Audi သည် နာမည်ကျော် Quattro AWD System ဖန်တီးသည့် နှစ် (၄၀)ပြည့် အထိမ်း အမှတ် အနေဖြင့် Audi T T R S Special Edition ကို ဖန်တီးမည်။ ၎င်းအား T T R S 40 Years of Quattro ဟုလည်း သတ်မှတ်နိုင်သည်။ Audi ၏ နာမည်ကျော် Sport Car အနေဖြင့် ထင်ရှားသည့် T T R S Sport Coupe အားထူးခြားဆန်းသစ်ခြင်းများစွာ ဖြည့်စွက်၍ Limited Production အနေဖြင့် ထုတ်လုပ်ထားခြင်းလည်း ဖြစ်သည်။ အဆိုပါ Special Edition Model တွင် Color Scheme အသစ်များဖြစ်သည့် – White with Red ၊ Black and Silver Hash marks တို့ကို ထူးခြားစွာ ထည့်သွင်းထားမည်ဖြစ်ကာ Quattro Logo နှင့် အတူ 1980 ပြည့်နှစ်များတွင် အလွန်ထင်ရှားခဲ့သည့် Quattro Coupe Rally Car ၏ Black Rocker Panels တို့လည်း ပါဝင်မည်။ Sporty ဖန်တီးမှုများအနေဖြင့် – New Hood Vent ၊ Front Splitter ၊ Side Skirts ၊ Rear Diffuser တို့ကို စုံလင်စွာ ထည့်သွင်းထားပါမည်။ လှပသပ်ရပ်စွာ ခင်းကျင်းထားသည့် အတွင်းခန်းတွင် Alcantara နှင့် White Stitching တို့ ပေါင်းစပ်ထားသည့် Black Leather နှင့်အတူ အပြင်ဖက် ဆေးရောင်နှင့် ကိုက်ညီမည့် Shifter Paint များကိုလည်း ဖန်တီးထားပါမည်။ Carbon Fiber Chassis Brace ပါဝင်သည့် ( Rear Seat Delete Option ) ကိုလည်း မှာယူ နိုင်မည်ဖြစ်ပြီး အဆိုပါ Option သည် သာမန် Chassis ထက် (၃၅ ပေါင် )ခန့်ပါ၍ ပေါ့ပါးပါမည်။ အင်ဂျင်အနေဖြင့် – ( 2.5 L Turbo 5 Cylinder Engine ) ၊ ( 394 hp ) အင်ဂျင်ပါဝင်ပြီး Top Speed သည် ( 174 mph ) ဖြစ်သည်။ ၎င်းအား အစင်း (၄၀)သာ နမူနာ ထုတ်လုပ်မည်ဖြစ်ကာ တန်ဖိုးသည် ( ယူရိုတသိန်းတသောင်းလေးထောင်) ကျသင့်ပါမည်။

27 Oct 2020
0