ကမ္ဘာကျော်ပြိုင်ကားများထုတ်လုပ်သည့် Aston Martin နှင့် ကမ္ဘာကျော်လေကြောင်းကုမ္ပဏီ Air bus တို့ပူးပေါင်းပြီး ရဟတ်ယာဉ် အစီအစဉ်အား မိတ်ဆက်ပြသလိုက်ပါသည်။ ACH 130 AM ဟု အမည်ပေးထားသည့် ရဟတ်ယာဉ်အားလွန်ခဲ့သည့် ၁၂လခန့်မှ စတင်စီစဉ်ခဲ့ပြီး ACH ၊ 30 Aston Martin Edition အနေဖြင့် စီစဉ်ခြင်းဖြစ်သည်။ ၎င်းသည် ခရီးသည် ၆ ဦး ( သို့ ) ၇ဦး စီးနင်းနိုင်သည့် ရဟတ်ယာဉ်အမျိုးအစားဖြစ်ပြီး အရေပေါ်ကျန်းမာရေးဝန်ဆောင်မှု ၊ Sightseen Services ကဲ့သို့ အသုံးပြုမှုများအတွက် ရည်ရွယ်ပါသည်။ ၎င်းတွင် အပြင်ဖက် Color ( ၄ ) မျိုးရရှိနိုင်ပြီး အတွင်းခန်း ဒီဇိုင်းအလှဆင်ခြင်းအား Hallmarks မှ ဖန်တီးပါမည်။ ထိုင်ခုံများအား Aston Martin ကားများတွင် အသုံးပြုသည့် Oxford Ton ၊ Pure Black ၊ Cormorant ၊ Ivory ဟူ၍ အရောင်ကွဲများရရှိနိုင်ပါမည်။ သားရေများအား Hand – crafted Leather Satchels များကို အသုံးပြုထားပြီး Aston Martin ၏ အတောင်ပံပုံ Logo ကိုလည်း ထိုင်ခုံများတွင် ရိုက်နှိပ်ထားပါမည်။ အဆိုပါရဟတ်ယာဉ်အား စတင်မှာယူနိုင်မည်ဖြစ်ကာ ယခုနှစ် ပထမ( ၃ ) လ အတွင်းရောင်းချမည်ဖြစ်သည်။ ဈေးနှုန်းအတိအကျအား Aston Martin နှင့် Airbus တို့မှ ထုတ်ဖေါ်မပြောကြားသေးပါ။

 

Zawgyi Version
Aston Martin နှင့် Airbus တို့ပူးပေါင်းထုတ်လုပ်သည့် ACH ၊ 30 AM ရဟတ်ယာဉ်အားပြသခြင်း
