Unicode Version…
Aston Martin သည် အထူးထုတ် Model အသစ်ဖြစ်သည့် DBS 59 အား ဖန်တီးလိုက်ပြီး 1959 ခုနှစ်တွင် အထူးထင်ရှားခဲ့သည့် 24 Hours of Le Mans DBR 1 ပြိုင်းကားအား ပြန်လည် ဖေါ်ထုတ် ဂုဏ်ပြုခြင်းဖြစ်သည်။ DBS 59 Special – Edition Model တွင် ( 715 hp DBS ) Super leggera ) အင်ဂျင်တပ်ဆင်ထားသည့်အတွက် လက်ရှိ Aston Models များတွင် အမြန်ဆုံး ကားဖြစ် ပါမည်။ ထ့ိုအပြင် ထူးခြားသည့်ပါဝင်မှုများဖြင့် ထုတ်လုပ်ထားမည်ဖြစ်ပြီး Carbon အမျိုးအစား အမိုး ၊ Rear Valance Spoiler တို့သည်လည်း Carbon Fiber ဖြင့် ပြုလုပ်ထားပြီး Bronze Accents ဖန်တီး မှုအား ကားအရှေ့ဖက် Grille ၊ Brake Caliper နှင့် ဘီးများတွင် အသုံးပြု ထားသည့်အတွက် ဗြိတိသျှ ဆန်သည့်ခံစားမှုကို ရရှိနိုင်မည်ဖြစ်သည်။ အလားတူ အတွင်းခန်း အား ( သုံးရောင်ခြယ် ဒီဇိုင်း ) ဖြင့် ဖန်တီးထားပြီး – အညို နှင့် အနက်ရောင် သားရေထိုင်ခုံများ ၊ British Racing Green Trim နှင့် Fabric Design တို့ ပေါင်းစပ်ထားပြီး တံခါးများ ၊ ထိုင်ခုံများကို DBR 1 အတိုင်း ဖန်တီးထားပါသည်။ ထို့အပြင် Crash Helmet များအား အနောက်ဖက်တွင် ၎င်း ၊ အပိုင်း(၂) ပိုင်းပါဝင်သည့် Luggage Set များကို ၎င်း ၊ အထူးဖန်တီးမှုများဖြင့် ထည့်သွင်ထားမည်ဖြစ်ပါသည်။ DBS 59 အား 24 Hours of Le Mons အား အမှတ်တရ အနေဖြင့် အစင်းရေ ( ၂၄ ) စင်းသာ ထုတ်လုပ်မည်ဖြစ်ပြီး စက်မှုဆိုင်ရာ အားလုံးသည် DBS Super Leggera နှင့် တူညီဖြစ်သည်။ ( Super leggera တွင် 211 mph အထိ ရရှိမည်။ DBS 59 အား ယခုအခါ အမှာစာများ စတင်လက်ခံနေပါသည်။
Zawgyi Version…
၂၄ စီးသာထုတ်မည့် Aston Martin ၏ အထူးထုတ် Model အသစ် DBS 59