တောင်ကိုရီးယားဈေးကွက်တွင် ရောင်းချသည့် Hyundai I Max ၏ အစားထိုး Model ဖြစ်သည့် New Hyundai Staria အား Australia တွင် ရောင်းချလိုက်ကာ ၎င်းအား April တွင် မိတ်ဆက်ခဲ့ပါသည်။ New Staria သည် 3 – Rows ၊ 8 – Seater Type ဖြစ်ပြီး AWD System ပါဝင်မည်ဖြစ်ကာ Trim Level ( ၃ ) မျိုးရနိုင်ပါမည်။ New Staria အား Platform အသစ် ၊ Diesel Engine အသစ်တို့ဖြင့် ဖန်တီးထားပြီး Premium Level အနေဖြင့် ထုတ်လုပ်ထားပါသည်။ 2022 Hyundai Staria တွင် ( Staria ၊ Elite ၊ Highlander ) ဟူ၍ Trim Level ( ၃ ) မျိုးပါဝင်ကာ ( 3.5 L MPi Engine with FWD ) နှင့် ( 2.2 L CRDI Engine with AWD ) ဟူ၍ အင်ဂျင် ( ၂ ) မျိုး ပါဝင်မည်။ အဓိကပါဝင်မည့် Feature များအနေဖြင့် – Dual Power Sunroof ၊ အပူ / အအေးပေး စနစ်ပါဝင်သည့် အရှေ့ထိုင်ခုံများ ၊ ( 10.25 – inch LCD Cluster ) ၊ ( Blind – Spot View Monitor ) တို့ပါဝင်မည်။ ( 2.2 L CRDI Engine ) သည် ဒီဇယ်ဖြစ်ကာ ( 3.5 L MPi Engine ) သည် ဓာတ်ဆီအင်ဂျင်ဖြစ်ပါမည်။ Gear Box အနေဖြင့် ( 8 – Speed Torque Converter Gearbox ) ကို တပ်ဆင်ထားပါသည်။ ၎င်းတွင် အဆင့်မြင့်နည်းပညာသုံး လုံခြုံရေးစနစ်များစွာပါရှိမည်ဖြစ်ကာ – Blind – Spot Collision Avoidance Assist ၊ ယာဉ်မောင်းသတိပေးစနစ် ၊ Forward Collision Assist ၊ Haptic Warning Function ၊ Lane Following Assist ၊ Lane Keeping Assist Smart | Cruise Control with Stop and Go | ပတ်လည်မြင်ကွင်းကြည့်ကင်မရာ | စသည်တို့ အဓိကပါဝင်သည်။ New Hyundai Staria သည် ဘက်စုံသုံး Model အနေဖြင့် Australia ဈေးကွက်တွင် ထင်ရှားလာမည့် Model ဟု ဆိုရပါမည်။