Unicode Version…

ဂျပန်နိုင်ငံထုတ် Mitsubishi ကားများကို တရားဝင်တင်သွင်းရောင်းချပေးနေသော Mitsubishi Motor Myanmar မှ Sedan ကားသစ်ဖြစ်သော Attrage GLS Sport Edition အား Pre-Order လက်ခံခြင်းနှင့် အခြားမော်ဒယ်များအတွက် Pre YVQC Campaign များကို သြဂုတ်လ ၃၁ ရက်နေ့မှ စက်တင်ဘာ ၂ ရက်နေ့အထိ ၃ ရက်တိုင်တိုင် Road Show အစီအစဉ်ကို Gandamar Wholesale တွင်ကျင်းပပြုလုပ်လျက်ရှိသည်။ Sedan ကားသစ်ဖြစ်သော Attrage တွင် Grade 2 မျိုးရှိပြီး GLS Grade တွင် 1.2 Liter 12 valve 3 cylinder DOHC MIVEC ဓါတ်ဆီအင်ဂျင်ကိုသုံးထားပြီး မြင်းကောင်ရေ ၇၆ ကောင်အား(57KW) ထွက်ရှိမည်ဖြစ်သည်။ ထို့အပြင် Invecs-III CVT ဂီယာစနစ်သုံးဖြစ်ကာ ၁ လီတာကို ကီလိုမီတာ ၂၁ အထိမောင်းနှင်နိုင်ပြီး ဆီစားနှုန်းသက်သာစေရန်အထူးပြုလုပ်ထားခြင်းလည်းဖြစ်သည်။ အတွင်းခန်းတွင် ဆိတ်သား ရေကြမ်းနှင့်ပြုလုပ်ထားသော အထည်သားထိုင်ခုံ၊အလိုအလျောက်လေအေးပေးစနစ်၊ နောက်ဘက်ခုံတန်းတွင် လက်တင် ခုံနှင့်ခွက်ထည့်စရာနေရာများ၊ Keyless Operation စနစ်၊ Audio နှင့် Hand free Phone စနစ်တွေကို ထိန်းချုပ်နိုင်သည့် စတီယာရင် Remote Control ၊ Power Window ၊ 15 လက်မအလွိုင်းဝှီးများ၊ Fog Lamp နှင့် ငွေရောင် Chrome များနှင့်ပြုလုပ် ထားသည့် ရှေ့ရှဲများ၊လုံခြုံရေးနစ်အနေဖြင့် ရှေ့လေအိတ် ၂ လုံး၊ ABS+EBD တို့ပါဝင်သည်။ ထို့အပြင် Attrage မော်ဒယ်များမှာ အထူးသဖြင့် ကွေ့ရာတွင်အလွန်အဆင်ပြေစေရန် Turning Radius ကို 4.8 m အထိရရှိအောင်ပြုလုပ်ထားသောကြောင့် U-Turn များတွင် အထူးသာ လွန်ကောင်း မွန်သည်ဟု သိရ သည်။ Attrage GLS Sport Edition ဂရိတ်မှာမူ ရှေ့နောက် Original skirt များ၊ Spoiler များထည့်သွင်းအလှဆင်ထား သည့်အပြင် Back Camera ပါသည့် Touch Screen လည်းပါဝင်မည်ဖြစ်သည်။ ဈေးနှုန်းအရ Attrage GLS ကို USD 20,900 , Attrage GLS Sport Edition ကို USD 21,900 ဖြင့်ဝယ်ယူနိုင်မည်ဖြစ်ပြီး ပြပွဲကာလအတွင်း Pre-Order ဖြင့်ဝယ်ယူမည်ဆိုပါ USD 1000 Discount အဖြစ် Attrage GLS ကို USD 19,900 , Attrage GLS Sport Edition ကို USD 20,900 ဖြင့်ဝယ်ယူနိုင်မည်ဖြစ်ပါသည်။
Mitsubishi Motor Myanmar ၏ နောက်ထပ်အထူး Special Promotion အစီအစဉ်အရ Pre YVQC Campaign အား စတင်မိတ်ဆက်ပေးခဲ့ပြီး လုပ်ငန်းယာဉ်များဖြစ်သာ L200 Single and Double Cab တို့ကို 10% Downpayment Plan ဖြင့် အစီးရေကန့်သတ်ကာရောင်းချမည်ဖြစ်သည်။ ၎င်း၏ဈေးနှုန်းမှာUSD 43900 ဖြစ်သည်။ ထို့အပြင် အခြား Mitsubishi ၏မော်ဒယ်များဖြစ်သော ASX ကို USD 46900 , Pajero Sport ကို USD 79900 တို့ဖြင့် လက်ငင်း၊ အရစ်ကျရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

Zawgyi Version…

Sedan ကားသစ်ဖြစ်သော Attrage GLS Sport Edition အား Pre-Order လက်ခံခြင်းနှင့် Pre YVQC Campaign များကို Mitsubishi Motor မှကျင်းပပြုလုပ်