Brabus 900 Crawler သည် G – Class Based Project Model များအနက် အံ့မခန်းဖွယ်အဖြစ်ဆုံး Model ဟု Mercedes – Benz မှဆိုထားပါသည်။ တံခါးများမပါဝင်သည် Rally Style ဖြစ်သည့် Brabus 900 Crawler Model သည်ခရီးကြမ်းသုံးသီးသန့် Model ပုံစံဖြစ်ပြီး 20.8 – inch အထိဖြင့်သည့် Ground Clearance လည်းပါဝင်ပါသည်။ ၎င်းသည် သမားရိုးကျမဟုတ်သည့် လမ်းကြမ်းနေရာများ ၊ ခက်ခဲကြမ်းတမ်း သည့်လမ်းများတွင် အထူးအဆင်ပြေစေမည့် Model ဖြစ်ကာ Car ၏စွမ်းဆောင်ရည်ကို အထူးကူညီပေးမည့် Port al Axles ၊ Up to 16.0cm အထိရရှိနိုင်သည့် Height – Adjustable Struts များ 40 X 13.50 R20 off – Road Tires ၊ များကဲ့သို့ Special Features များစွာပါဝင်ပါသည်။ Brabus 900 Crawler တွင် – 4.5 L Twin – turbo V8 Engine ၊ 888 hp ၊ အင်ဂျင် နှင့် 9 – Speed Auto gear တို့ပေါင်းစပ်ထည့်သွင်းထားပြီး Engine စွမ်းဆောင်ရည်အနေဖြင့် – 0 to 62 mph အား 3.4 Seconds ဖြင့်အမြန်ဆုံးရောက်ရှိနိုင်သည်။ ကား၏ Body တွင် Carbon Fiber များစွာထည့်သွင်းထားသည့်အတွက် အလေးချိန်သည် – ( 2485 kg ) ခန့်သာရှိပါသည်။ ထို့အတူ – Portal Axles နှင့် Tubular Frame များကို High – Strength Steel ဖြင့်ဖန်တီးထားပါသည်။
Brabus 900 Crawler သည် ( USD 793000 ) ခန့် ဈေးနှုန်းရှိသည့်အတွက် အလွန်ဈေးနှုန်းမြင့်မားသည်ဟု ဆိုရမည်ဖြစ်ကာ – Mercedes G 63 6 x 6 Model ၊ Maybach G 650 Landaulet Model တို့ထက်ဈေးပိုကြီးပါသည်။ ကား၏အတွင်းခန်းသည် Rally Car ပုံစံဖြစ်ပြီး ပေါ့ပေါ့ပါးပါးအသုံးပြုနိုင်သည့် Sport Seats များကိုထူးခြားစွာထည့်သွင်းပေးထားပြီး Carbon Fiber Helmets ၊ Intercom System တို့ကိုလည်းမှာယူနိုင်ပါသည်။ Brabus သည်အဆိုပါ Model အားအစင်းရေ ( ၁၅ ) စင်းသာထုတ်လုပ်မည်ဖြစ်သည်။