Unicode version….
(Aston Martin) သည် ၄င်း၏ (DB 11 Volente) ၏ အမိုးကားဖွင့်အမျိုးအစားနှင့် ပတ်သက် သည့်အချက်များအားထုတ်ဖော်ပြောကြားလိုက်ပါသည်။ ၄င်းအား (2018) နွေဦးပေါက်ခန့်တွင် စတင်ရောင်းချမည်ဖြစ်ပါသည်။
အသစ်ထွက်ရှိလာသည့် (DB 11 Val ante Convertible) အား ၄င်း၏ယခင် (Coupe) ကဲ့သို့ များစွာထင်ရှားသည့် ကိုယ်ဟန်အနေအထားဖြင့် ဖန်တီးထားပြီးအမိုးဖွင့်ဒီဇိုင်းကြောင့် ကားအားပို၍ ပေါ်လွင်သည်ကိုတွေ့မြင်ရပါသည်။ ၄င်း၏ ဖွင့်/ပိတ်နိုင်သောအမိုးအားပါးလွှာပြီးသပ်ရပ်စွာဖန်တီးထားပြီးအသံဆူညံမှုကိုလျော့ချစေရန်အလွှာ(၈)ခုဖြင့် ဆန်းပြားစွာပြုလုပ်ထားပါ သည်။ အမိုးအရောင်အား (Red)၊ (Black – Silver) နှင့် (Gray – Silver) ဟူ၍ အရောင်သုံးမျိုးထည့်သွင်းထားပါမည်။ အဖိုးဖွင့်ထား၍ ကားအတွင်းခန်းအားပို၍ ဆွဲဆောင်မှုရှိလိုသူများအတွက် ထိုင်ခုံအနောက်ဖက်တွင် အလှကပ်ရန် (Carbon Fiber) သို့ (သစ်သား)များအား ရွေးချယ်မှာယူနိုင်ပါမည်။
(DB 11 Volente)သည် ဖွဲ့စည်းမှုနှင့် ဒီဇိုင်းများသည် ၄င်း၏ယခင် (Model)ဖြစ်သည့် (DB 9)ကားများထက် များစွာစွဲဆောင်မှုရှိပြီးစွမ်းဆောင်ရည်အနေဖြင့်လည်းသာလွန်မည် ဖြစ်ပါ သည်။ (Aston)၏ အဆိုအရယခု (DB 11 Volente)၏ အလေးချိန်သည် (DB 9)ထက် (၅၇ပေါင်) မျှပို၍ ပေါ့ပါးပြိး (၅%)ခန့် ပို၍ တောင့်တင်းစွာဖန်တိးထားပါသည်။ သို့သော် ၄င်း၏ (Curb Weight) သည် (၄၁၃၄ ပေါင်) ဖြစ်၍ (DB 11 V8 Coupe) ၏ (၃၈၀၀ပေါင်) ထက် ပို၍လေးလံသည်ကိုတွေ့ရှိရပါသည်။ (DB 11 Volente) တွင် ထူးခြားမှုအနေဖြင့် (4.0 L Turbocharged V8 Engine)၊ ( 503 hp) အင်ဂျင်နှင့် (8 – speed Auto Gear)ကိုတွဲဖက်စနစ်တစ်မျိုးတည်းသာထည့်သွင်းထားမည်ဖြစ်ပြီး ပြိုင်ကားများအတွက် အရေးပါသည့် (Torque – Vectoring Limited Slip Differential) စနစ်အားထည့်သွင်းထားမည်ဖြစ်ပါသည်။ အဆိုပါအင်ဂျင်၏ စွမ်းဆောင်ရည်မှာ (0 to 62 mph) အား (၄.၁ စက္ကန့်)ဖြင် ့ရောက်ရှိနိုင်ခြင်း ဖြစ်ပါသည်။ ၄င်း၏ စျေးနှုန်းသည် (US$ 216495) ဖြစ်ပြီး (Coupe Version) ထက် (US$ 17500) ပိုမည်ဖြစ်ကာ (V 12 Coupe Version) နှင့် စျေးနှုန်းတူညီမည်ဖြစ်ပါသည်။
Zawgyi version…