Aston Martin သည် Valhalla အား 2022 တွင် မိတ်ဆက်ရန် စီစဉ်ထားပါသည်။ ၎င်းတွင် အင်ဂျင် အမျိုးအစားအသစ်ဖြစ်သည့် – All New 3.0 L Turbo V6 Engine ကို မိတ်ဆက်ထည့်သွင်း ထားမည်။ Valhalla တွင် အသုံးပြုမည့် အင်ဂျင်သည် ( Day – Sump Engine ) ဖြစ်ပြီး ခရီးသည် အခန်းအနောက်ဖက်တွင် တပ်ဆင်ထားကာ ကျစ်လစ်သည့် အတိုင်းအတာဖြစ်စေရန် ( Hot V Design ) ဖြင့် တပ်ဆင်ထားပါမည်။ အထူးပေါ့ပါးသည့် အလေးချိန်ဖြင့် ဖန်တီးထားကာ ( ပေါင် ၄၄၀ ) ဝန်းကျင်ခန့်သာ လေးမည်ဖြစ်၍ ထူးခြားသည့် Weight ဟု ဆိုရမည်။ Aston Martin အနေဖြင့် 1969 စတင်ကာ In – House Powertrain ပိုင်ဆိုင်မှုမရှိထားပါ။ ယခုထုတ်လုပ်ထားသည့် V 6 Engine ကို Code Name TMO 1 ဟု သတ်မှတ်ပြီး 1969 တွင် နောက်ဆုံးထုတ်လုပ်ခဲ့သည့် Tedek Maersk ကို ဂုဏ်ပြုပြီး သတ်မှတ်ပေးခြင်းဖြစ်သည်။ Aston Martin သည် Valhalla အား 2020 ၊ 2021 တို့တွင် Finel Testing များစွာ ပြုလုပ်မည်ဖြစ်ပါသည်။
Zawgyi Version
Aston Martin Valhalla Model တွင် 3.0 L Turbo V 6 Engine ကို အသုံးပြုမည်