Unicode Version…
Audi သည် အဆင့်မြှင့်တင်ထားသည့် TT Sports Coupe နှင့် Roadstar Models များနှင့် TT ၏ နှစ် ( ၂၀ ) ပြည့်နှစ်အထိမ်းအမှတ် Model အသစ်တို့အား မိတ်ဆက် ထုတ်လုပ်လိုက်ပါသည်။ TT Model များအား Face lift အနေဖြင့် ပုံစံအသစ်ဖြစ်သည့် Single – Frame Grille နှင့် Air Intakes အပါဝင် ဆေးရောင်အသစ် ( ၂ ) မျိုးဖြစ်သည့် – ( Turbo Blue / Pulse Orange ) တို့ဖြင့် ထူးခြားစွာ ဖန်တီးထားပါသည်။ အင်ဂျင်အနေဖြင့် ( 40 TFSI 2.0 L Turbo ) နှင့် ( 45 TFSI 20L Turbo ) အင်ဂျင်( ၂ ) မျိုးထည့်သွင်းထားပါမည်။ Gearbox သည် ( 6 – Speed Manual Gearbox ) ဖြစ်ပါသည်။ TTS Version တွင် စွမ်းဆောင်ရည်ပိုကောင်းသည့် ( 2.0 L Turbo ) အင်ဂျင်နှင့် ( 7 – Speed S – Troinc Double Clutch Gearbox ) တို့ကို တပ်ဆင်ထားပါသည်။ Virtual Cockpit ကိုလည်း ပုံစံအသစ်ဖြင့် တွေ့မြင်ရမည်ဖြစ်ကာ Classic နှင့် Infotainment ဟူူ၍ Display Models (၂) မျိူး Standard ပါရှိမည်ဖြစ်ကာ Sport Mode ကိုလည်း မှာယူနိုင်ပါမည်။ 1998 တွင် စတင် မွေးဖွားခဲ့သည့် Audi TT ၏ နှစ် ( ၂၀) ပြည့် TT 20 – Years Edition အား Original Baseball Leather Style အားပြန်လည်ဖန်တီးထားမည်ဖြစ်ပြီး အတွင်းခန်း အပြင်အဆင်အနေဖြင့် Arno Gray / Nano Gray အရောင်စပ်များဖြင့် အထူးဖန်တီးထားပါမည်။ အလားတူ အထူးတံဆိပ် များကို လည်း အမှတ်တရထည့်သွင်းထားမည်အပြင် Black Brakes / 5 – Spoke 19 – inch Wheel, ကဲ့သို့ ထူးခြားသည့်ဖန်တီးမှုများလည်းပါရှိမည့် အဆိုပါ Edition Model အား အစင်းရေ ၉၉၉ စင်းသာ ထုတ်လုပ်မည်ဖြစ်ပြီး ၎င်းတို့တွင် Coupe နှင့် Roadstar Model များပါဝင်ပါမည်။
Zawgyi Version…