Unicoder version…
Audi ၏ နောက်ဆုံးပေါ် A6 Avant သည်ထွက်ရှိလာပါသည်။ ၎င်းအား U .S စျေးကွက်သို့ တင်ပို့မည်မဟုတ်ပါ။ အကြောင်းမှာ – Audi ၏ A5 / SS Sport back များနှင့် A7 /S7 /RS7 Hatchback Model များသည် U . S ၌ ရရှိနိုင် ၍ ဖြစ်ပါသည်။ အခြေခံအားဖြင့် ၊ A6 Avant သည် A6 အား Station Wagon အဖြစ် အဆင့်မြှင့်တင်ထားသည့် Model ဖြစ်သည်။ ၎င်းတွင် Sedan ကဲ့သို့တူညီသည့် Driving Dynamic များနှင့် အတွင်းခန်း အပြင်အဆင် – Layout များပါရှိသော် လည်း Cargo space အား သိသာစွာ တိုးချဲထားပါသည်။ A6 Avant ၏ Cargo space သည် ပုံမှန်အားဖြင့် – 20 Cubic Feet ခန့်အကျယ်ရှိမည်ဖြစ်ပြီး ဒုတိယ ထိုင်ခုံတန်းအား ခေါက်သိမ်း လိုက်ပါက 58 .3 Cubic Feet ခန့်အကျယ် အထိရနိုင်ပါသည်။ ထို့ကြောင့် ပစ္စည်များစွာအား လုံခြုံစိတ်ချစွာဖြင့် ထားရှိနိုင်မည်ဖြစ် ပါသည် ။ အလားတူ Audi ၏ နာမည်ကျော်ပါ၀င်မှုဖြစ်သည့် -( 10 . 1 – inch MMI infotainment screen) နှင့် (12. 1 – inch Virtual Cockpit cluster ) တို့ကိုလည်း ယခု A6 Avant တွင်ထည့်သွင်းထားပါသည်။
အင်ဂျင်အနေဖြင့် Mid –Hybrid belt alternator system ပါ၀င်ပြီး(48 – volt electrical system) ပါရှိသည့် အင်ဂျင်အား A6 Avant ၏ Version အားလုံးတွင်တပ်ဆင်ထားမည်ဖြစ်၏။ ထို့အတူ Grade မြင့်သည့် Trim များတွင် -(AWD system) ၊ (All –wheel steering ) ၊ Air – suspension setup ) တို့ကို ထည့်သွင်းထားမည်ဖြစ်သည်။ A6 Avant ၏ All road Version အား U .S စျေးကွက်သို့တင်သွင်းရန်ကိုမှု Audi မှအသေအချာ မသတ်မှတ်ထားပါ။ အဘယ်ကြောင့် ဆိုသော် A4 All road အား U .S စျေးကွက် ၌ တင်သွင်းရောင်းချလျှက်ရှိပြီး Mercedes ၏ AWD E –Class Wagon ၊ Volvo ၏ V 90 Cross County တို့သည်လည်း Audi ၏ စျေးကွက် ယှဉ်ပြိုင်ဖက် များ အနေဖြင့် U.S စျေးကွက်၌ တည်ရှိပြီးဖြစ်ကြပါသည်။
Interior, Colour: sepang blue.
Zawgyi version..