ကြာမြင့်မည် ဖြစ်သည်။

20 Jun 2021
0