Autonomous Vehicle အမျိုးအစားဖြစ်သည့် Robo-Taxi အား နာမည်ကျော် AMAZON ၏ လက်အောက်ခံ ZOOX မှ ပထမဆုံး မိတ်ဆက်လိုက်ပါသည်။ ၎င်းသည် Driverless ကားပုံံစံ ဖြစ်ပြီး ပုံမှန်မော်တော်ယာဉ်များကဲ့သို့ ကွေးခြင်း ၊ လှည့်ပတ်ခြင်းများ ပြုလုပ်ရန် ( 4 – Wheel Steering ) လည်း ပါရှိပါသည်။ သေးငယ်ပြီး Boxy Design ဖြစ်သည့်ကားငယ်လေးသည် ( 11.9 Feet ) အရှည်ခန့်သာရှိသော်လည်း Sliding Door များပါဝင်ပြီး အတွင်းထိုင်ခုံများကိုလည်း လိုသလို ဖန်တီး နိုင်ပါမည်။ Steering ပါဝင်မည် မဟုတ်သော်လည်း အတွင်းခန်း မျက်နှာကျက် တွင် ( Starlight Headliner ) များထည့်သွင်းထားမည်ဖြစ်ပြီး အလည်တွင် ( Fixed Glass Panel ) တခုပါဝင်မည်။ မိမိသွားလိုသည့် ခရီးလမ်းကြောင်းအား Infotainment Screen သို့ ညွှန်ကြား ပြောဆိုနိုင်ပြီး ( Smartphone Charger ) ကဲ့သို့ Function များလည်း ပါဝင်ပါမည်။ Power အနေဖြင့် အချိန် (၁၆) နာရီခန့်အထိ အသုံးပြုနိုင်သည့် ( 133 – kWh Battery ) အား Zoox မှ တပ်ဆင်ထားမည်ဖြစ်ပြီး ( Top Speed ) သည် ( 75 mph ) ဖြစ်မည်။ Robo-Taxi သည် Autonomous Car ဖြစ်သည့်အတွက် အထူးအဆင့်မြင့်သည့် လုံခြုံရေး စနစ်များစွာပါဝင်မည် ဖြစ်သည်။ အဓိကပါဝင်မည့် Safety Tech များမှာ – ကင်မရာများ ၊ Rader နှင့် LIDAR Sensors များ ၊ Blind Spot Monitor စသည်တို့ ပါဝင်မည့်အပြင် အထူးအဆင့်မြင့် နည်းပညာဖြင့် ဖန်တီး ထားသည့် ( Air Bags ) များလည်း ပေါင်းစပ်ပါဝင်မည်။ Zoox Robo-Taxi အား လက်ရှိတွင် အမေရိကန်ရှိ – San Francisco ၊ Las Vega ၊ Faster City တို့တွင် စမ်းသပ် မောင်းနှင်လျှက်ရှိပြီး မကြာခင်နှစ်များအတွင်း Public ထံ Road Test အနေဖြင့် ပြသရန် စီစဉ်ထားသည်။ Amazon သည် Zoom အားယခုနှစ် June တွင် ဝယ်ယူခဲ့ပါသည်။ Zoox သည် Autonomous Vehicle များဖြင့် Customer များထံသို့ ပစ္စည်းများပို့နိုင်ရန် မျှော်လင့်ထားပါသည်။