Unicode vesion…





Zawgyi  version…

ဂျာမနီအခြေစိုက် (Audi)သည် (Small Car) အမျိုးအစားဖြစ်သည့် (Audi A2)အား (2000-2015) အထိ ထုတ်လုပ်ခဲ့ပြီး (ဥရောပဈေးကွက်)သို့အဓိကတင်ပို့ရောင်းချခဲ့ပါသည်။(Audi)သည် (Merceds-Benz) ၏ (Small Car)များဖြစ်ကြသည့် A – Class / B-Class တို့၏ ရောင်းချရမှုသည် ဥရောပဈေးကွက် တွင် High sales volumes အနေဖြင့် ရရှိနိုင်မှုအား လေ့လာခဲ့ပါသည်။

ထို့နောက် 2000 ပြည့်နှစ်တွင် A2 Model အား Concept Car အနေဖြင့် ထုတ်လုပ်ခဲ့ပြီး ၄င်းအား A2 MPV အမည်ဖြင့် ဥရောပဈေးကွက်သို့ တင်ပို့ခဲ့ပါသည်။ ၄င်းသည် အရှည် (12.55 feet)ရှည်လျားပြီး အင်ဂျင်အနေဖြင့် (I3 Engine)(109 hp) အင်ဂျင်ကိုထည့်သွင်းခဲ့ပါသည်။အဆိုပါအင်ဂျင်၏ (Performance) မှာ (0 to 60 mph)အား (9.8 Seconds)ဖြင့် အမြန်ဆုံးရောက်နိုင်ပါသည်။

Audi A2 အား လှပဆန်းသစ်ပြီး Audi၏ မူပိုင်ဒီဇိုင်းများဖြင့် ထုတ်လုပ်ခဲ့ပြီး Driving ကိုလည်း ကောင်းမွန်မှုရှိစေရန် ဖန်တီးခဲ့ပါသည်။ ထိုသို့စိတ်ဝင်စားဖွယ်ရာ ဖန်တီးမှုများဖြင့် ထုတ်လုပ်ထား သော်လည်း ၄င်းအား ဥရောပဈေးကွက်တွင် လူကြိုက်များခြင်းမရှိခဲ့၍ (2005)ခုနှစ်တွင် ထုတ်လုပ်မှု ရပ်ဆိုင်း ခဲ့ပါသည်။

သို့သော် နှစ်အနည်းခန့်အကြာတွင် Audi သည် A1 အမည်ရှိ Ultra – tiny compact car အား ထပ်မံထုတ်လုပ်ခဲ့ပါသည်။၎င်းအား ပုံမှန် Hatchback ပုံစံထက်များစွာလှပသည့်ဒီဇိုင်းဖြင့်ဖန်တီးခဲ့ပါသည်။ အဆိုပါ A1 Model သည် ဥရောပဈေးကွက်နှင့် အခြားသောဈေးကွက်ဒေသများတွင် များစွာအောင်မြင်မှု ရရှိခဲ့ပါသည်။