Unicode Version…






Zawgyi Version…
Audi သည် EVs အမျိုးအစား ( ၃ ) မျိုးအား၂၀၂၀ တွင်ရောင်းချရန် စီစဉ်ထားပြီး ၎င်းတို့ အပြင် Model အသစ် ( ၉ ) မျိုးကိုလည်း ၂၀၂၅ အတွင်း ရောင်းချပါမည်။ ၎င်းတို့တွင် Q2 / Q3 အရွယ် သေးငယ်သည့် EV များလည်းပါဝင်မည်ဖြစ်ပြီး လက်ရှိထုတ်လုပ်ထားသည် E – Tron Sport back အပြင် E – Tron GT ကိုလည်း တိုးချဲ့ထုတ်လုပ်မည်ဖြစ်ကာ GT Model သည် Sport back နှင့် အများအားဖြင့် တူညီမည်ဖြစ်သည်။ Audi သည် E – Tron အပြင်အခြားသော EV SUV ( ၃ )ခု ၏ Platform များကို ဆက်လက်ဖန်တီးမည်ဖြစ်ပြီး Porsche Taycan မှ ခွဲဝေထားသည့် E – Tron GT / Porsche ၏ အနာဂတ် EV နှင့် တူညီမည့် PPE နှင့် Volkswagen Group ၏ MEB Platform ကို အခြေခံထားမည့် Q EV တို့ဖြစ်ကြပါမည်။ ( MEB – Based ) အား ( I.D Neo ) ဟု သတ်မှတ်ပြီး Volkswagen တွင်မူ Hatchback အနေဖြင့် ထုတ်လုပ်ပါမည်။ ( U. S. A ) ဈေးကွက်သို့ ရောင်းချမည် Audi EV Model များတွင် – ( A 3 ) ( A 3 Sport back E – Tron Hybrid ) နှင့် ( Q 3 ) တို့ပါဝင်ပါမည်။ Audi သည် တရုတ်နိုင်ငံ၏ ကြီးမားလှသည့် ဈေးကွက်ဝယ်လိုအားအရ အနာဂတ် ထုတ်လုပ်မည့် EVs Model အများစုအား တရုတ်ဈေးကွက်သို့ တင်ပို့ပါမည်။ အထက်ပါ Model များနှင့် အတူ Audi သည် ( ၅ ) မျိုးထက်ပိုသည့် SUV Model အသစ်များကိုလည်း ၂၀၂၅ မတိုင်မီ ဈေးကွက်သို့ရောင်းချ မည်ဖြစ်ပြီး Avents EVs များလည်း ပါဝင်မည်ဖြစ်သည်။ 2020 တွင် EV SUV လောကတွင် ထင်ရှားလာမည့် Model များစွာမှာ – BMW ix 3 ၊ Ford Mach E ၊ Mercedes – Benz EQC ၊ Rivian R 1 T Pickup / R 15 SUV / Tesla Model Y ၊ Volvo XC 40 EV နှင့် Volkswagen I.D Crozz တို့ဖြစ်ကြပါမည်။