Aston Martin ၏ Vantage Roadster အားပြသခြင်း

Aston Martin သည် နာမည်ကျော် Vantage Convertible Version အား ထုတ်ဖေါ် ပြသလိုက်ပြီး ယခုနှစ်ကုန်တွင် စတင်ရောင်းချရန် စီစဉ်ထားသည်။ ၎င်းသည် Drop top ဒီဇိုင်း ပုံစံဖြစ်ပြီး အရှေ့ Grille ၏ ဘေးဖက်တွင် အနက်ရောင်များကို ချယ်မှုန်းထားမည်ဖြစ်ပြီး Side line များနှင့်အတူ ဘဲမြှီးပုံစံ Spoiler ကိုလည်း တပ်ဆင်ထားပါမည်။ အနောက်ဖက်မီးတန်းသည် အတန်းလိုက်ဖြစ်ပြီး LED Taillight လည်းဖြစ်သည်။ Vantage Roadster သည် DB 11 Volant နှင့် တူညီမှု အချို့ရှိမည်ဖြစ်သော်လည်း ပိုမိုပေါ့ပါးသည့် Chassis ကို အသုံးပြုထားသည့်အတွက် DB 11 Volante ထက်ပို၍ ပေါ့ပါးမည်ဖြစ်သည်။ Vantage Coupe ကို 2017 ၌ ပထမဆုံးထုတ်လုပ်ခဲ့ပြီး ကား၏ အလေးချိန်သည် ( 3373 Ibs ) ရှိသည့် အထူးပေါ့ပါးသွက်လက်ခြင်းသည် ထင်ရှားခဲ့သည်။ အင်ဂျင်အနေဖြင့် AMG – sourced ဖြစ်သည့် – ( 4.0 L Twin – turbo V3 Engine ) ၊ ( 503 hp ) အင်ဂျင်စနစ် နှင့် ( ZF – 8 Speed Automatic Gear ) တို့ကို တွဲဖက်ထားပြီး ( နောက်ဘီးယက်စနစ် ) ဖြစ်သည်။ Vantage Coupe ၏ စွမ်းဆောင်ရည ်သည် ( 0 to 60 mph ) အား ( 3.5 Seconds ) ဖြစ်သည့်အတွက် အထူးလျှင်မြန်သည့် ကားဟုဆိုရပါမည်။ Aston Martin အနေဖြင့် Vantage Roadster ကို မိတ်မဆက်မှီ ၎င်း၏ SUV Model ဖြစ်သည့် Aston Martin DBX ကို ယခုနှစ် December တွင် မိတ်ဆက်မည်ဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here