Audi ဟာ အရိုင်းဆန်ပြီး အံ့ဩလောက်စရာစွမ်းဆောင်ရည်ရှိတဲ့ RS6 Avant station wagon ကိုဖန်တီးထုတ်လုပ်ပြီး သူ့ပရိသတ်တွေကို စိတ်ကျေနပ်မှုအပြည့် ရစေခဲ့ဖူးပါတယ်။ အခုလည်း SUV တွေအပေါ် စိတ်ဝင်စားမှုများလာတဲ့ US ဈေးကွက်က ပရိသတ်တွေအတွက် စွမ်းဆောင်ရည်မြင့် SQ7 နဲ့ SQ8 SUV Model အသစ်တွေကို ထပ်ပြီးဖန်တီး‌ပေးလိုက်ပြန်ပါပြီ။

 

 

US ဈေးကွက်မှာရောင်းမယ့် Model တွေက 4.0 Liter, twin-turbo TDI V8 engine နဲ့‌တော့မဟုတ်ဘဲ 500 horsepower ရှိတဲ့ 4.0-liter twin-turbo V8 engine နဲ့ ထွက်လာမှာဖြစ်ပါတယ်။ Model သစ်နှစ်မျိုးလုံးဟာ 60 mph အရှိန်ကိုရောက်‌အောင်‌မောင်းဖို့ 4.3 စက္ကန့်ပဲအချိန်ယူစရာလိုပြီး Top speed ကတော့ လျှပ်စစ်စွမ်းအင်သုံး ကန့်သတ်ထိန်းကျောင်းမှုပါဝင်ပြီး 155 mph (250 km/h) နှုန်းရှိမှာပါ။

 

 

မောင်းနှင်တဲ့အရှိန် အနိမ့် အမြင့်ကိုလိုက်ပြီး အဆင်ပြေတည်ငြိမ်မှုရှိနေအောင် ထိန်းညှိပေးနိုင်တဲ့ trick all-wheel-steering system၊ ခရီးအနီး အဝေးအားလုံးမှာ အထောက်အကူပြုပေးမယ့် driving mode ပုံစံနဲ့ ယာဉ်ရဲ့ရွေ့လျားနှုန်းကို ထိန်းညှိပေးမယ့် eight-speed Tiptronic စတဲ့လုပ်ဆောင်ချက်တွေ လည်း ပါဝင်နေပါတယ်။

 

 

US ဈေးကွက်ဆီတင်ပို့ရောင်းချမယ့် SQ7 နဲ့ SQ8 တို့ရဲ့ ဈေးနှုန်းကို Audi က မကြေညာရ သေးပေမဲ့လည်း အရွယ်အစားကြီးတဲ့ Luxury-performance SUV Type တွေဖြစ်‌နေလို့ ဈေးများမှာက‌ သေ‌ချာ‌သလောက်ပါပဲ။ ဥရောပ‌ဈေးကွက်ကို‌ရောင်းတဲ့ SQ7 Model ရဲ့ဈေးနှုန်းက € 94900 ကနေစတဲ့အခြေအနေမှာ US ဈေးကွက်ကိုရောင်းတဲ့ Q7 Model ရဲ့ဈေး $53550 ကစတာဖြစ်ပါတယ်။ SQ7 နဲ့ SQ8 model‌ သစ်တွေရဲ့ဈေးနှုန်းအတိအကျကိုတော့ စရောင်းခ်မယ့်အချိန်ကာလဖြစ်‌တဲ့ ၂၀၂၀ နွေဦးနှောင်းပိုင်းမှပဲ Audi က တရားဝင်ထုတ်ပြန်ပေးသွားမှာပါ။

 

Ref: Motor1 “2020 Audi SQ7, SQ8 Coming To America With 500-HP V8 Engine”

 

 

(Zawgyi)

 

