

Unicode Version….

Audi AI : Trail Quattro အမည်ရသည့် EV Off – Road Concept အား Frankfurt တွင် ပြသမည်

AUDI သည် ( Audi AI:Trail Quattro) အမည်ရသည့် စိတ်ဝင်စားဖွယ်ရာ Concept Model တမျိုးအား မကြာခင်ကျင်းပမည့် Frankfurt ကားပြပွဲတွင် မိတ်ဆက်ပြသမည်ဖြစ်သည်။ ၎င်းသည် လျှပ်စစ်ကားဖြစ်ပြီး နမူနာဓာတ်ပုံများအရ အလွန်ကျယ်ဝန်းသည်။ Wheel နှင့် တာယာများ ပါရှိသည် ကိုတွေ့ရပါမည်။ တာယာများအား Bumper များနှင့် သီးခြားပုံစံဖန်တီးထားပြီး တောင်ကုန်းများ / ဆင်ခြေလျှောများကဲ့သို့ မောင်းနှင်မူများအတွက် ဘီးများကို လွတ်လပ်စွာအသုံးပြုရန်အတွက် ဖြစ်သည်။ ( Ai : Trail ) တွင် ပြောင်းလွယ်ပြင်လွယ်သည့်စနစ် ပါရှိသည့် Electric Powertrain Package ကို ထည့်သွင်းထားမည်ဖြစ်ပြီး ၎င်းသည် ကားတစင်းလုံးနီးပါးခန့် အကျယ်ရှိကာ Engine ကို နောက်ယှက်စေမှု တစုံတရာလည်းမဖြစ်ပေါ်ရန် ဖန်တီးထားသည်။ ကားတစ်လုံး၏ ဒီဇိုင်းသည်အလွန်ပြေပြစ်ပြီး လက်ရှိ Audi Model များထက် များစွာ ဆန်းသစ်ပြီး ခေတ်ဆန်သည့် ပုံစံရှိပါသည်။ ၎င်းသည် Autonomous Vehicle မဟုတ်သော်လည်း ( AI ) ဟု အမည်ပေးထားရခြင်းများ 2018 တွင်ကျင်းပခဲ့သည့် Frankfurt ကားပြပွဲ၌ Audi မှ မိတ်ဆက်ခဲ့သည့် ( Audi AI con Concept ) နှင့် တူညီမှုရှိမည်ဟု Audi ချစ်သူများမှ ယူဆကြပါသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here