Zawgyi Version…

Unicode Version…

အစင်းရေ ၁၉ စင်းသာ နမူနာအနေဖြင့် ရောင်းချမည့် Aston Martin DBS GT Zagato
ပြီးခဲ့သည့်နှစ်က Aston Martin နှင့် Zagato ကို ပူးပေါင်း၍ Special Version အား ဆက် လက်လုပ်ဆောင်ခြင်း အနေဖြင့် DB 4 GT Zagato အား Italian Design House ၏ နှစ် (၁၀၀) ပြည့် အထိမ်းအမှတ်ပွဲအတွက် ထုတ်လုပ်ရန်ကြေညာခဲ့သည်။ ထိုမှတစ်ဖန် ယခုနှစ်တွင် DB4 Version အ ပြင် DBS Variant ဖြစ်သည့် Aston Martin DBS GT Zagato အား ဆက်လက်ထုတ်လုပ်ရန် တရား ဝင်ကြေညာလိုက်ပြီဖြစ်သည်။ အဆိုပါ Model အား Aston Martin ၏ နာမည်ကျော် DB 11 Model ကို အခြေခံကာ ဖန်တီးထားမည်ဖြစ်ပြီး ( Twin – turbo V12 Engine ) ၊ ( 715 hp ) အင်ဂျင် ၊ နောက်ဘီးယက်စနစ် နှင့် 8 – Speed Auto gear တို့ ပါဝင်မည်ဖြစ်သည်။ DBS GT Zagato ၏ အပြင်ဒီဇိုင်းအား အသေးစိတ်လက်ရာများဖြင့် ဖန်တီးထားမည်ဖြစ်ကာ အရှေ့ဖက် Grille နှင့် အ ရှေ့ပိုင်း ပုံစံတို့အား Aston Martin Vantage ကို ပြန်၍အမှတ်ရစေရန် ဖန်တီးထားမည်ဖြစ်ပြီး ချဲ့ကားထားသည့် အမိုးကိုင်းပုံစံတွင် အစမှအဆုံးအထိ အစင်းကြောင်းဖြင့် တွေ့မြင်ရမည်ဖြစ်သည်။ New Taillight ဒီဇိုင်းဖြင့် Zagato အားသာမန်ထက်ထူးခြားသည့်အသွင်အပြင်ကို ခံစားရမည်ဖြစ်ပြီး အပြင်ဖက်ဒီဇိုင်း သည် ခေတ်ရှေ့ပြေးခြင်း ဝိသေသဖြင့်ပြည့်စုံမည်ဖြစ်သည်။ Aston Martin အနေဖြင့် DBS GT Zagato ၏ နောက်ပိုင်းရောင်းချခြင်းအဖြင့် အစဉ်အတိုင်းရောင်းချမည်ဟုသိရသည်။ အစင်း ရေ (၁၉) စင်းသာ ရောင်းချရန်စီစဉ်ထားပြီး တန်ဖိုးအနေဖြင့် ( စတာလင်ပေါင် ၆သန်း) (သို့) ( USD 7.93 Million ) ဖြင့် ရောင်းချမည်ဖြစ်သည်။