500 HP V8 Engine နဲ႔ပြဲထြက္လာမယ့္ Audi ရဲ႕ SQ SUV Model သစ္မ်ား

Audi ဟာ အ႐ိုင္းဆန္ၿပီး အံ့ဩေလာက္စရာစြမ္းေဆာင္ရည္ရွိတဲ့ RS6 Avant station wagon ကိုဖန္တီးထုတ္လုပ္ၿပီး သူ႔ပရိသတ္ေတြကို စိတ္ေက်နပ္မႈအျပည့္ ရေစခဲ့ဖူးပါတယ္။ အခုလည္း SUV ေတြအေပၚ စိတ္ဝင္စားမႈမ်ားလာတဲ့ US ေဈးကြက္က ပရိသတ္ေတြအတြက္ စြမ္းေဆာင္ရည္ျမင့္ SQ7 နဲ႔ SQ8 SUV Model အသစ္ေတြကို ထပ္ၿပီးဖန္တီး‌ေပးလိုက္ျပန္ပါၿပီ။

 

 

US ေဈးကြက္မွာေရာင္းမယ့္ Model ေတြက 4.0 Liter, twin-turbo TDI V8 engine နဲ႔‌ေတာ့မဟုတ္ဘဲ 500 horsepower ရွိတဲ့ 4.0-liter twin-turbo V8 engine နဲ႔ ထြက္လာမွာျဖစ္ပါတယ္။ Model သစ္ႏွစ္မ်ိဳးလုံးဟာ 60 mph အရွိန္ကိုေရာက္‌ေအာင္‌ေမာင္းဖို႔ 4.3 စကၠန႔္ပဲအခ်ိန္ယူစရာလိုၿပီး Top speed ကေတာ့ လွ်ပ္စစ္စြမ္းအင္သုံး ကန႔္သတ္ထိန္းေက်ာင္းမႈပါဝင္ၿပီး 155 mph (250 km/h) ႏႈန္းရွိမွာပါ။

 

 

ေမာင္းႏွင္တဲ့အရွိန္ အနိမ့္ အျမင့္ကိုလိုက္ၿပီး အဆင္ေျပတည္ၿငိမ္မႈရွိေနေအာင္ ထိန္းညႇိေပးႏိုင္တဲ့ trick all-wheel-steering system၊ ခရီးအနီး အေဝးအားလုံးမွာ အေထာက္အကူျပဳေပးမယ့္ driving mode ပုံစံနဲ႔ ယာဥ္ရဲ႕ေ႐ြ႕လ်ားႏႈန္းကို ထိန္းညႇိေပးမယ့္ eight-speed Tiptronic စတဲ့လုပ္ေဆာင္ခ်က္ေတြ လည္း ပါဝင္ေနပါတယ္။

 

 

US ေဈးကြက္ဆီတင္ပို႔ေရာင္းခ်မယ့္ SQ7 နဲ႔ SQ8 တို႔ရဲ႕ ေဈးႏႈန္းကို Audi က မေၾကညာရ ေသးေပမဲ့လည္း အ႐ြယ္အစားႀကီးတဲ့ Luxury-performance SUV Type ေတြျဖစ္‌ေနလို႔ ေဈးမ်ားမွာက‌ ေသ‌ခ်ာ‌သေလာက္ပါပဲ။ ဥေရာပ‌ေဈးကြက္ကို‌ေရာင္းတဲ့ SQ7 Model ရဲ႕ေဈးႏႈန္းက € 94900 ကေနစတဲ့အေျခအေနမွာ US ေဈးကြက္ကိုေရာင္းတဲ့ Q7 Model ရဲ႕ေဈး $53550 ကစတာျဖစ္ပါတယ္။ SQ7 နဲ႔ SQ8 model‌ သစ္ေတြရဲ႕ေဈးႏႈန္းအတိအက်ကိုေတာ့ စေရာင္းခ္မယ့္အခ်ိန္ကာလျဖစ္‌တဲ့ ၂၀၂၀ ေႏြဦးေႏွာင္းပိုင္းမွပဲ Audi က တရားဝင္ထုတ္ျပန္ေပးသြားမွာပါ။

 

Ref: Motor1 “2020 Audi SQ7, SQ8 Coming To America With 500-HP V8 Engine”