Zawgyi Version…
ဂ်ာမဏီ ထိပ္တန္းကားထုတ္လုပ္ေရးကုမၸဏီ Audi သည္ ၁၉၄၀ ဒုတိယမၻာစစ္အတြင္း ေစ်းႏႈန္း အျမင့္ ဆံုးႏွင့္ ျမန္ႏႈန္းအျမင့္ဆံုးကားအျဖစ္ ထုတ္လုပ္ခဲ့သည့္ Horch ကို ျပန္လည္ဆန္းသစ္မႈမ်ားႏွင့္ ထိပ္ တန္းေမာ္ဒယ္အျဖစ္ ျပန္လည္ထုတ္လုပ္ရန္ ျပင္ဆင္လ်က္ရိွသည္။
ၿပီးခဲ့သည့္ ရက္ပိုင္းအတြင္း ေတြ႕ဆံုခဲ့သည့္ ရွယ္ယာရွင္မ်ား အစည္းအေဝးတြင္ Audi သည္ A8 ေမာ္ဒယ္ကို All Electric စြမ္းအင္သံုး အဆင့္ျမင့္ဇိမ္ခံကားအျဖစ္ ျမွင့္တင္သြားမည္ျဖစ္ၿပီး Horch အမည္ကို ျပန္လည္အသံုးလာရန္ရိွေနသည္။
သမိုင္းေၾကာင္းမ်ားအရ ဂ်ာမန္ေမာ္ေတာ္ကား တီထြင္သူျဖစ္သည့္ August Horch သည္ Horch ကုမၸဏီႏွင့္ Audi ကုမၸဏီကို တည္ေထာင္ခဲ့သူျဖစ္ၿပီး ၁၉၀၀ ေက်ာ္ ခုႏွစ္မ်ားတြင္ Horch ကားမ်ားကို ထုတ္လုပ္ခဲ့သူျဖစ္သည္။
အဆုိပါ Audi A8 ၏ မ်ိဳးဆက္သစ္ျဖစ္လာမည့္ A8 Horch သည္ ေစ်းႏႈန္း $ 200,000 နီးပါး ကုန္က် ႏုိင္ၿပီး အျခားဂ်ာမန္ ျပိဳင္ဘက္မ်ားျဖစ္ သည့္ Mercedes Maybach ႏွင့္ BMW M760i တုိ႔ကုိ ယွဥ္ၿပိဳင္ လာႏုိင္မည္ျဖစ္သည္။
Audi သည္ A8 မ်ိဳးဆက္သစ္ကို Horch နာမည္အသံုးျပဳရန္ အတည္ျပဳမထုတ္ျပန္ေသးေသာ္လည္း လွ်ပ္စစ္သံုး အဆင့္ျမင့္ဇိမ္ခံကားအျဖစ္ အဆင့္ျမွင့္တင္ကာ ၂၀၂၀ ဝန္းက်င္တြင္ ထုတ္လုပ္သြားရန္ ရိွေနသည္။



Unicode Version…
Audi A8 ကို All Electric အဆင့်မြင့်ဇိမ်ခံကားအဖြစ် အဆင့်မြှင့်တင်ထားမည့် A8 Horch
ဂျာမဏီ ထိပ်တန်းကားထုတ်လုပ်ရေးကုမ္ပဏီ Audi သည် ၁၉၄၀ ဒုတိယမ္ဘာစစ်အတွင်း ဈေးနှုန်း အမြင့် ဆုံးနှင့် မြန်နှုန်းအမြင့်ဆုံးကားအဖြစ် ထုတ်လုပ်ခဲ့သည့် Horch ကို ပြန်လည်ဆန်းသစ်မှုများနှင့် ထိပ် တန်းမော်ဒယ်အဖြစ် ပြန်လည်ထုတ်လုပ်ရန် ပြင်ဆင်လျက်ရှိသည်။
ပြီးခဲ့သည့် ရက်ပိုင်းအတွင်း တွေ့ဆုံခဲ့သည့် ရှယ်ယာရှင်များ အစည်းအဝေးတွင် Audi သည် A8 မော်ဒယ်ကို All Electric စွမ်းအင်သုံး အဆင့်မြင့်ဇိမ်ခံကားအဖြစ် မြှင့်တင်သွားမည်ဖြစ်ပြီး Horch အမည်ကို ပြန်လည်အသုံးလာရန်ရှိနေသည်။
သမိုင်းကြောင်းများအရ ဂျာမန်မော်တော်ကား တီထွင်သူဖြစ်သည့် August Horch သည် Horch ကုမ္ပဏီနှင့် Audi ကုမ္ပဏီကို တည်ထောင်ခဲ့သူဖြစ်ပြီး ၁၉၀၀ ကျော် ခုနှစ်များတွင် Horch ကားများကို ထုတ်လုပ်ခဲ့သူဖြစ်သည်။
အဆိုပါ Audi A8 ၏ မျိုးဆက်သစ်ဖြစ်လာမည့် A8 Horch သည် ဈေးနှုန်း $ 200,000 နီးပါး ကုန်ကျ နိုင်ပြီး အခြားဂျာမန် ပြိုင်ဘက်များဖြစ် သည့် Mercedes Maybach နှင့် BMW M760i တို့ကို ယှဉ်ပြိုင် လာနိုင်မည်ဖြစ်သည်။
Audi သည် A8 မျိုးဆက်သစ်ကို Horch နာမည်အသုံးပြုရန် အတည်ပြုမထုတ်ပြန်သေးသော်လည်း လျှပ်စစ်သုံး အဆင့်မြင့်ဇိမ်ခံကားအဖြစ် အဆင့်မြှင့်တင်ကာ ၂၀၂၀ ဝန်းကျင်တွင် ထုတ်လုပ်သွားရန် ရှိနေသည်။