ကိုယ်ရေးအကျဉ်း
Andre de Jong သည် မြန်မာနိုင်ငံရှိ Boschကိုယ်စားလှယ်ရုံးခွဲ၊ လာအိုနှင့်ကမ္ဘောဒီးယားနိုင်ငံတို့၏ MD အဖြစ်
ထိုဒေသများရှိစီးပွားရေးဆိုင်ရာ နယ်ပယ်အားလုံးတွင်ကျယ်ပြန့်စွာတာဝန်ယူဆောင်ရွက်ပေးနေပါသည်။
နယ်သာလန်နိုင်ငံတွင် မွေးဖွားခဲ့ပြီး Bosch Benelux တွင်1997 မှ စတင်ပြီး Power Tools (စွမ်းအင်မြင့် လုပ်ငန်းသုံးကိရိယာများ) လုပ်ငန်းနယ်ပယ်တွင်Brand Manager တဦးအဖြစ်Bosch လုပ်ငန်းစုကြီးတွင် စတင်ခဲ့သည်။ ထိုအချိန်မှစပြီး Boschကုမ္ပဏီအမှတ်တံဆိပ် ဂုဏ်သတင်းတိုးတက်ရေး၊ ဈေးကွက်ကျယ်ပြန့်ရေး၊ စီမံခန့်ခွဲမှုဆိုင်ရာ ဦးဆောင်မှုများကို ဆွစ်ဇာလန်၊နယ်သာလန်၊ ဟောင်ကောင်၊ ဗီယက်နမ်နှင့် ဂျာမနီနိုင်ငံတို့တွင်တာဝန်ယူဆောင်ရွက်နိုင်ခဲ့သည်။
ဗီယက်နမ်နိုင်ငံတွင်Power Tools (စွမ်းအင်မြင့်လုပ်ငန်းသုံးကိရိယာများ) လုပ်ငန်းနယ်ပယ်တွင် တာဝန်ယူဆောင်ရွက်နေရင်းပူးတွဲတာဝန်ယူမှုအဖြစ် ကမ္ဘောဒီးယားနိုင်ငံ၏ ကိုယ်စားလှယ်ရုံးခွဲတည်ထောင်မှုတွင်ဦးဆောင်ခဲ့သည်။
လက်ရှိတာဝန်ယူမှုများ မတိုင်ခင်က Bosch လုပ်ငန်းစုကြီး၏ကုမ္ပဏီခွဲ ဖြစ်သော ဂျာမနီနိုင်ငံရှိ စက်မှုလုပ်ငန်းဆိုင်ရာ sanding applications ကို အထူးပြုသော sia Abrasives တွင် GeneralManager အဖြစ်လည်း ထမ်းဆောင်ခဲ့သည်။
Andre သည်Erasmus University Rotterdam တွင်စီးပွားစီမံခန့်ခွဲမှုဆိုင်ရာ ဒီဂရီကို ရရှိထားသည်။ ကိုယ်ရေးသတင်းအနေဖြင့်အိမ်ထောင်ရှိပြီး ကလေး ၃ ယောက်နှင့်အတူပျော်ရွှင်ဖွယ်မိသားစုဘဝကိုပိုင်ဆိုင်ထားပါသည်။
Andre de Jong
Managing Director, Bosch Myanmar,
Laos and Cambodia