Aston Martin သည် V12 Zagato Model အား Limited- Edition အနေဖြင့် 2012 တွင် ထုတ်လုပ်ခဲ့ဖူးသည်။ ယခုအခါ ဗြိတိန်အခြေစိုက် ( R-Reforged ) မှ အဆိုပါ Brand ( ၂ ) ခုအတွက် ကားအစင်းရေ (၃၈)စင်းကို ထုတ်လုပ်ခွင့်ရခဲ့ပြီး Coupe နှင့် Convertible တို့ကို အင်္ဂလန်ရှိ Warwick စက်ရုံတွင် ထုတ်လုပ်မည်ဖြစ်သည်။ ပထမဆုံး Model (၂) မျိုးအား Andrea Zagato နှင့် Morella Zagato တို့မှ Order မှာယူထားပြီး Roadster သည် Dark Gold ဖြစ်ပြီး Coupe သည် ငွေရောင်ဖြစ်သည်။ ၎င်းတို့တွင် ( 19-inch Wheel ) များကို တူညီစွာ တပ်ဆင်ထားမည်။ R-Reforged အနေဖြင့် မူလကအသုံးပြုခဲ့သည့် Blue paint Color ကိုယခု New Model များတွင် ထည့်သွင်းမည် မဟုတ်ကာ ဆေးရောင်အသစ်များနှင့်အတူ Redesigned Fender များအပါအဝင် ဆန်းသစ်စွာ ဖန်တီးထားပါသည်။ Zagato ၏ သင်္ကေတဖြစ်သည့် Bubble Roof ကိုမူဆက်လက် ထည့်သွင်းထားမည်။ New Model များတွင် အလွန် ပေါ့ပါးသည့် Carbon Fiber များ ပေါင်းစပ်ပါဝင်ပါမည်။ Aston Martin Zagato V12 တွင် ( 5.9 L V12 Engine ) ( 600 hp ) ပါဝင်ပြီး Original V12 Zagato ထက် ( 80 hp ) သာလွန်မည် ဖြစ်ကာ Suspension / Chassis တို့ကိုလည်း အဆင့်မြှင့်တင်ထားပါမည်။ Roadster ၁၉ စင်းနှင့် Coupe ၁၉ စင်းတို့ကို ထုတ်လုပ်မည်ဖြစ်ကာ ကားတစင်းအတွက် လုပ်သား ဆယ့်နှစ်ဦးဖြင့် ဖန်တီးကာ အချိန် ၁၆ ပတ်ကြာ မြင့်ပါမည်။ ကားတန်ဖိုးမှာ ( USD 2.2 million ) ဖြစ်သည်။ အချို့ Model များအား ထုတ်လုပ် ပြီးဖြစ်ကာ အချို့ကို ဆက်လက် ထုတ်လုပ်လျှက် ရှိပါသည်။ ကားများတွင် ဝယ်သူ့ စိတ်ကြိုက် ဖန်တီးမှုများလည်း ရရှိနိုင် ပါသည်။