တရုတ်အခြေစိုက် BYD သည် Yuan Plus EV SUV အား Australia ဈေးကွက်တွင် 2022 BYD Atto 3 New Badged  အနေဖြင့် ရောင်းချမည်ဟု ဒေသအခြေစိုက် Nexport ရင်းမြစ်မှ ပြောကြားပါသည်။ ကားအမှာစာ Order အား 2022 Feb 19 မှ စတင် Booking တင်နိုင်မည်ဖြစ်သည်။ BYD အနေဖြင့် ယခုတင်ပို့ရောင်းချမည့် 2022 BYD Atto 3 SUV အား Australia ၏ 2021 EV SUV ဈေးကွက်တွင် ဒုတိယရောင်းအား အကောင်းဆုံးဖြစ်သည့် MG ၏ ZS EV Model ကို အဓိကယှဉ်ပြိုင်ရန် ရည်ရွယ်ထားပါသည်။ တရုတ်တွင်ရောင်းချသည့် Yunan Plus Version တွင် ( 150 kw / 360 Nm ) ရှိသည့် Motor တလုံးအား အရှေ့ဘီးကြားတွင် ထည့်သွင်းထားပြီး ၎င်း၏ Performance သည့်  ( 0 -100 km/h) အား ( 7.2 Seconds ) ဖြင့် ရောက်ရှိနိုင်သည်။ Top Speed သည် ( 160 km/h ) ဖြစ်သည်။ Battery အနေဖြင့် Blade Battery ( ၂ ) လုံး ပါဝင်ကာ – ( 50.1 kWh ) နှင့် ( 60.5 kWh ) တို့ရရှိပါမည်။ ၎င်း Battery တို့သည် CLTC Testing Cycle စမ်းသပ်မှုအရ – ( Ranges of 430 km and 510  km ) ခန့် ရရှိပါသည်။

 

2022 Atto 3 ၏ အသေးစိတ် အချက်အလက် များကိုမူ မကြာခင် BYD မှ ထပ်မံကြေငြာပါမည်။ Australia ဈေးကွက်တွင် EV Model အသစ်များစွာသည် 2021 April မှ စတင်၍ တိုးတက်ရောင်းချလာခဲ့ပါသည်။ ထို့ကြောင့် BYD အနေဖြင့် ယခုအခါ 2022 Atto 3 EV SUV ဖြင့် ဖွံ့ဖြိုးတိုးတက် နေသည့် Australia EV Trend အတွင်း ပါဝင်လာခြင်းဖြစ်သည်။ ယခုလက်ရှိ Australia ဈေးကွက်တွင် BYD ၏ EA 1 Hatchback သည်များစွာ ထင်ရှားလျက်ရှိပြီး အသစ်ဝင် ရောက်လာမည့် Atto 3 EV SUV သည်လည်း လူကြိုက်များသည့် Model တခုဖြစ်လာနိုင်ဖွယ် ရှိပါသည်။

#DriveMediaMyanmar